အာဒံရယ်၊ ဧ၀ရယ်၊ ဒသရယ် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ဆွတ်ခူးသွားသော ပရိသတ်အချစ်တော် သက်မွန်မြင့်ကို အကယ်ဒမီရွှေစင်ရုပ်တုဖြင့် ယှဉ်တွဲတွေ့ရစဉ်။ အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆု " အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ဇာတ်ကား " အကောင်းဆုံးဒါရိုက်တာဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ ) အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆု " ပြေတီဦး " (အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ) အကောင်းဆုံးရုပ်ရှင်ဓာတ်ပုံဆု " ပန်းချီစိုးမိုး " (ပင်လယ်ထက်ကနေ၀န်းနီ) အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု " သက်မွန်မြင့် " ( အာဒမ်ရယ် ဧ၀ရယ် ဒသရယ် ရုပ်ရှင်) အကောင်းဆုံးအမျိုးသားဇာတ်ပို့ဆု " ဝေဠုကျော် " (ပင်လယ်ထက်ကနေ၀န်းနီ) အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု " ၀ါဝါအောင် " (အမေ့ကျေးဇူးဆပ်ဖူးချင်တယ်) အကောင်းဆုံးရုပ်ရှင်တည်းဖြတ်ဆု " ဦးမြင့်ခိုင် " (ပင်လယ်ထက်ကနေ၀န်းနီဇာတ်ကား) အကောင်းဆုံးရုပ်ရှင်တေးဂီတဆု " မြန်မာပြည်ကျောက်စိမ်း " ( အငိုမျက်လုံးအပြုံးမျက်နှာ) အကောင်းဆုံးရုပ်ရှင်ဇာတ်ညွှန်းဆု " ခင်မောင်ဦး၊ စိုးသိမ်းထွဋ် " (ပင်လယ်ထက်ကနေ၀န်းနီ) By: သစ်ထူးလွင်
9 comments:
အော်...တော်တဲ့သူတွေ ထိုက်တန်ပါတယ်။
ထိုက်တန်ပါတယ်......
ဘယ်သူတွေ ဘာတွေပြောပြော အာဒမ်ဧ၀ ဒသ ဇာတ်ကားဆု ရတာ အရမ်းမိုက်တယ် (ဒီတစ်ဆုကတော့ အတန်ဆုံးလို့ထင်ပါတယ်)။ မခင်စန္ဒာမြင့် ကိုကြည့်ရတာ ရမယ်လို့ မျှော်လင့် ထားတဲ့ပုံ မပေါ်ဘူး။ အရမ်း မိုက်တယ်။ မထင်ရှော့။ Congratulation ပါ Heart & Soul!
မရှိ ရှိတဲ့လူကိုပေးလိုက်ရတဲ့ဆုတွေ...ရောင်းတန်းဝင် မင်းသားမင်းသမီးတွေနဲ့ရိုက်ထားတဲ့ ရောင်းတန်းဝင်ရုပ်ရှင်ကားတွေအတွက်..ရောင်းတန်းဝင် အကယ်ဒမီ ရွှေစင်ရုပ်ကြီး ပေးလိုက်တာ ရောင်းတန်းတော့တော်တော်ဝင်ဦးမှာပါ ....ကူးခွေလောကမှာတော့ အကယ်ဒမီပေးပွဲအခွေ..တော်တော်ရောင်းကောင်းတော့မယ်လေ...
သက်မွန်မြင့် သရုပ်ဆောင်တာလောက်တော့ လင်းဇာနည်ဇော်လည်းလုပ်တတ်
ပါတယ်။လင်းဇာနည်ဇော် ကတောင်ပိုလိမ့်အုံးမယ်။လင်းဇာနည်ဇော် လည်းရ
သင့်ပါတယ်။သူသရုပ်ဆောင်ထားတာလည်းအရမ်းကောင်းပါတယ်။
လင်းဇာနည်ဇော် ဆိုရင်အနုပညာလောကမှာလဲ oါရင့်နေပါပြီ။သက်မွန်မြင့် တို့
ဆိုတာ တက်သစ်စပဲရှိပါသေးတယ်။
.........အကြံဥာဏ်ပြုထားခြင်းဖြစ်ပါတယ်.........
waste time
မရသေးသောသူများ အားမငယ်ကြပါနဲ့ခင်ဗျာ၊ ဇွဲရှိရှိနဲ့စောင့်ဖို့ပဲလိုတယ်၊ မြန်မာ့ရုပ်ရှင်မထူးချွန်ဆုက တစ်နေ့မဟုတ်တစ်နေ့ သင့်ရှေ့သို့ဆိုက်ရောက်လာပါလိမ့်မည်။
၁ နှစ် ၁ ခါကျင်းပနေမယ့်အစား ၄ နှစ်တစ်ခါကျင်းပရင် တော်လိမ့်မယ်ထင်တယ်။ ပေးစရာဇာတ်ကားမရှိလို့ပါ။
သက်မွန် ကို အချစ်ဆုံး သူ၇တော့ အ၇မ်းပျော်တယ်
ငါကတော့ ဒီလိုထင်တယ် ။ အကယ်ဒမီကို ရုပ်ရှင်လောက က လူတွေတင်မကဘူး လွှတ်တော်ထဲက ဘောင်းဘီချွတ် ပုဆိုးဝတ် တွေပါ ထည့်စဉ်းစားပြီး ပေးသင့်တယ် ထင်တယ်။ သူတို့လဲ အကယ်ဒမီေ၇ှာ့တွေပါပဲ
Post a Comment