မြပုဏ္ဍာမာနှင့်သီးလေးသီး တောင်ငူမြို့ မှာကပြခဲ့စဉ် |
ယ္ခုလအတွင်း
ပွဲချီခက်စိပ်စိပ်ကပြနေတဲ့၊ပြည်သူ့အချစ်တော် လူရွင်တော်ကိုဇာဂနာ တည်ထောင်ပေးခဲ့တဲ့
သီးလေးသီးဆေးရောင်စုံအငြိမ့်ကို
သံလျှင်ကျိုက်ခေါက်ဘုရားပွဲမှာ အာဏာပိုင်တွေက ပွဲကပြခွင့်ပိတ်ပင်
လိုက်တယ်လို့သိရပါတယ်။
သီးလေးသီး အငြိမ့်အဖွဲ့ဟာ ကျိုက်ခေါက်ဘုရားပွဲမှာ
( ဇန်န၀ါရီ 1 ရက်မှ 3 ရက်နေ့ထိ ) ကပြဖျော်ဖြေပါ့မည်ဆိုပြီး သန်လျင်မြို့ သို့ ကားဖြင့်
လှည့်ပတ်ကြေငြာခဲ့တာဖြစ်ပါတယ်။
သီးလေးသီးအငြိမ့်ကို ကပြခွင့်ပိတ်ပင်လိုက်တာနဲ့ ပါတ်သတ်လို့ ဘုရားပွဲကို ကိုယ်တိုင်သွားရောက်ခဲ့သူ သံလျှင်မြို့ ခံတဦးက Myanmar News Now ကို အခုလို ပြောပြပါတယ်--
"ကျွန်တော်လည်း အလွန်အားပေးချင်ဆုံး အငြိမ့်အဖွဲ့ဖြစ်သည့်အတွက်
အားရ၀မ်းသာစွာ နောက်ဆုံးနေ့တွင်သွားကြည့်ရု့အားပေးမည်ဟုစိတ်ကူးမိခဲ့ပါသည်။
အမှန်တကယ် 3ရက်နေ့တွင် သွားရောက်အားပေးဖို့ ကျိုက်ခေါက်ဘုရားပွဲသို့ သွားရောက်ခဲ့ပါတယ်။ ဟိုလဲ ရောက်ရော ကဇာတ်ရုံတစ်ခုလုံး အမှောင်ချထားပီး
ရုံရှေ့မှာ စာတမ်းတစ်ခုကို ဖတ်ပီး စိတ်ပျက်မှူများ စိတ်မကောင်းမှူများ ဆုဆောင်းမှူများနဲ့လှည့်ပြန်ခဲ့
အမှန်တကယ် 3ရက်နေ့တွင် သွားရောက်အားပေးဖို့ ကျိုက်ခေါက်ဘုရားပွဲသို့ သွားရောက်ခဲ့ပါတယ်။ ဟိုလဲ ရောက်ရော ကဇာတ်ရုံတစ်ခုလုံး အမှောင်ချထားပီး
ရုံရှေ့မှာ စာတမ်းတစ်ခုကို ဖတ်ပီး စိတ်ပျက်မှူများ စိတ်မကောင်းမှူများ ဆုဆောင်းမှူများနဲ့လှည့်ပြန်ခဲ့
ရုံရှေ့က စာသားလေး ဒီလို ဗျ " သီးလေးသီးအဖွဲ့ ကပြချင်သော်လည်း ဘုရားဂေါဘဂအဖွဲ့မှ ခွင့်မပြုသဖြင့် မကနိုင်တော့ပါ "
ဘာကြောင့်လဲ ဘာဖြစ်လို့လဲ စသည်ဖြင့် စကားလုံးမျိုးစုံပေါ့ဗျာ အသံတွေဆူညံနေတာပဲ ရုံရှေ့မှာပေါ့။ ကျွန်တော်လဲ ရုံထဲကို ၀င်ကြည့်လိုက်တယ် ရုံထဲမှာ အမှောင်ချတယ်
ဒါပေမယ့် ရုံထဲမှာ လူတွေအများကြီးပဲ ဝေဖန်နေကျတာပေါ့နော် တချို့က ငါ့တို့ရွာက အဝေးကြီးကွ သီးလေးသီးကို အားပေးချင်လို့ လာတာ အခုတော့ကွာ ဆိုပီး
မေတ္တာပို့တာပေါ့.... သက်ဆိုင်ရာတွေကို -- " လို့ ပြောပြထားပါတယ်။
သီးလေးသီးဆေးရောင်စုံအငြိမ့်အဖွဲ့သားများဟာ ၂၀၀၇ ခုနှစ်မှာ
ပြည်ပဖျော်ဖြေပွဲများသွားရောက်
ဖျော်ဖြေရင်း၊စစ်အစိုးရ၏ချို့ယွင်းနေမှုများကိုအပြုသဘော ဟာသပျက်လုံးများထုတ်ခြင်းကြောင့်၊ပြည်တော်ပြန်ရန်မဖြစ်နိုင်တော့ပဲ
ပြည်ပတွင်လေးနှစ်ခန့်နေထိုင်ခဲ့ကြပြီး၊အမေရိကန်၊စင်္ကာပူ၊ဂျပန်
ကိုရီးယား၊မလေးရှား၊ထိုင်းနိုင်ငံအနှံ့အငြိမ့်များကပြရင်းနေခဲ့ရာမှ
ကိုဂေါ်ဇီလာ၊စိန်သီး၊ဇီးသီးနဲ့ချောစုမျိုးတို့လေးဦးက ၂၀၁၁နှစ်က၊အရပ်သားအစိုးရ၏
ပြည်ပရောက်မြန်မာနိုင်ငံသားများပြန်ခေါ်ရာတွင်
ပထမဆုံးပြန်သွားကြသူများဖြစ်ပါတယ်။
ကြယ်သီး၊ပန်းသီး၊မြစပ္ဂါယ်ငုံတို့သုံးဦးက သူတို့ဆရာကိုဇာဂနာလွတ်မှပြန်ကြမယ်ဆိုပြီး
ချင်းမိုင်နှင့်၊မဲဆောက်တို့တွင် အနုပညာလုပ်ငန်းများလုပ်ကိုင်ရင်း၊ထောင်မှလွတ်လာသော
ကိုဇာဂနာ၏ပြန်လည်ခေါ်ယူသဖြင့်ပြည်တွင်းသို့ပြန်ဝင်ပြီး၊ကိုဇာဂနာအပါအ၀င်
မြတ်ပုဏ်ဏမာအဖွဲ့နှင့်သီးလေးသီးဆေးရောင်စုံအငြိမ့်ပူးပေါင်းဖျော်ဖြေမှုဖြင့်
အစိုးရသစ်၏ချွတ်ချော်နေသေးသည့် အခြေအနေများကိုရဲရဲဝံ့ဝံ့ပျက်လုံးထုတ်ခဲ့တာကြောင့်
လူထု၏အားပေး
မှုနဲ့အတူ
ပွဲခွင်စိပ်စိပ်ကပြနေသောအချိန်မှာ အခုလိုပွဲပါမစ်အပိတ်ခံရခြင်းဖြစ်ပါတယ်။
သမိုင်းဝင် ကျိုက်ခေါက်စေတီ ဘုရားပွဲ |
By: သစ်ထူးလွင်(Myanmar News Now)
သီးလေးသီးအငြိမ့် ကပြခွင့်ပါမစ်အပိတ်ခံရ
Reviewed by သစ်ထူးလွင်
on
18:48
Rating:
8 comments:
စပြီစပြီ
မြန်မာပြည်က ဒီမိုကရေစီ အစစ်အမှန် ကို တစ်ကယ်မရသေးဘူးဆိုတာ ထင်ရှားနေတာပဲ . . . ရွေးကောက်ပွဲအတွက် ရင်လေးမိသေးတယ် . . . ဥာဏ်များရင်တော့ ဒုက္ခ . . .
ဘီးလူးရုပ်ကပြန်ပေါ်လာပါပြီ..........အစကတည်းကကိုမယုံခဲ့တာပါဘုရားမချွတ်ပဲနဲ့ဘယ်ကနေစိတ်ကောင်းအသိတရားတွေရလာလိုလဲဆိုတာ ............ကိုကိုကြီးဟိုတစ်လောကပြောတဲ့စကားတွေသွေးထွတ်အောင်မှန်နေပြီ သူတိုနောက်ပြန်မလှည့်စေချင်ဘူးတို့ အန်တီရွေးကောက်ပွဲဝင်တာကိုထောက်ခံရတာ စွန့်စားတဲ့လုပ်ရပ်တိုဆိုတာ........ကိုသစ်လွင်ထူးရေ ကိုကိုကြီးရဲ့ဖုန်းနာပါတ်ကိုပေးလိုရမလားဗျာ တစ်ကယ်လို့ဒီမှာမတင်ချင်လည်း မေးကိုပို့ပေးပါလားဗျာ
မင်းတို့ကိုပြောသားပဲမပြန်ပါနဲ့ဆို...ပြန်တယ်...အပြုသဘောဆောင်တာအမှားသဘောလုပ်ချင်လို့ပါလို့...အခုသတင်းထွက်နေပြီ...တော်သလင်းလမှာခွေးတွေဟိုဒင်းဟိုဟာမလုပ်၇ဘူးတဲ့...ေ၇ွးကောက်ပွဲဝင်မဲ့လူတွေ(အမေစုနဲ့NLD)မှလွဲပြီးကျန်လူတွေ(အားလူးပူတီ)စား၇မယ်တဲ့...အော်ဒါတို့တိုင်းတို့ပြည်တို့မြန်မာပြည်...
Lets Start the Show (Jail)!!!
Just takeoff uniform only,they were military, Beware!
ပြောသားပဲ အစကတည်းက၊ ဒီကောင်တွေက ခွေးဓားပြတွေပါဆို၊ မင်းသားခေါင်းဆောင်းထားတာ၊ အခု ပေါ်ပြီမဟုတ်လား။ သန်းရွှေရဲ့ ခွေးဓားပြစိတ်တွေ အခုထိ ကျန်ရှိနေတုန်းပဲကိုး။ ခွေးဓားပြများ သေရင် သန်းရွှေနဲ့အတူ မဟာအဝီစိ ငရဲမှာ မကျွက်တမ်း ခံစားကြဟေ့။
ဒီမိုကရေစီဆို
ဂေါပက အဖွဲ့မကခိုင်းတာနဲ့ မကတော့ဘူးလားသီးလေးသီးရယ်..ဂရုစိုက်လို့..
သူတို့မကြည့်ချင်ရင်လာမကြည့်နဲ့ပေါ့...ဒီမှာအားပေးမယ့်သူတွေအများကြီး...
Post a Comment