သရုပ်ဆောင်ရဲတိုက်က
အန်အယ်လ်ဒီပါတီကို ၀င်ဖို့ ဆုံးဖြတ်လိုက်ကြောင်း မီဒီယာ ကို ယနေ့
ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ အန်အယ်လ်ဒီပါတီ ၀င်ဖို့ဆုံးဖြတ်တဲ့အကြောင်းနဲ့
ပတ်သက်ပြီးYPI က ဆက်သွယ် မေးမြန်းထားတာကို ဖေါ်ပြပေးလိုက်ပါတယ်။
YPI။ ။ကိုရဲတိုက်ကပါတီဝင်မယ်ဆိုတော့ ပါတီဝင်ပြီး NLD ကို ထောက်ခံတာနဲ့ မဝင်ဘဲနဲ့ထောက်ခံတာနဲ့ ဒီတိုင်းဘယ်အရာက ထူးခြားမယ်ထင်လို့ အစ်ကိုဝင်တာလဲ။
ရဲတိုက်။ ။ပထမဦးဆုံးအမေစုပြောတဲ့စကားတစ်ခွန်းကိုသတိရမိပါတယ်။ အနုပညာရှင်တွေလဲ တာဝန်ရှိတယ်လို့ Freedome (Freedom film festival) မှာအမေ ပြောသွားတာ။ အဲ့ဒီတာဝန်ကို ကျွန်တော် အရင် ကျေအောင် ကြိုးစားရင်းနဲ့ ကျန်တာတွေကိုပါ တာဝန်ယူချင်လာတယ်။ အပြင်အနုပညာ ရှင်အနေနဲ့ အားပေးတာထက် ပါတီဝင်ပြီးတော့ အားပေးတာပိုပြီးတော့ အားကိုးရမယ် မျှော်လင့်ပါတယ်။ အဲ့ဒါကြောင့် ကျွန်တော် ပါတီဝင်ဖြစ်တာပါ။
YPI။ ။ ရှမ်းပြည်နယ်ဘက်ကိုသွားဖို့ရှိတယ်ဆိုတော့ အောင်နိုင်ရေးတွေအတွက် ကူညီဖို့တွေရှိ လား၊ အခြားဘာတွေ ကူညီဖို့ရှိသေးလဲ။
ရဲတိုက်။ ။ ကျွန်တော်တတ်နိုင်တဲ့ဘက် ၊တတ်နိုင်တဲ့နေရာကနေ အကုန်လုံး ကူညီသွားမှာပါ။ ရှမ်းပြည်နယ်မှ မဟုတ်ပါဘူး ။ ဒေါ်အောင်ဆန်းစုကြည် ဘယ်သွားသွား ကျွန်တော်တို့ အနုပညာရှင်တွေကို လိုက်သင့်တယ်၊ လိုက်ခဲ့ဖို့ခေါ်ရင် လိုက်မှာပါ။
YPI။ ။ NLD ပါတီကို အခုလက်ရှိအခြေအနေမျိုးမှာ ဘာလို့ဝင်ချင်စိတ်ပေါက်ရတာလဲ။ အစ်ကို့အနေနဲ့ နိုင်ငံရေးကိုပို စိတ်ဝင်စားလားလို့လား။ ဒါမှမဟုတ် ဒေါ်အောင်ဆန်း စုကြည်ရဲ့ ဦးဆောင်မှုကြောင့်လား။
ရဲတိုက်။ ။ နှစ်ခုစလုံး မှန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို အင်မတန်မှ လေးစားမိပါတယ်။ လက်တလောမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုပ်ရပ်တွေအားလုံးကိုလည်း ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့ ဝမ်းလည်းဝမ်းသာမိတယ်၊ မုဒိတာလည်းပွားမိပါတယ်၊ ကျေလည်းကျေနပ်မိပါတယ်၊ အားလည်းတက်မိတယ်။
YPI။ ။ အနုပညာရှင်တစ်ယောက်က ပါတီနိုင်ငံရေး လုပ်မယ်ဆိုတော့လေ အဲ့ဒီလုပ်ငန်း နှစ်ခုမှာ ရောထွေးမှု မရှိနိင်ဘူးလား။
ရဲတိုက်။ ။ မရှိနိုင်ပါဘူးလို့ ကျွန်တော် မျှော်လင့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အနုပညာနဲ့ ၊ပရဟိတကိုတွဲလုပ်တုန်းကလည်း ရောထွေးမှု မရှိခဲ့ပါဘူး။ အချိန်ပိုင်းခြားပြီး သူအလုပ်နဲ့ သူလုပ်နိုင်မယ်လို့ယုံကြည်ပါတယ်။ နိုင်ငံရေးဆိုတာ တကယ်တော့ ကျွန်တော် ရင်ထဲမှာ ခံယူထားတာက နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က လူငယ်တွေရဲ့ အင်အားကို တောင်းဆိုတဲ့အတွက် ကျွန်တော်က လူငယ်တစ်ယောက်အနေနဲ့ အားဖြည့်ပေးပါဆိုတဲ့ စကားကို ယုံယုံကြည် ကြည်နဲ့ အားဖြည့်ပေးတာပါ။
YPI။ ။ အစ်ကို့ကို နောက်ပိုင်းမှာ နိုင်ငံရေးသမားလို့မြင်စေချင်သလား။ အနုပညာရှင် မင်းသားတစ်ယောက်လို့မြင်စေချင်သလား။
ရဲတိုက်။ ။ ကျွန်တော့်ကို မြန်မာနိုင်ငံသားတစ်ယောက် လိုမြင်ပေးရင်ရပါပြီ။
YPI။ ။ ဒေါ်အောင်ဆန်းစုကြည်ကို ကြည်ညိုတာ တစ်ခုတည်းနဲ့ ဝင်တာလား။ အစ်ကိုရဲ့ ယုံကြည်ချက်ကြောင့်လား။ အစ်ကိုရဲ့ နောက်ဆုံးယုံကြည်ချက်တစ်ခုကို ပြောပြပေးပါ။
ရဲတိုက်။ ။ ကျွန်တော်ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။
ဖေဖေါ်ဝါရီ ၁၄၊ ၂၀၁၂ YPI

ဓါတ်ပုံ(ရဲတိုက်-ဖေ့စ်ဘုတ်) |
သရုပ်ဆောင်ရဲတိုက် အန်အယ်လ်ဒီပါတီဝင်မည်
Reviewed by သစ်ထူးလွင်
on
16:04
Rating:
23 comments:
လေးစားပါတယ်ညီလေးရဲတိုက် အမြဲအားပေးနေပါမယ်။
ကိုရဲတိုက်ရေ...အကိုတို့လို နာမည်ရပြီးသား လူကောင်းတွေ အမေစုကို ၀န်းရံမယ်ဆိုတာ ကျွန်တော်တို့အတွက် မင်္ဂလာသတင်းပါ.....
သိပ်ကောင်းတဲ့အဖြေတွေပါ။
ရဲတိုက်။ ။ ကျွန်တော့်ကို မြန်မာနိုင်ငံသားတစ်ယောက် လိုမြင်ပေးရင်ရပါပြီ။
ရဲတိုက်။ ။ ကျွန်တော်ရဲ့ ယုံကြည်ချက်ကြောင့်ပါပဲ။
မိမိကိုယ်ပိုင်အတွေးအခေါ်များနဲ့ဆုံးဖြတ်လုပ်ကိုင်ခြင်းအတွက် ဂုဏ်ယူ အားပေးနေပါတယ်။
ကျွန်မလည်း NLD ပါတီဝင်မှာပါ။
ကိုရဲတိုက်ကိုတော့ အရမ်းလေးစားသွားပြီ၊ အရင်ကတည်းကလည်း ကိုရဲတိုက်ရဲ့ ပရိသတ်တစ်ယောက်ပါပဲ။ အခုဆိုရင် ပိုပြီးတော့တောင်အားပေး သွားအုံးမှာပါ၊ ကိုရဲတိုက် အရာရာအောင်မြင်ပါစေ
လေးစားဂုဏ်ယူမိပါတယ်ဗျာ...
ကိုရဲတိုက်ရဲ့ အနုပညာ ဒီထက်အောင်မြင်ပါစေ...
NLD ကို အများကြီးအကျိုးပြုပါစေ...
အကို့လိုပဲ အခြား အနုပညာရှင်တွေလဲ NLD ပါတီဝင်ပြီး နိုင်ငံကောင်းကျိုး
တွေကို သယ်ပိုးထမ်းဆောင်နိုင်ပါစေ....
Congratulation Ko Ye Deight!!!!!
အရင်ကထက် ရဲတိုက်ကို ပိုချစ်သွားပြီ..
ညီလေး ရွေးတဲ့ လမ်းက လမ်းမှန်ပါ။
လေးစားဂုဏ်ယူပါတယ် ညီလေးရေ အောင်မြင်ပါစေ
ကောင်းတယ် ရဲတိုက် ရေ ဆက်လုပ်ပါ . . . ပြည်သူ တစ်ယောက်အနေနဲ့ တိုင်းပြည်ရဲ့ တစ်ထောင့် တစ်နေရာကနေ အားပေးနေမှာပါ . . .
ဦးကျော်သူကို အလွန်လေးစားချီးကြူးပါတယ်။ သူ့ရဲ့ခိုင်မြဲတဲ့စိတ်ဓါတ်မျိုးနဲ့ ညီလေးလည်းချီတက်နိုင်ပါစေ။ လေးစားစွာကြိုဆိုပါတယ်။
ကြံ့ခိုင်ရေးပါတီကနေ NLD ထဲဝင်တော့မယ်...
အားကျလို့နော်
အနုပညာရှင်ဆိုတာလဲ ပြည်သူတွေရဲ့ ရှေ့ဆောင်လမ်းပြတွေပါပဲ ။။ ဘာလို့လဲဆိုတော့ အနုပညာရှင်တွေ ရှေ့က ၀တ်သမျှ၊ ချွတ်သမျှ အဲ ဟုတ်ပါဘူး:) ဘာလုပ်လုပ် နောက်က ပြည်သူတွေက
လိုက်လုပ်နေကြတာဆိုတော့ ရဲတိုက်တို့လိုမျိုး အနုပညာရှင်က ရှေ့ဆောင်လုပ်လိုက်တာဆိုတော့ အားပေးပါတယ် ရဲတိုက်ကိုလဲ အနုပညာနဲ့ပတ်သက်ပြီး အရင်ကထက် ပိုအားပေးသွားမယ်နော် ဘာလို့လဲဆိုတော့ ရဲတိုက်ကို အရင် က သိပ်ပြီး crazy မဖြစ်ဘူး အခုတော့ ဖြစ်လိုက်ပြီ..:):):)
ဂုဏ်ယူပါတယ် ရဲတိုက်ရေ။
လူငယ်ပိုင်းတွေ NLD ၀င်သင့်တာပေါ့ဗျာ။
so different Lwin Moe
ကျွန်တော်....ရဲထိုက်ကိုမသိပါဘူး.....အခုမှစသိရတာ
ဒါပေမဲ့....ညီ၇ဲ့ လူငယ်တစ်ယောက်စိတ်ဓါတ်ကိုလေးစားပါတယ်ကွာ....
ညီ...ရဲ့....အနုပညာတွေကိုရှာပြီး...အားပေးပါ့မယ်
ညီ....လို...တိုင်းပြည်အတွက်လိုအပ်နေပါတယ်....
ခေတ္တ....အဝေးတနေရာက...မျိုးကြီး
လေးစားပါတယ်..ညီ....
i already knew that you are something different from the other celebrites,,
cheerss,,,dude,,,wishing u success everything..
Big Big Hug from..
Hugg..:)
မောင်လေး၇ဲတိုက်ကို လေးစားပြီး၇င်လေးစားပါတယ်
သူ.အသက်အ၇ွယ်သူ.အနေအထားနဲ. ဘယ်သူမှမလုပ်နိုင်ပါဘူး
ငယ်ငယ်ထဲကမိဘ၇င်ခွင်နဲ.ဝေးခဲ.၇ပေမဲ.ကိုယ်ဘ၀ကိုလမ်းမှန်ေ၇ွးချယ်နိုင်တာတကယ်တော်တယ်. အားပေးနေမယ်မောင်လေးေ၇
ဂုဏ်ယူပါတယ်.ကိုရဲတိုက်ရယ်.နာမည်ရှိပြီးသား အနုပညာရှင်တွေက ၀န်းရံပေးလို့.ကိုရဲတိုက်ရဲ့စိတ်ဓါတ်ကို လေးစားမိပါတယ်။။ဆက်လုပ်ပါ..
ကျန်ရှိနေသေးတဲ့ လူငယ်များကိုလည်း စိတ်ဝင်စားစေချင်ပါတယ်.မြန်မာပြည်မှာ နိုင်ငံရေးကို မသိသေးတဲ့လူငယ်တွေ အများကြီးတွေ့နေရလို့ပါ.လူငယ်ဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ဆိုပေမဲ့ .လူငယ်တော်တော်များများ အင်အား ကို မဟုတ်တဲ့ နေရာမှာ မှားသုံးနေကြပါတယ်..အန်တီပြောတာကို သတိရမိပါတယ်.ဒီမိုကရေစီ ကိုရချင်တယ် ဆိုပြီးပါးစပ်ကအော်ပြောနေပြီး""ကိုယ်ကိုတိုင်ရော ဘာတွေများလုပ်ပေးခဲ့ပြီးပြီလဲ.ဘယ်လောက်ထိ စိတ်ဝင်းစားခဲ့လဲ.""ဆိုတဲ့ စကားဟာ သိပ်မှန်ပါတယ်.ဘာမှလုပ်ဖို့ သတ္တိမရှိရင် တောင် "စိတ်"ထားလေးတော့ ပြောင်းသင့်ကြပါတယ်.ကိုယ်က ဘာမှမလုပ်ပဲဒီမိုကရေစီ ရချင်နေရင်တော့.....မဖြစ်ဘူးပေါ့..
ရဲတိုက် ဆက်လုပ်
ဘကြီးအောင် မညာလောက်ပါဘူး။ ဘကြီးအောင်နဲ့ပေါင်း။
Appreciate
Post a Comment