မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ပဏာမ သဘောတူလက်မှတ်ထိုးပြီ

ပြည်နယ်အဆင့် အငြိမ်းချမ်းရေးတည်ဆောက်ရန်အတွက် မွန်ပြည်သစ်ပါတီနှင့် ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့တို့ ယနေ့နံနက် ၉နာရီက မော်လမြိုင်မြို့တွင် ပဏာမ သဘောတူညီမှု လက်မှတ်ထိုးလိုက်ကြပြီဖြစ်သည်။
လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ကိုးနာရီတွင် မော်လမြိုင်မြို့ ကမ်းနား (Strand) ဟိုတယ်တွင် ကျင်းပသည်။

မွန်ပြည်သစ်ပါတီဘက် မှ ဒုတိယဥက္ကဋ္ဌ နိုင်ရော့စ နှင့်အဖွဲ့ဝင်၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးအဖွဲ့ မှဝန်ကြီးဦးအောင်မင်းဦးဆောင်သည့် အဖွဲ့ဝင်များနှင့် ပဏာမအနေဖြင့် အချက် ငါးချက်ပါသည့် သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်များပါ တက်ရောက် လက်မှတ်ထိုးကြသည်။

“ကျွှန်တော်တို့ ၁၉၉၅ တုန်းကလည်း ငြိမ်းချမ်းရေးယူခဲ့ကြပါတယ်၊ အဲဒီတုန်းကတော့ သဘောတူညီချက်ပုံစံ ပါပဲ၊  အခုတခေါက်ကစာချုပ်စာတမ်းနဲ့ ဆိုတော့အရင်အခေါက်ထက်ပိုပြီး ပြည့်စုံပါတယ်၊ အချက်တွေကလည်း ကြိုတင်ညှိုနှိုင်းပြီးမှ လက်မှတ်ထိုးတာပါ” ဟု မွန်ပြည်သစ်ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ရော့စ က YPI သို့ ပြောသည်။

လက်မှတ်ထိုးခဲ့သည့် အချက် ငါးချက်မှာ -၁၊ နှစ်ဦးနှစ်ဖက် အပစ်ခတ်တိုက်ခိုက်မှု ရပ်ဆိုင်းရန် ကိစ္စ၊ ၂၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ဆွေးနွေးရန်အတွက် ကိုယ်စားလှယ် အဖွဲ့ တရားဝင်ဖွဲ့ စည်းပေးရန် ဆွေးနွေးမည့်ရက် ၊အချိန်နှင့် နေရာတို့ကို ညှိုနှိုင်းရန်ကိစ္စ၊ ၃ ဆက်ဆံရေးစခန်း ကို နှစ်ဖက်သဘောတူသည့် သင့်တော်ရာနေရာ (လက်နက်မပါ) ထားရှိရန်ကိစ္စ၊ ၄၊ သတ်မှတ်နေရာမှအပ အခြားဒေသ သို့ လက်နက်ဖြင့် သွားလာခြင်းမပြုရန်ကိစ္စ ၅၊ နှစ်ဖက် သဘောတူညီမှုညှိုနှိုင်း ရရှိထားသည့်သတ်မှတ်နေရာများတွင် နေထိုင်ရန်ကိစ္စတို့ဖြစ်သည်။

ယခုဆွေးနွေးမှုသည် ပဏာမသဘောတူညီမှုသာဖြစ်ပြီး မွန်ပြည်သစ်ပါတီမှ သဘောတူညီမှုကို ဗဟိုကော်မတီအဖွဲ့ သို့တင်ပြပြီး လာမည့် ဖေဖော်ဝါရီ တတိယအပတ်အတွင် ထပ်မံ အတည်ပြုလက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။

ဝန်ကြီး ဦအောင်မင်းက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးသည့်အပေါ်တွင် “ကျွှန်တော်တို့ လက်နက်ကိုင်တိုင်းရင်းသားတွေနဲ့ ဆွေးနွေးတဲ့အခါ လက်နက်ဖြုတ်သိမ်းပေးပါလို့ မပြောဘူး။သူတို့ ကလက်နက်ကိုင်ကြမှာပဲ ငြိမ်းချမ်းရေးဆွေးနွေးပြီး နိုင်ငံရေး၊စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ ရင် သူတို့ လက်နက်ကိုင်ကြတော့မှာမဟုတ်ဘူး၊   ပြုပြင်ပြောင်းလဲရေးအတွက် သူတို့စီးပွားရေးလုပ်ဆောင်ဖို့ ၊နိုင်ငံရေးလမ်းကြောင်း ပေါ်တက်လာဖို့ ကျွှန်တော်တို့ကတော့ ပံ့ပိုးပေးသွားမှာပါ” ဟုဆိုသည်။

ဒုတိယ ဥက္ကဋ္ဌ နိုင်ရော့စ ကတော့ လက်ရှိသမ္မတ ဦးသိန်းစိန် ပြုလုပ်နေသည့်အပြောင်းအလဲကို အကောင်းဘက်သို့ဦးတည်နေသည်ဟု ထင်မိကြောင်း ယခု ပဏာမ သဘောတူညီချက်ဖြင့် ငြိမ်းချမ်းရေး ရရှိအောင် ကြိုးစားသွားမည်ဖြစ်ပြီး ငြိမ်းချမ်းရေးရရှိသည့်အခါမှာလည်း အားလုံးဆွေးနွေးညှိုနှိုင်းပြီး၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သင့်သည့်အ ချက်များကိုပြင်ဆင်သွားမည်ဟုဆိုသည်။

ထို့အပြင်ပြုပြင်ပြောင်းလဲမှု နှင့်တိုးတက်မှုအတွက် မွန်လူထု၏ သဘောထားများကို ကောက်ခံပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဦးအောင်မင်းဦးဆောင်သောအဖွဲ့နှင့် နိုင်ဟံသာဦးဆောင်သည့် မွန်ပြသည်သစ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ စံခလပူရီတွင် ငြိမ်းချမ်းရေးအတွက် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့သည်။

မော်လမြိုင်မြို့ ကမ်းနားဟိုတယ်တွင် ပြုလုပ်သည့် မွန်ငြိမ်းချမ်းရေးအဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးဆွေးနွေးမှုအဖွဲ့တို့ အပစ်ရပ်လက်မှတ်ရေးထိုးပြီး အမှတ်တရဓါတ်ပုံရိုက်ကြသည်။

မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် နှစ်အောက်တိုဘာလတွင် ပြည်နယ်အစိုးရကိုယ်စားလှယ်များနှင့် ရေးမြို့တွင် တကြိမ် နိုဝင်ဘာလတွင် မွန်ပြည်နယ် အစိုးရငြိမ်းချမ်းရေးအကျိုးဆောင်များနှင့် ဗဟိုဌာနတွင် တကြိမ်တွေ့ဆုံခဲ့သည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် မြန်မာအစိုးရနှင့် အပစ်ရပ်သဘောတူညီမှုရရှိခဲ့ပြီး စစ်အစိုးရ၏နယ်ခြားစောင့်တပ်ပြောင်းလဲဖွဲ့စည်းရေးကို လက်မခံသည့်နောက် ၂၀၁၀ ခုနှစ်စက်တင်ဘာလကစပြီး အပစ်ရပ်စဲရေး ပျက်ပြယ်ခဲ့သည်။

ဝန်ကြီးဦးအောင်မင်းနှင့်အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သောကချင်လွတ်မြောက်ရေးအဖွဲ့ (KIO), ကရင်အမျိုးသားအစည်းအရုံး(KNU) ရှမ်းပြည်တပ်မတော် တောင်ပိုင်းSSA(S) ရှမ်းပြည်တပ်မတောင်မြောက်ပိုင်း SSA(N) အစရှိသည်ဖြင့် ငြိမ်းချမ်းရေးဆွေးနွေး လက်မှတ်ထိုးခဲ့ကြပြီးပအိုဝ့်အဖွဲ့၊ ရခိုင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ငြိမ်းချမ်းရေးဆွေးနွေးရန် ကြိုစားနေဆဲဟုဆိုသည်။
ဖေဖေါ်ဝါရီ ၁၊ ၂၀၁၂ (YPI)
မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ပဏာမ သဘောတူလက်မှတ်ထိုးပြီ မွန်ပြည်သစ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ပဏာမ သဘောတူလက်မှတ်ထိုးပြီ Reviewed by သစ်ထူးလွင် on 16:05 Rating: 5

No comments:

Powered by Blogger.