အင်းစိန်မြို့နယ်ရှိ ရေတွင်းဟောင်းတစ်ခုထဲမှ လက်နက်ခဲယမ်းများ တူးဖော်တွေ့ရှိ

မကြာသေးခင်က မုံရွာမှာ အိမ်သာကျင်းတူးစဉ် တွေ့ ရတဲ့ခဲယမ်းများ
အင်းစိန်မြို့နယ် နံ့သာကုန်း ရပ်ကွက်ရှိ နေအိမ်တစ်ခု၏ ရေတွင်းပျက်တစ်ခု အတွင်းဖေဖော် ဝါရီ ၁၂ရက်နှင့် ၁၃ ရက်နေ့တို့က အသုံးပြုပြီးနှင့် အသုံးမပြု ရသေးသော လက်နက်ခဲယမ်း များနှင့် ပေါက်ကွဲ စေသောပစ္စည်းများအား သက်ဆိုင်ရာမှ တူးဖော်တွ့ရှိခဲ့ကြောင်း အင်းစိန်မြို့နယ်ရှိရဲတပ်ဖွဲ့မှ သိရသည်။
''အဆိုပါ လက်နက်ခဲယမ်း များကို နံ့သာကုန်းရပ်ကွက်၊ ရွှေ ပြည်အေးလမ်းရှိ ပုလင်းအဟောင်း ရောင်းဝယ်ရေးဆိုင် တစ်ဆိုင်အနီး ရေတွင်းပျက်အတွင်းမှ တူးဖော် ရရှိခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တူးဖော်နိုင်ခြင်းမှာ အင်းစိန် မြို့နယ်ရဲစခန်းသို့ အဆိုပါရေတွင်းပျက် အတွင်းပေါက်ကွဲစေနိုင် သည့် ပစ္စည်း များသိုဝှက်ထားသည် ဟုသတင်းပေး တိုင်ကြားသော အကြောင်းကြားစာ တစ်စောင် ရရှိသည့်အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် မြို့နယ်ရဲ တပ်ဖွဲ့အပါအဝင်မြို့နယ်နှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စစ်ဒေသမှတာဝန်ရှိ သူများ ပူးပေါင်း၍ အဆိုပါ ရေတွင်းပျက်အား တူးဖော်ရှာဖွေခဲ့သည် ဟု အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့မှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။
ထိုရေတွင်းပျက်မှာ အနက် သုံးပေ သုံးလက်မနှင့် အချင်း လေးပေ ခုနစ်လက်မ ရှိပြီး သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့မှတူးဖော်ရှာဖွေ ခဲ့ရာ ဖေဖော်ရီလ ၁၂ ရက်နေ့တွင် အဆို ပါ ရေတွင်းပျက် အတွင်းမှ လက်နက်ခဲယမ်း ပစ္စည်း အမျိုးပေါင်း ၁ဝဝ ကျော်ကို လည်းကောင်း ၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခဲယမ်း ၃ဝ ကျော်ကိုလည်းကောင်း တူးဖော်တွေ့ရှိခဲ့သည်ဟု ၄င်းက ဆက်လက်ပြောကြားသည်။
''အခုတွေ့တဲ့ လက်နက်ခဲ ယမ်းတွေက ဘယ်နှခုနှစ်တုန်းက ပစ္စည်းတွေ ဆိုတာတော့ အခုလော လောဆယ် စစ်အင်ဂျင်နီယာ အဖွဲ့ က စစ်ဆေးတုန်းပဲ ရှိသေးတယ်။ အခုတွေ့ရှိတဲ့ အနေအထား အရ အန္တရာယ်တော့ လုံးဝမရှိဘူး''ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။
လက်နက်ခဲယမ်းများ ရှာဖွေ တွေ့ရှိခဲ့သော ပုလင်းအဟောင်း ရောင်းဝယ်ရေးဆိုင်မှ အိမ်ရှင်ဖြစ် သူက ၄င်းအနေဖြင့် အဆိုပါ ဆိုင်နေ ရာကို ၂ဝဝ၉ ခုနှစ်တွင် စတင် ငှားရမ်းကာ ဆိုင်အဖြစ် ဖွင့်လှစ်ထား ခြင်းဖြစ်ပြီး စတင် ငှားရမ်းစဉ်က ဆိုင် အတွင်း ရေတွင်းပျက် ရှိသည် ကို မသိရှိရသည့်အတွက် ထိုနေရာ တွင် ပုလင်းအခွံများကို ထားရှိခဲ့ ကြောင်း၊ သက်ဆိုင်ရာမှ လာရောက် စစ်ဆေးသည့် အခါမှသာ ရေတွင်း ပျက်ရှိကြောင်း သိရှိရသည် ဟု ပေါ်ပြူလာနယူးစ် သို့ ပြောသည်။
အင်းစိန်မြို့နယ်ရှိ ရေတွင်းဟောင်းတစ်ခုထဲမှ လက်နက်ခဲယမ်းများ တူးဖော်တွေ့ရှိ အင်းစိန်မြို့နယ်ရှိ ရေတွင်းဟောင်းတစ်ခုထဲမှ လက်နက်ခဲယမ်းများ တူးဖော်တွေ့ရှိ Reviewed by သစ်ထူးလွင် on 19:27 Rating: 5

No comments:

Powered by Blogger.