ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ်

မဲတွေကြိုက်သလောက်ထဲနိုင်တဲ့ ၂၀၁၀ မဲရုံး
ဧပြီလ ၁ ရက်နေ့တွင် ပြုလုပ်ကျင်းပမည့် လွှတ်တော်တွင်းလစ်လပ်နေရာအား ပြန်လည်ဖြည့်တင်းမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ နာမည်ပျက်ရှိခဲ့သည့် မဲရုံမှူးများကို အသုံးပြုမည်မပာုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လစ်လပ်မဲဆန္ဒနယ် ၆ ခုတွင် မဲရုံပေါင်း ၆၃၅ ရုံထားရှိမည်ဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲများတွင် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူများမှ သမာသမတ်ပြည့်ဝစွာ လုပ်ဆောင်ခဲ့သည့် မဲရုံမှူးများ ကိုသာ ပြန်လည်အသုံးပြုသွား မည် ဖြစ်ကြောင်း သိရသည်။
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံမှူးခန့်အပ်ရေးနှင့် ပတ်သက်၍ မြန်မာ့နိုင်ငံရေး လေ့လာစောင့်ကြည့်နေသူတစ်ဦးက “ခုလို ကြားဖြတ်ရွေးကောက်ပွဲ မှာ တကယ်ကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့အတွက်ဆိုရင် မဲရုံမှူးတွေကို ခုလိုပြန်ချိန်းပြီးခန့်အပ်တာ အကောင်းဆုံးပါပဲ။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေနဲ့လည်း ခုလာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တရားမျှမျှတတနဲ့ လုပ်ဆောင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ပာု ပြောကြား သည်။
                ကြားဖြတ်ရွေးကောက်ပွဲ၌ မဲရုံစောင့်ကြပ်မည့် မဲရုံမှူးများအား တာဝန်ပေးအပ်ရာတွင် ဥပဒေပါအတိုင်း အစိုးရဝန်ထမ်းများနှင့် အများယုံကြည် ကိုးစားရသည့် ဆရာ၊ ဆရာမ များကိုသာ ခန့်အပ်ပြီး ယခင် ၂၀၁၀ ရွေးကောက်ပွဲ၌ မဲရုံမှူးများ၊ ပါတီများနှင့် မဲပေးပိုင်ခွင့်ရှိသူများ၏ တာဝန်မဲ့ လုပ်ရပ်များ ကြောင့် အငြင်းပွားဖွယ်ရွေးကောက်ပွဲအဖြစ် ထင်ရှားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ လွှတ်တော်တွင်းလစ်လပ်မဲဆန္ဒနယ်များမှာ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ကော့မှူးမြို့နယ်၊ မရမ်း ကုန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့် လှည်းကူးမြို့နယ်များဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်များတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေမှာ ၉၅၀၀၀ ခန့်ရှိကြောင်း သိရသည်။
YC
ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ် ကြားဖြတ်ရွေးကောက်ပွဲ၌ နာမည်ပျက်မဲရုံမှူးများအား သုံးမည်မပာုတ် Reviewed by သစ်ထူးလွင် on 06:29 Rating: 5

3 comments:

မျိုးစင်ဆွေဆက် said...

အဲဒီ မဲရုံမှုး ကလဲ ပြောပါတယ် အထက်ခိုင်းလို့ လုပ်ခဲ့ရတာပါတဲ့..

Myanmar said...

နာမည်ပျက်မဲ၇ုံမှူးဆိုတဲ့ကောင်တွေ သိပီလား နောက်ဆုံးမင်းတို့ကို ချနင်းသွားတာဘဲ။ ကြံ့ဖွတ်ဆိုတာ ဒါဘဲကွ။ လုပ်ချင်အုံးကြံ့ဖွတ်နောက်လိုက်။ ။

Anonymous said...

သူတို့ဘာသာ ၀န်ခံနေတာ။ သူခိုးမဲ၇ုံမှူးတွေ၇ှိမှန်း။ ခိုးခဲ့တာ ၀န်ခံသွားပီ

Powered by Blogger.