နေပြည်တော် ရန်အောင်မြင်ဂေါက်ကွင်း |
အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ဂေါက်ရိုက်ကစားခြင်းအတွက် တင်ပြလို ပါတယ် အားကစားနည်းတစ်ခုကို ဆန့်ကျင်ခြင်းမဟုတ်ပါကြောင်; နားလည်စေ ချင်ပါတယ် ဂေါက်ကစားခြင်း၏ ကုန်ကျစရိတ်ကို အယ်ဒီတာကြီး သိမည်ဖြစ်ပါတယ်ခင်ဗျား။
ဒါက အကြောင်းမဟုတ်သေးပါ။
အစိုးရသစ်လက်ထက်တွင် Clean Government, Good Governance ကို ဖော်ဆောင်လျှက်ရှိရာ ရုံးဖွင့်ရက်တွင် နံနက် 09း00 နာရီနှင့် 163း0 နာရီအကြား ကစားခြင်းမှာကောင်းသောအစိုးရ လုပ်ငန်းဖော်ဆောင်ခြင်းနှင့် ဆန့်ကျင်နေပါသည်။
ရံဖန်ရံခါ ဌာနလေးလပတ်၊ နှစ်ချုပ်အစည်းအဝေးအထိမ်းအမှတ် အနေဖြင့် ကစားခြင်းမှာ စည်းရုံးရေးအရ ကောင်းမွန်ပါတယ်၊
နေ့စဉ် ရုံးစောဆင်းပြီး လက်အောက်ဝန်ထမ်းများရှေ့မှာ ဂေါက်ရိုက်ထွက်တာ နိုင်ငံတော်ရဲ့ ဖော်ဆောင်လုပ်ငန်းကိုရော အလုပ်လုပ်နေတဲ့ လက်အောက်ဝန်ထမ်းများကိုပါ စော်ကားရာကျပါတယ်။
ဂေါက်ကွင်းတာဝန်ခံများသည်လည်း အစိုးရ ၀န်ထမ်းများဖြစ်ရာ ရုံးချိန်အတွင်း ဌာနအကြီးအကဲများ ဂေါက်လာကစားခြင်းသည် လာကစားသူအနေနဲ့ လဲ ရှက်စရာဖြစ်ပါသည် ၄င်းဌာနလဲ သိက္ခာကျပါတယ်။
လက်အောက်ဝန်ထမ်းများမှ တင်ပြချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ရေး နှောင့်နှေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရသောလုပ်ငန်း များ ကြန့်ကြာနိုင်သလို မှားယွင်းနိုင်ပါတယ်၊
သူတို့  ကစားပြီးချိန်အထိ စောင့်နေရတော့ အောက်ဝန်ထမ်းတွေ နစ်နာပါသည်၊
ဝန်ကြီး၊ MD,DG၊ ညွှန်မှူးများမှာ စစ်တပ်မှ ပြောင်းရွှေ့လာသူပိုများရာ အရပ်သားဝန်ထမ်းများ(အရာရှိ/အခြားအဆင့်)မှ ကြောက်ရွံ့မှုရှိကြပါသည်။
Prisedentများ၊ လွှတ်တော်လူကြီးများတောင် မိမိတို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းကို ကိုယ်ပိုင်ချိန်မအားသည့် အကြားမှပဲ ဆောင်ရွက်ကြရာ ၀န်ကြီးများနှင့် MD,DG များအနေဖြင့် မလုပ်သင့်ကြပါငွေကြေးနှင့်ပတ် သက်ဆောင်ရွက် ရသောဌာန(ုစီးပွားရေး/ ဘဏ္ဍာရေး/ ကန်ထရိုက်)များမှ အကြီးအကဲများ ကစားပါက အလုပ်များအတွက် နစ်နာဆုံးရှုံးမှူတွေပင် ဖြစ်စေနိုင်ပါသည်။
နိုင်ငံတော် Prisedentထံသို့ mediaမှတစ်ဆင့် တင်ပြစေလိုပါတယ်။
မဟုတ်ပါက ဌာန/ နာမည်ဖြင့် တင်ပြက နစ်နာစေနိုင်သဖြင့် ဖြစ်ပါတယ်။
သို့မှသာ အစိုးရဌာနများတွင် အထက်အောက်ကြည်ညိုလေးစားမှုရြှိ ကပြီး လုပ်ငန်းတိုးတက်နိုင်မှာပါ
နိုင်ငံအကျိုးမျှော်ကိုးတင်ပြ ခင်းဖြစ်ပါတယ်။
တိုင်းပြည်ချစ်သူတစ်ဦးအနေဖြင့် ဂျာနယ်များကို ယုံကြည်လေးစားတင်ပြစေတာပါ။
နိုင်ငံတော်အကြီးအကဲသိစေရန်နှင့်  ၀န်ကြီးများ၊ MD,DG ကြီးများ ပြုပြင်လျှင် ကျေနပ်ပါသည်။
လေးစားစွာဖြင့်
နေ့စဉ် ရုံးစောဆင်းပြီး လက်အောက်ဝန်ထမ်းများရှေ့မှာ ဂေါက်ရိုက်ထွက်တာ နိုင်ငံတော်ရဲ့ ဖော်ဆောင်လုပ်ငန်းကိုရော အလုပ်လုပ်နေတဲ့ လက်အောက်ဝန်ထမ်းများကိုပါ စော်ကားရာကျပါတယ်။
ဂေါက်ကွင်းတာဝန်ခံများသည်လည်း အစိုးရ ၀န်ထမ်းများဖြစ်ရာ ရုံးချိန်အတွင်း ဌာနအကြီးအကဲများ ဂေါက်လာကစားခြင်းသည် လာကစားသူအနေနဲ့ လဲ ရှက်စရာဖြစ်ပါသည် ၄င်းဌာနလဲ သိက္ခာကျပါတယ်။
လက်အောက်ဝန်ထမ်းများမှ တင်ပြချက်များအပေါ် ဆုံးဖြတ်ချက်ချမှတ်ရေး နှောင့်နှေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရသောလုပ်ငန်း
သူတို့  ကစားပြီးချိန်အထိ စောင့်နေရတော့ အောက်ဝန်ထမ်းတွေ နစ်နာပါသည်၊
ဝန်ကြီး၊ MD,DG၊ ညွှန်မှူးများမှာ စစ်တပ်မှ ပြောင်းရွှေ့လာသူပိုများရာ အရပ်သားဝန်ထမ်းများ(အရာရှိ/အခြာ
Prisedentများ၊ လွှတ်တော်လူကြီးများတောင် မိမိတို့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းကို ကိုယ်ပိုင်ချိန်မအားသည့် အကြားမှပဲ ဆောင်ရွက်ကြရာ ၀န်ကြီးများနှင့် MD,DG များအနေဖြင့် မလုပ်သင့်ကြပါငွေကြေးနှင့်ပတ်
နိုင်ငံတော် Prisedentထံသို့ mediaမှတစ်ဆင့် တင်ပြစေလိုပါတယ်။
မဟုတ်ပါက ဌာန/ နာမည်ဖြင့် တင်ပြက နစ်နာစေနိုင်သဖြင့် ဖြစ်ပါတယ်။
သို့မှသာ အစိုးရဌာနများတွင် အထက်အောက်ကြည်ညိုလေးစားမှုရြှိ
နိုင်ငံအကျိုးမျှော်ကိုးတင်ပြ
တိုင်းပြည်ချစ်သူတစ်ဦးအနေဖြင့် ဂျာနယ်များကို ယုံကြည်လေးစားတင်ပြစေတာပါ။
နိုင်ငံတော်အကြီးအကဲသိစေရန်နှင်
လေးစားစွာဖြင့်
ဝန်ထမ်းတဦး၏ပေးစာကို မူရင်းအတိုင်းဖေါ်ပေးလိုက်ပါသည်။
Myanmar News Now
အစိုးရဌာနဆိုင်ရာ အကြီးအကဲများ ရုံးချိန်အတွင်း ဂေါက်ရိုက်ကစားခြင်း (ပေးစာ)
Reviewed by သစ်ထူးလွင်
on
17:37
Rating:
17 comments:
လက်ယားပြီး ဂေါက်သွားရိုက်မယ့်အချိန်ကို ရုံးမှာထိုင်ပြီး အလုပ်တွေလက်စဖြတ်လိုက်ရင် တိုင်းပြည်အတွက် အကျိုးရှိတာကို နားမလည်တာ ဘယ်လိုများ DG MD, Minister ဖြစ်လာကြလဲမသိဘူး
ဒီလူတွေက အကျင့်ပါဘီ...အယင်က မနက်စောစော အထက်လူကြီးဆီကနေ
ဘရေသဘင် အသီးခံရတယ်...ပြန်ရောက် ထမင်းစားပီးယင် ဒုဝန်ကြီးဆီ
ဘရေသဘင် ကိုယ်က ပေးရတယ်...ဒုဝန်ကြီးဆီကနေ အမ်ဒီ တွေကို ထပ်ပေး...
အောက်မှာ အလုပ်လုပ်မဲ့သူကို ညနေ ၄နာရီ မှ ရောက်တယ်...အောက်ကမောင်
တွေက ပြန်ဘို့ အထုပ်ထုပ်ပီးဘီ...ဒီမှာ တိုင်းပြည်အတွက်ဆို အိုဗာတိုင်လုပ်ရတာ
အောက်ရုံးတွေက စစ်ဗိုလ်တွေဆိုယင် ည ၁၁ အထိ မပီးနိုင်တဲ့ အစည်းအဝေး
လုပ်ရတယ်...အောက်ဆုံးက ဆရာလေးတွေက မထူးဘူးဆိုပီး..အစည်းဝေး
ပီးတာနဲ့ ကာရာအိုကေ သွားကဲပစ်တာ....
ဒီလူတွေနဲ့ ဒီအချိုး ဘယ်တော့ ပျောက်မှာမဟုတ်ဘူး...
နောက်ဆုံးကုန်ကျ စရိတ် ပြည်သူခံပေတော့...
ဝေးလေကောင်းလေ ဂေါက်သီးတွေ
အေးလေ ဆ၇ာဝန်ကြီးတွေကျ ရုးံချိန် မှာ အ ပြင်ဆေးခန်းမထိုင်ရဘူးဆိုပြီးတော.
ဂေါက်သီး ဂေါက်ရိုက်တာ ဆန်းလို့လားဗျာ၊ ရိုက်ကြပါစေ
ဂေါက်ကွင်းဧ။်ဝင်ငွေ ..
ဌာနအတွင်း လာဒ်ပေး လာဒ်ယူမှု့ မဖြစ်ဖို့.. လောင်စာဆီ ခွဲတမ်းမှ အစပြုပြီး ပေးသင့် ရသင့်သည့် ငွေကြေးတို့ကို ဂေါက်ကွင်း၌ ပေးချေခြင်း(လာဒ်ပေး လာဒ်ယူ မှုမမြောက်သည့် ကစားနည်း)အရှုံးခံ ကစားခြင်း နည်းဖြင့်အကြင့်ပျက်ချစားမှု့များ မဖြစ်ပွားအောင် ထိမ်းသိမ်းသင့်ပါသည်။
ဝန်ကြီးတွေ ၀န်ကြီးတွေ အလုပ်တာဝန်ကြီးကြီးတွေထမ်းရလို့ ၀န်ကြီးလို့ ခေါ်တာနေမှာ....အခုတော့လဲ မနက်မိုးလင်းတာနဲ့ ၀န်းကြီးတွေ ဂေါက်သွားပြီ.....
ဝန်ကြီးတွေကို ဒီလိုဖြစ်လာလိမ့်မယ်လို့ အစက ထင်မထားဘူး.....အခုတော့ ၀န်ကြီးအားလုံး ဂေါက်သွားပြီ........
ဂေါက်ရိုက်တယ်ဆိုတာ လူကြီးတွေကစားတဲ့ အားကစားဆိုကြသေးသဗျာ၊ ကလေးတွေအတွက်ကျတော့ ဘောလုံးကွင်းမပြောနဲ့ ကျွန်တော်တို့ ငယ်ငယ်က ရှိခဲ့ဖူးတဲ့ ရပ်ကွက်ပန်းခြံလေးတွေတောင် အရက်ဆိုင်တန်းနဲ့ ကာရာအိုကေဆိုင် တွေဖြစ်ကုန်ပြီ။ ရပ်ကွက်က ပန်းခြံလေးတွေထဲမှာ အရင်တုန်းကမှ လျှောလေးတွေ၊ ဒါန်းလေးတွေရှိသေးတယ်။ ကလေးတွေအတွက် နေရာမပေးချင်တဲ့ စိတ်က အရိုးစွဲနေကြပြီထင်ပါတယ်ဗျာ၊ ကလေးတွေကို နေရာပေးရမယ်၊ စင်ကာပူမှာဆို အိမ်တွေအောက်တိုင်းမှာ ကလေးကစားကွင်းလေးတွေရှိတယ် လူကြီးတွေ လူလတ်တွေ အားကစားလေ့ကျင့်နိုင်ဖို့ နေရာတွေရှိတယ်။ ကလေးကစားကွင်းက ပစ်စလက်ခတ် လုပ်ထားတာမဟုတ်ဘူးနော်။ ကလေးတွေမတော်တဆပြုတ်ကျရင်တောင် မနာအောင်လုပ်ပေးထားတယ်။ လူကြီးတွေ ဂေါက်သီးရိုက်တာ ပိုက်ဆံအများကြီးကုန်ပါတယ်၊ ဂေါက်သီးဆိုတာ ဂေါက်ပင်က အသီးမှမဟုတ်တာ အလကားခူးပြီးရိုက်လို့မရဘူးလေ၊ ကလေးကစားကွင်းလေးတွေက တစ်ခါသေချာလုပ်ပြီးသွားရင် အမြဲတမ်းကစားဖို့ အဆင်ပြေပါတယ်။ အနာဂတ်ကိုတောက်ပစေချင်ရင် ကလေးတွေကို နေရာပေးစေချင်ပါတယ်။
ပြည်သူတွေနဲ့အောက်ခြေ၀န်ထမ်းများဆင်းရဲကြပ်တည်းနေချိန်မှာမျက်နှာပြောင်တိုက် မရှက်ကြဘူးလားဗျာ...ဗိုလ်ချုပ်အောင်ဆန်းကတော့ပြောခဲ့ဘူးတဲ့စကားတစ်ခွန်းရှိတယ် ပြည်သူတွေ ဆင်းရဲရင် သူဆင်းရဲနေသလိုဘဲတဲ့...ခေါင်းဆောင်ကောင်းစိတ်ဓါတ်မွေးနိုင်ကြပါစေ။
ဗိုလ်ချုပ် နဲ့ ကျေးဇူးပြုပီးမနှိုင်းကြပါနှင့် ....မတူမတန်လွန်းလို့ ပါ..
ကလေး များ ကို နေရာပေးရင်း သူတို့ နေရာပျောက်မှာစိုးလို့ နေမှာပေါ့..
ခုတော့  နေရာတကာ ဘီယာဆိုင်တွေချည်းသာ.........
အင်းးး..............
ရင်လေးစရာ....
wish myanmar people good luck!
ခုမှပဲသဘောပေါက်တယ်၊ လက်မှတ်ထိုးရမဲ့လူကြီး အစည်းအဝေးသွားတယ်၊ Meeting ရှိတယ် ဘာညာကွိကွတွေနဲ့ ပြည်သူတွေကိုစောင့်ခိုင်းတာနေကုန်။ ထမင်းကိုငတ်ရော။
ဝန်ကြီးဆိုတာ ပြည်သူလူထုအတွက် ၀န်ထုပ်ဝန်ပိုးကြီးတွေဖြစ်လို့ ၀န်ကြီးလို့ခေါ်တာပေါ့။ ဘာမှလည်းမသိကြဘူး။
ဂေါက်ရိုက်တာပိုက်ဆံဘယ်လောက်မှမကုန်ပါဘူး ဈေးပေါပေါကွင်းမှာကစားကြပါတယ် 4 နာရီခွဲနောက်ပိုင်းမှကစားကြတာပါ အားရက်ကြမှသာမနက်ပိုင်းကစားကြတာပါ ချင့်ချိန်ပြီးယုံကြပါ
လရောင်ဝါ
ယူက ဂေါက်သီးလား .. အယ် ဟုတ်ပါဘူး.. ယုက သိနေရအောင် ၀န်ကြီးလား... ဒါမှမဟုတ် ၀န်ကြီးရဲ့ ဂေါက်အိတ်ထမ်းပေးသူလား.. ဒါမှမဟုတ် ဂေါက်သီးကောက်ပေးသူလား... ဒါမှမဟုတ်.....
လရောင်ဝါရေ
ကျုပ်သိတာကတော့ ဂေါက် တစ်ရက်ရိုက်ရင် အနည်းဆုံး ၁၅၀၀၀ (ကျပ်တစ်သောင်းခွဲ) တော့ ကုန်ပါတယ်... ဘာမှမပါသေးပါဘူး...
ရိုက်ပြီး တစ်နေရာရာ ချိန်း၊ တစ်ခုခုသောက်၊ ပြီးရင် တစ်ခုခုလုပ်...
ဒါတွေမပါသေးပါဘူး
တစ်သောင်းခွဲဆိုတာ အပျင်းပြေကိစ္စအတွက်နဲ့ သုံးနေရတယ်ဆိုရင် တစ်နေ့ ၁၅၀၀ တောင် ၀င်ငွေမရှိတဲ့သူအတွက် ငဲ့ညှာသင့်ပါတယ်... ဘယ်လောက်မှ မကုန်ဘူးလို့တော့မပြောပါနဲ့.. ကိုယ်ချင်းမစာရာကျပါတယ်....
လရောင်ဝါရေ
တစ်ခါရိုက် ၁၅၀၀၀ ဆိုတာထားပါ၊ ဘာအကြောင်းနဲ့ ရုံးချိန်ဂေါက်ရတာလဲ..
သြော်မှားလို့ ဂေါက်သွားရိုက်ရတာလဲရှင်းပြပါ၊ ဗဟုသုတနည်းတယ်လေ နောက်ပြီး တကယ်လို့သူသွားချင်ရင် တခြားဝန်ထမ်းငယ်တွေကိုရော ပေးမသွားသင့်ဘူးလား၊ ဒါမှမဟုတ်သူကဘာတာဝန်မှမယူထားတာလား၊ ဒါမှမဟုတ်အလုပ်ကိုမရှိတာလား....ဖြေပါဦးဗျာ နားမလည်ဗဟုသုတနည်းလို့ပါ....
Post a Comment