၈၈ မျိုးဆက်ကျောင်းသားများ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းအတွက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ တန်ဖဲရွာ၌ ပြုလုပ်သော ' မြစ်ဆုံ၏ ကျေးဇူးပဲ့တင်သံ ' မိတ်ဆုံစားပွဲ မှာတွေ့ ရစဉ် (ဓာတ်ပုံ-The Voice ) ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ သည် ဖေဖော်ဝါရီ ၂၆ ရက်နေ့ မန္တလေးမြို့သို့ ရောက်မည် ဖြစ်ပြီး ထိုနေ့တွင် ကျောက်ဆည်သို့ သွားမည်ဟုသိရသည်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့ တွင် မန္တလေးမြို့ မှ ရှေ့နေ ၊ဥပဒေ ပညာရှင်များ နှင့် တွေ့ဆုံမည် ဟုသိရသည်။ ၂၇ ရက်နေ့ နေ့ လည် ၂ နာရီ အချိန်တွင်မန္တလေးမြို့ မှ လူရွှင်တော် နှုတ်ခမ်းမွှေး ပါပါလေးတို့ညီအကို နှင့် ဦးပါပါလေး ၏ နေအိမ်တွင် တွေ့ဆုံမည်ဖြစ်ကြောင်း ဦးပါပါလေးက ပြောကြားသည်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့ နေ့လည် ၁ နာရီ အချိန်တွင်မန္တလေးမြို့ ၃၄ လမ်း ၊ ၈၀ x ၈၁လမ်းကြားရှိ ရာပြည့် မန္တလေး စာအုပ်ဆိုင် (၂ ) တွင် ၄င်း တို့၏ ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာ ရှင်းလင်းပွဲ စာအုပ်ကိုလက်မှတ်ထိုးရောင်းချမည် ဟု ရာပြည့် စာအုပ်တိုက်မှ သိရသည်။ ထိုမှ ၂၈ ရက် နေ့လည် ၃ နာရီတွင် မန္တလေးမြို့ ၆၄ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ Oriental House ခန်းမတွင် မြို့မိ ၊ မြို့ဖများနှင့် တွေ့ဆုံ မည်ဟုသိရသည်။ ပေါ်ပြူလာဂျာနယ်
No comments:
Post a Comment