ပြည်ခိုင်ဖြိုးလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး နိုင်ရမည်ဟု ဦးဌေးဦးပြောကြား

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦး
လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အားလုံး၌ မိမိတို့ပါတီမှ အနိုင်ရရှိမည်ဟု ခန့်မှန်းကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး ဦးဌေး ဦးကပြောသည်။

ဦးဌေးဦးက ယနေ့ပြန်လည်ကျင်းပသည့် ပထမအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အ စည်းအဝေး ပထမနေ့မစတင်မီ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ယင်းသို့ပြောကြားသွားခြင်းဖြစ်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လစ်လပ် မဲဆန္ဒနယ် ၄၈ နေရာစလုံး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

အလားတူ မကြာသေးမီက ပြန်လည်မှတ်ပုံတင်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ သည်လည်း လစ်လပ်နေရာအားလုံးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပါဝင်ယှဉ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများ အား အမည်စာရင်းထုတ်ပြန်ထားပြီးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကမူ ကိုယ်စားလှယ် လောင်း အမည်စာရင်းအား ထုတ်ပြန်ထားခြင်းမရှိသေးပေ။

" ကိုယ်စားလှယ်တွေကို ရွေးနေပါတယ် အဓိကတော့ လူထုသဘောကျတဲ့သူ၊ အကျင့်စာရိတ္တ ကောင်းတဲ့သူ ပြည်သူနဲ့ အဲဒီဒေသအပေါ် စေတနာရှိသူဖြစ်ရပါမယ်" ဟု ဦးဌေးဦးကပြောသည်။
7 DAY NEWS Journal - အတွဲ ၁၀၊ အမှတ် ၄၆
ပြည်ခိုင်ဖြိုးလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး နိုင်ရမည်ဟု ဦးဌေးဦးပြောကြား ပြည်ခိုင်ဖြိုးလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး နိုင်ရမည်ဟု ဦးဌေးဦးပြောကြား Reviewed by သစ်ထူးလွင် on 16:10 Rating: 5

21 comments:

AUSTIN said...

သေချာလှချည်လား..ခုကတည်းကမဲခိုးဖို့သင်တန်းတွေပေးနေပြီလားခင်ဗျာ?
ဝေးသေး..မဲခိုးရင်တော့ ၁၀၀% သေချာတယ်။

Android Myanmar said...

ကြိုတင်မဲ၊ အတင်းအကျပ်မဲ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၏မဲ၊ ခိုးမဲ၊ ဝှက်မဲ၊ ဓားပြမဲ များသုံးပြုကာ မနိုင် နိုင်စေရန် ပြုလုပ်နေခြေရှိကြောင်း ခန့်မှန်းမိပါသည်။

Aung said...

ရိုးရိုးသားသား ပြိုင် ရင် ဘယ်လို နိုင်မှာလဲ

သူခိုးတွေ စုထားတဲ့ ပါတီ မဲ ခိုးတဲ့နည်းလမ်း သုံးမှ နိုင်မှာပေါ့

အားလုံးနိုင်မယ်ဆိုတဲ့ သဘော က မဲ အားလုံး ခိုး ဖို့  ကြံစည် ထားတယ် ဆိုတဲ့ သဘောပေါ့

စာစီကုံး said...

ကဲ ကိုကြီးကိုဌေးဦး ရေ အပြောလည်းကြီးမနေနဲ့အုံး မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲနေနေအုံးမယ် မိုက်ရှုးရဲ ဆန်မနေပါနဲ့ တော့ ကွန်ကရစ်နဲ့ လမ်းတွေခင်းပေးတဲ့ အတွက်တော့ ကျေးဇူးပဲ အဲ့ ဒီလောက်ပေးရုံနဲ့တော့လုံလောက်ပြီထင်မနေနဲ့ အခုပြိုင်ရမယ့်လူတွေက ကွန်ကရစ်နဲ့တော့မဟုတ်ဘူး ဘ၀နဲ့ရင်းပြီးခင်းပေးခဲ့တဲ့ လမ်းတွေဗျ ....လူ ဆိုတာက ကိုယ့်အကြောင်းကိုပဲသိတာ အချိန်မှီသေးတယ်နော့်............

lin said...

ဟားဟားဟား.......ရီချင်လို့ရီတာပါ....

နေမင်း said...

လောဘ... အတောမသတ်နိုင်သေးပါလား... ထူးပါဘူး... ၀တ်စုံပြန်ဝတ်ပီး... $#@^&@(_!#_(@*$....

tharsein said...

(လူထုသဘောကျတဲ့သူ၊အကျင့်ကောင်းတဲ့သူ၊ပြည်သူနဲ့အဲဒီဒေသအပေါ်
စေတနာရှိသူဖြစ်ရမယ်)အပြောကဟုတ်နေပြီ။ဟဲဟဲနိုင်ဖို့ဘဲစဉ်းစားထားပြီး
အောက်ခြေကိုယ်စားလှယ်ကိုလုပ်ပိုင်ခွင့်မပေးအထက်အမိန့်အတိုင်းခေါင်း
ငြိမ့်ခိုင်းမှာဆိုတော့---သ နား တယ်။---စိတ် မ ဆိုး ပါ နဲ့နော်။

Android Myanmar said...

မဲနိုင်ဖို့ အရင်လို ကွန်ကရစ်လမ်းခင်းချင်ရင် ငါတို့လမ်းကိုလာခင်း။ ဒါပေမယ့် အရင်လို လမ်းတစ်ခြမ်းခင်း အောင်သိန်းလင်း လိုတော့မလုပ်နဲ့။ လမ်းလာခင်းပေမယ့် ငါကတော့ အမေစုမှ အမေစုပဲ။ ငါ့ရဲ့ မဲက အမေစုအတွက်။

Anonymous said...

လူထု သဘောကျမဲ့ လူက ကြံ့ဖွံ့ထဲမှာ ရှာလို့ရနိုင်မယ် မထင်။ ဘာလို့လဲဆိုတော့ အကျင့်စာရိတ္တမကောင်းတဲ့သူတွေနဲ့၊ ပြည်သူလူထုဘ၀ကိုစာနာနိုင်တဲ့ စေတနာအခံမရှိတဲ့သူတွေနဲ့ လုံးထွေးနေတဲ့ အသိုင်းအ၀န်းမို့လို့ဘဲ။

Anonymous said...

၇ုပ်ကြီးကိုက ကြည်ညိုချင်စ၇ာ ယုံကြည်ချင်စ၇ာ တကွက်မှ မ၇ှိဘူး ဝေါ့)))))

gwantaylay said...

နိုင်သွားမယ်ဆိုရင်တောင်..လုံးဝ မထောက်ခံဘူး..ငါတို့ပြည်သူတွေကတော့ အမေစု ပဲ အမြဲထောက်ခံမယ်..ကျန်တာဘာမှမသိချင်ဘူး..ဖြစ်နိုင်ရင် အမေစုကို သမ္မတ တောင် တင်ပေးချင်တာ..ခုချက်ချင်း..။

Myanmar said...

ပြည်ခိုင်ဖြိုးပါတယ် လျှော့လျှော့ပေါ့ပေါ့ ဒေါ်လာ သန်းသောင်းတစ်ထောင်ဘဲ ကြွေးတင်ပါသေးတယ်။

Show said...

စကားကိုအကုန်မပြောနဲ့
အန်တီစုက....ရွေးကောက်ပွဲမှာရာနှုန်းပြည့်နိုင်တယ်ဆိုတာ
ရာဇဝင်မှာရှိဘူးလားတဲ့
ဟုတ်ပ
အဲဒါတွေကိုကြိုက်တာ..ပြည်သူတွေက
မဲ1ပြားရဖို့ဘာတွေမက်လုံးပေးအုန်းမလို့လဲ
အသုံးမကျတဲ့လူတွေပဲသူတို့ကိုမဲပေးမှာ
နည်းနည်းရူးတာမဟုတ်ဘူး..တော်တော်ရူးတာ
သူတို့တွေအဲလိုလျှောက်ပြောလေ..အန်တီစုကိုပိုချစ်လေပဲ
တပါတီလုံးပေးရင်တောင် စု ရဲ့brainကိုမမှီပဲနဲ့များ ..လာသေး
ခင်ဗျားတို့တွေဒီတပတ်ထွက်တဲ့popular news journal ကိုဖတ်ကြည့်ပါလား..အန်တီစု Interview ပါတယ်လေ
စကားပြောတာတွေကဒင်းတို့နဲ့တခြားစီပဲ
အလကား...အာပလာတွေ

koko heav said...

အေးဒီတခါမဲကို ဘယ်လိုခိုးရမယ်ဆိုတာရော ကြိုတင်ပြောပြီးပြီလား
ဒီတခါလဲအနိုင်ရအောင်ခိုးပြန်အုံးမှာလား သူခိုးလူမိရင်တော့ရှက်စရာ ကောင်းတယ်နော်

rapper said...

အရှက်မရှိတဲ့ ..မျက်နှာများ..လို့ပဲပြောပါရစေတော့...တွေးကြည့်ရင်တောင်စကားလုံးတွေတောင် မရှိနိုင်တော့...သြော်...အသက်နဲ့လူလုပ်ကြသူများပါလား....

philosophermgmyathar said...

ခိုးမယ်..၀ါးမယ်..စားမယ်..လိမ်မယ်.ညာမယ်.ခြိမ်းခြောက်မယ်..မြူဆွယ်
မယ်..ထောင်ချမယ်..ပစ်သတ်မယ်..စွမ်းအားရှင်ရှိတယ်..အဲဒါ တို့ ကြံ့ဖွတ်
ရဲ့ မူ ပဲ ကွယ်...

winmintway said...

ခင်းထားတဲ့ကွန်ကရစ်အားကိုးနဲ့တော့မမိုက်ချင်းပါနဲ့ ကိုယ်ခင်းထားတဲ့ကွန်ကရစ်နဲ့ ကိုယ်ပြန်မြေမြုပ်ခံနေရပါအုံးမယ်

SM said...

ကိုယ့်ကိုယ်ကို မှန်ထဲမှာပြန်ကြည့်သင့်တယ် ငါလုပ်၇ပ်တွေက ကောင်းလားမျှတလား ငါအခုထိ တိုင်းပြည်နဲ့ လူမျိုးအပေါ်မျှမျှဘာတွေလုပ်ဆောင်ခဲ့လည်း ငို့ဘငါ့ဘို့ဘဲလုပ်ခဲ့တာဆို၇င် ခုချိန်ပြင်လျှင်မှီနိုင်ပါသေးတယ် ဒေါ်စုနဲ့မနိုင်းယှဉ်ပါနဲ့ ခင်ဗျားအ၇င် ကိုယ့်ကိုယ်ပြန်သုံးသပ်ကြည့်ပါအုံး နံ့ သာနဲ့ မစင်ပင်ပုန်ဖြစ်နေမလားဘဲ

ရာရာ said...

(" ကိုယ်စားလှယ်တွေကို ရွေးနေပါတယ် အဓိကတော့ လူထုသဘောကျတဲ့သူ၊ အကျင့်စာရိတ္တ ကောင်းတဲ့သူ ပြည်သူနဲ့ အဲဒီဒေသအပေါ် စေတနာရှိသူဖြစ်ရပါမယ်" ဟု ဦးဌေးဦးကပြောသည်။)...၀ိုး..တယ်ဆိုတဲ့စာပါလားဟ...ခင်ဗျားဘာပြောမိလိုက်တယ်ဆိုတာ..ခင်ဗျားသိရောသိရဲ့လား မောင်ဌေးဦးရယ်...ပြောထွက်လာတဲ့စကားလုံးတွေက ခင်ဗျားတို့နဲ့ တန်ရောတန်ရဲ့လား....ရူးများရူးနေလား..ခင်ဗျားသေခြာပေါက်နိုင်မယ့် မဲဆန္ဒနယ်ကို ခုထဲက ကျုပ်ပြောလိုက်မယ်...ရေဝေး နဲ့ ထိန်ပင်

ရာရာ said...

သေချာပေါက်နိုင်ရမှာပေါ့....ရေဝေး နဲ့ ထိန်ပင် မဲဆန္ဒနယ် နှစ်ခုမှာ

Theodo said...

မဲခိုးရင်တောင်မနိုင်စေရ၀ူး NLD ရဲ့နောက်မှာပြည်သူလူထု
တစ်ရပ်လုံး၇ှိတယ်။တစ်ကမ္ဘာလုံးကလည်းစောင့်ကြည်နေတယ်
ဒီစစ်ခွေးကောင်တွေခေတ်ကုန်နေပါဘီ

Powered by Blogger.