မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့်ကွင်း |
အဲဒီကွင်းကိုတော့ စည်ပင်က ရှင်းလင်းနေတာတယ်ဗျ..
လမ်းကတော့ ဖုန်တထောင်ထောင်နဲ့ ၀င်ရလာရမယ့်လမ်းပါ။
ကွင်းဘေး ပတ်ပတ်လည်ကတော့ ကျုးကျော်တဲ လေးတွေများပါတယ်။
အဲဒီကွင်းကိုလာရင် ကြံခိုင်ရေး က တည်ဆောက်ထားတဲ့ အောင်ဇေယျာ တံတားလေးကို
ကျော်ပြီး ၀င်လာရပါတယ် :)... အဲဒီကွင်းကို သွားကြည့်လိုသူများ သိပ္ပံလမ်း အတိုင်း လာပါ..
၅၆ လမ်း ရောက်ရင် ညာဘက်ကွေ့ပြီး..တောင်ဘက်ကို
( ၅ မိနစ်) လောက်မောင်းလာရင် လမ်းရှေဘက်မှာ လဲ့လဲ့ ဆိုတဲ့ အလှပြင်ဆိုင်ကိုတွေ့ရင်
အောင်ဇေယျာ လမ်းရောက်ပြီး...အဲဒါဆို အရှေဘက် တည့်တည့် တာ မောင်းခဲ့ပါ.
စည်ပင်တွေ ကော SB တွေပါ လှုပ်လှုပ် ကွင်းထဲမှာ နဲ့ ရှိနေပါလိမ့်မယ် ;) အဲဒါကတော့ အမေ စု မန်းလေးမှာဟောပြောမယ့် ကွင်းကိုရောက်ပါပြီး။
Swar Lay - facebook
မန္တလေးမှာ ဒေါ်အောင်ဆန်းစုကြည် လူထုဟောပြောပွဲပြုလုပ်မည့် ကွင်းလမ်းညွှန်
Reviewed by သစ်ထူးလွင်
on
15:20
Rating:
8 comments:
ကြံခိုင်ရေးက ဆောက်ထားတဲ့ အောင်ဇေယျာတံတားဆိုတာဘာလဲ ပြည်သူ့ဘဏ္ဍာ နဲ့ဆောက်ပြီး ကြံဖွတ်နာမည်တတ်ထားတာမဟုတ်လား... ကြံဖွတ်ပါတီငွေဆိုတာ ပြည်သူ့ဘဏ္ဍာ ငွေတွေချည့်မဟုတ်ဘူးလား...
အမေစု အတွက် လူမရွေး၊ နေရာမရွေး၊ အချိန်မရွေးပါဘဲ၊ အမေစုက သူ့စိတ်ထဲမှာ ပြည်သူကောင်းဘို့ ပဲ ရှိတာ ဆိုတော့ သူ့အတွက် ပြည်သူက အဓိကပါ။
လိမ္မာစပြုလိုက် ရသလောက်လေးပြန်ဆိုးလိုက်နဲ့
ဝမ်းသာမယ် မကြံသေးဘူး မြွေပေါက်မဲ့ ကိန်းကြုံနေရတယ်ကွာ
NLD ဘာလိုနေလဲ
ကြံခိုင်ေ၇းကငွေထုတ်ချေးနေတယ်
ငွေချေးပြီး၇င်းသူ့ကိုမဲထည့်ဖို့၈၀%လောက်ကြိန်းသေသွားပြီ
ဒီပါတီကိုလျော့မတွက်နဲ့
မဲလိမ်လို့နိင်တာကနဲနဲ မြန်မာပြည်သူအများစုကလမ်းခင်းပေးတာကိုကျေး
ဇူး၇ှင်ဆိုပြီးမဲထည့်ခဲ့ကြတာ
အဖြစ်မှန်ကိုသေချာစုံစမ်းပါ ပြိုင်ဘက်ကိုအထင်မသေးနဲ့
မန္တလေးတိုင်းဒေသကြီး ကြံ့ခိုင်ရေးလွှတ်တော် အမတ်ကတော့ ပြောပါသည်။
မန္တလေးတိုင်းဒေသကြီးမှာ NLDမဲနိုင်ရန် မလွယ်ကူကြောင်း....ဘာလို့လည်းဆိုတော့ မြို့ပေါ်လူထု ၃၀%ကသာ ထောက်ခံနိုင်ကြောင်း.....ကျေးရွာလူထု ၇၀%ကတော့ ကြံ့ခိုင်ရေးကိုထောက်ခံကြမှာဖြစ်လို့ဖြစ်ကြောင်း....ဘာလို့လည်းဆိုတော့ ကျေးရွာလူထုကို ဆင်းရဲမွဲတေမှု ကျဆင်းအောင် ကြံ့ခိုင်ရေးက လက်တွေ့ဆောင်ရွက် ကူညီပေးထားလို့ဖြစ်ကြောင်း...ဒါကြောင့် တောနေလူအများစုက ကြံ့ခိုင်ရေးကိုပဲ မဲပေးကြမှာဖြစ်လို့ NLD မနိုင် နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြောင်းပါခင်ဗျာ......
ကိုရွှေမန်းသားရေ၊ အစ်ကို့ကြံ့ဖွတ်အမတ် တကယ်တမ်းပြောချင်တဲ့အဓိပ္ပါယ်က မြို့ပေါ်မဲရုံတွေမှာ မဲခိုးရမလွယ်လို့ရှုံးနိုင်ပေမယ့် တောမဲရုံတွေကတော့ အချဉ်ပါ လို့ပြောချင်တာနဲ့တူပါတယ်ဗျာ။
ဖြစ်နိုင်ပါတယ်... မြန်မာနိုင်ငံသားတွေ (ကျေးလက်) မှာ နိုင်ငံရေးအမြင်သိပ်မကျယ်သေးဘူး... ဘယ်သူတက်တက် တို့ကတော့ ဒီလိုပဲနေရမှာပါဆိုတဲ့ အတွေးတွေ.. အပြောတွေ ကြားနေရတယ်... ပြည်သူတွေကို နား မျက်စိပွင့်အောင် လုပ်ပေးဖို့လိုပါတယ်...
Post a Comment