ဒေါ်အောင်ဆန်း
စုကြည် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေချိန်မှာပဲ
သူ့ကို ပုဂ္ဂိုလ်ရေးအရ ဝေဖန်ထားတယ်ဆိုတဲ့ စာအုပ်တအုပ်ကို ဖေဖော်ဝါရီ
လဆန်းမှာ ဖြန့်ချိလိုက်ပါတယ်။
စာ
ရေးသူ အောင်မြတ်ဦးက အောင်ဆန်းစုကြည် သို့မဟုတ် ဒီမိုကရေစီ
လင်းလက်ကြယ်စင် အမည်ပေးထားတဲ့ စာအုပ်မှာ မျက်နှာဖုံးမှာတော့
ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေကို အသားပေးဖော်ပြထားပေမယ့်
အတွင်းပိုင်း စာသားတွေမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို
တိုက်ခိုက်တာတွေ ပါတယ်လို့ အဲဒီစာအုပ်ကို ဖတ်ခဲ့ရသူတွေက ပြောပါတယ်။
အောင်မြတ်ဦး
ရေးတဲ့ ဒေါ်အောင်ဆန်းစုကြည် စာအုပ်ဟာ အရင် အစိုးရပိုင်
သတင်းစာတွေမှာပါတဲ့ ဆောင်းပါးတွေပုံစံ ရေးထားတာလို့
စာအုပ်ဖတ်ရှုခဲ့တဲ့ မန္တလေးမြို့နေ သတင်းထောက်တဦးက ပြောပါတယ်။
“အထဲမှာဆို
စုကြည်တို့ ဘာတို့ လုပ်ထားတယ်။ နောက်ဆုံး သူမဟာ နိုင်ငံရေး
ဘာမှမသိဘူးဆိုတာမျိုး၊ မိုက်ကယ်အဲရစ်နဲ့ ရတာတို့၊ သူမကတော့
ပြောတာပေါ့။ ကံကြမ္မာရဲ့ စေစားရာ၊ နိုင်ငံခြားသားနဲ့ ရတာတို့၊
အဲလိုမျိုး အတည်ပေါက်တွေ လုပ်ထားပြီး အခုကျတော့မှ
နောက်ဆုံးခန်းကျတော့ အကောင်းပုံစံနဲ့ ပြန်ဖြန့်ရေးသွားတယ်။
နောက်ဆုံးမှာ ဒေါ်စုရဲ့ ကောက်နှုတ်ချက်လေးတွေကို ဖော်ပြထားတယ်။
နောက်ဆုံးစာမျက်နှာ သုံးလေးရွက်လောက် လှန်ကြည့်ရင်တော့
အကောင်းလို့ ယူဆစရာ ရှိတယ်။ အလယ်နားနဲ့ ရှေ့ပိုင်းတွေမှာ
သေချာကြည့်တော့မှ သတင်းစာတွေမှာ ပါးပါးလေးနဲ့ဆော်တဲ့ ပေါ်လစီ
ဆောင်းပါးရှင်တွေ အတိုင်းပဲ။ တော်တော်ဆိုးဆိုးဝါးဝါး လုပ်တယ်။
ဘယ်လောက်ထိအောင် လုပ်လဲဆိုရင် သူမကို ဒေါ်လာငွေ ၂ သန်း ပေးဖို့အတွက်
ငြိမ်းချမ်းရေး နိုဘယ်လ်ဆုပေးလိုက်တယ်တို့၊ သူမက ငြိမ်းချမ်းရေး
နိုဘယ်လ်ဆုနဲ့ ထိုက်တန် မတန် မသိဘူး။ သူမတော့ နိုဘယ်လ်ဆု
ရရှိသွားပြီတို့၊ သူမကို ပထမဆုံး နိုင်ငံရေး စင်မြင့်ပေါ်တင်ပေးတာ
ဗကပ ထွန်းဝေကြီးတို့၊ ဗကပ တင်လို့ ရောက်လာတယ်တို့၊
အဲဒါမျိုးတွေပေါ့။”
စာရေးသူ
အောင်မြတ်ဦးဟာ တိုက်ရိုက် မဟုတ်ဘဲ တခြား သတင်းဌာနတွေကို
ကိုးကားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်တာတွေ
ရေးခဲ့တယ်လို့လည်း ဆိုပါတယ်။
“သူမကို
နိုင်ငံရေး ဝါရင့်သတင်းသမား တဦးက သုံးသပ်တာမျိုး၊ ဘယ်သူလို့လည်း
မပြောဘဲ အတည်ပေါက်ရေးထားတယ်။ နောက်တခါ နိုင်ငံခြား သတင်းထောက်
တဦးပြောတာကတော့ ဆိုတာမျိုး၊ သူပြောသလိုမျိုး မဟုတ်ဘဲနဲ့
တခြားသူတယောက်က ပြောသလိုမျိုး၊ အဲဒါတွေကို ဖြန့်ရေးချထားတာ။
အကြမ်းဖျင်း လိုရင်းကို ပြောရရင် သူဟာ တောက်လျှောက်
ထိပ်တိုက်ရင်ဆိုင်မှုတွေ လုပ်တယ်။ သူမကို ရင်းနှီးသူများက
စုကြည်လို့ခေါ်တယ်။ နောက်တခါ အမျိုးသားဒီမိုကရေစီပါတီတဲ့။
အမျိုးသားဒီမိုကရေစီ ပါတီဆိုတာက ဒေါက်တာစိန်ဝင်းတို့ ပါတီ၊
သူ(စာရေးသူ)မသိဘူး။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ပါတီနဲ့ကို
သူမကွဲဘူး။”
ဒေါ်
အောင်ဆန်းစုကြည် အကြောင်းပါတဲ့ ဒီမိုကရေစီ သို့မဟုတ် လင်းလက်ကြယ်စင်
စာအုပ်ဟာ ဆန်းလှစာပေက ထုတ်ဝေဖြန့်ချိတာဖြစ်ပြီးတော့
ရောင်းဈေးကတော့ ၃၅၀ ကျပ်ပါ။ ဒါဟာ တခြား စာအုပ်ဈေးနှုန်းတွေနဲ့
နှိုင်းယှဉ်ရင် စီးပွားရေးအရ အရှုံးခံပြီးထုတ်ခဲ့တာလို့လည်း
ပြောကြပါတယ်။
အဲဒီစာအုပ်ကို
ဖတ်ခဲ့သူ တဦးကလည်း “သူက တချို့ဟာတွေကျတော့ ဗိုလ်ချုပ်ရဲ့သမီး၊
ဒေါ်ခင်ကြည်ရဲ့သမီး၊ နောက်ဗိုလ်လရောင်ရဲ့ မြစ်ပေါ့။ ဒါတွေက အလွန်
အစဉ်အလာရှိခဲ့တဲ့ သွေးကနေ စီးဆင်းလာပေမယ့် သူမကိုတော့
သာမန်သဘော သက်ရောက်အောင် ရေးထားတယ်” လို့ ပြောပါတယ်။
အရင် နဝတ၊
နအဖ ခေတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရပိုင် မီဒီယာတွေကသာ
စာအုပ်ထုတ်ဝေတာ ရှိခဲ့ပေမယ် အခု ပထမဦးဆုံးအနေနဲ့ ပုဂ္ဂလိကပိုင်
စာပေတိုက်ကနေ ဖြန့်ချိတာလည်း ဖြစ်ပါတယ်။
ဒီဗွီဘီ
ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်စေသည့် စာအုပ်ဖြန့်ချိ
Reviewed by သစ်ထူးလွင်
on
06:14
Rating:
27 comments:
ဟေ့ စာရေးသူရေ သတ်တိရှိရင် လူလုံးထွက်ပြရေးလေကွာ။ ပုဆိုးခြုံအောက်က လက်သီးပုန်းပြမနေနဲ့။
အတိုက်အခံဆိုတာရှိမှ ဘဲလေ၊
who's that guy???
damn!
that right Lu Soe, i totally agreed with you.
လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ.........။
From my point of view, "Writer/Author shouldn't comment or post on Personal Critical Point of views.
So may I ask you Ko Aung Myat Oo,
"Who will bell the Cat?"..... Is it YOU or OUR?
(Sai Kum Lake)
နိုဘယ်ဆု ရထားတာထိုက်တန်တယ်မထိုက်တန်ဘူးဆိုတာခင်ဗျားအခုထိမသိသေးဘူးကို....လက်စသတ်တော့ ဥာဏ်မကောင်းဘူးကို...
ဒီစာအုပ်ရေးတဲ့သူကို ဖော်ထုတ်ပေးပါ။
ဝေဖန်တာကို အပြုံးမပျက်လက်ခံနိုင်မှ စစ်မှန်တဲ. ဒီမိုကရက်တစ် ပါ။
ဆန်းလှစာပေတိုက်ထုတ်ဆိုရင် ဘာစာအုပ်မှမ၀ယ်ဖို့ တိုက်တွန်းပါတယ်...
ဟိုကောင် အောင်မြတ်ဦး ကတော့ဘယ်သူမှန်း မသိဘူးလေ...
သိလို့ကတော့.....
အပင်မြင့်ရင် လေတိုက်ခံရစမြဲပါ။ အဲဒီသဘောပါပဲ။
နိုင်ငံရေးကိုဘယ်သူကရောတိတိကျကျနားလည်နေကြလို့လဲ ဒါပေမဲ့အများကောင်းကျိုးအတွက် မှန်ကန်တဲ့စိတ်ဓါတ်နဲ့လုပ်နေတဲ့လူတစ်ယောက်ကို အားမပေးပဲ အပြစ်ရှာရေးနေတာကတော့ မနာလိုစိတ်ရှိမှန်းသိတာပါတယ် ကိုယ်မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့လူကိုအားပေးရမှာပဲ။
ဒီစာရေးသူဟာ အရင်အစိုးရရဲ့ အစေခံ ငါမင်းဆွေ(ဖာမင်းဆွေ)နဲ့တစ်ဂိုဏ်းတည်းသားပါ အထင်ကြီးစရာမရှိဘူး
ကြံ့ဖွတ် အပေါင်းအပါတွေရဲ့  မနာလိုဝန်တိုစိတ်နဲ့  စတ်ယုတ်စိတ်ပုတ် တွေပေါ့... ဟေ့ တခုပဲပြောလိုက်မယ် အမေစုက မင်းတို့ လိုပြည်သူတွေအပေါ်လိမ်လည် ကောက်ကျစ်တဲ့စိတ်ရှိတာမဟုတ်ဘူးကွ မင်းတို့ ပထွေးလူယုတ်မာကြီးနဲ့ အပေါင်းအပါ(ယခုလက်ရှိလဲ ဘောင်းဘီချွတ်ပုဆိုးဝတ်)တွေ က ၁၉၉၀ ရွေးကောက်ပွဲထဲ က ကလိမ်ကကျစ်ကျ ယုတ်မာထားခဲ့တာလေ ..အဲဒါတွေလဲခင်ဗျားရေးရမှာ... စာအုပ်ရေးတဲ့သူ...ခင်ဗျားကိုပြောမယ် တကယ်စစ်မှန်တဲ့ကလောင်အစွမ်းရှိတယ်ဆိုရင် သန်းရွှေ ယုတ်မာရက်စက်မှုတွေ သူ့ သားသမီးဆွေမျိုးတွေရဲ့  မတရားသဖြင့်စီးပွားရေးလက်ဝါးကြီးအုပ်လုပ်ကိုင်မှုတွေ စစ်အာဏာရှင် အဖွဲ့ တွေရဲ့  ရက်စက်ယုတ်မာမှုတွေ ဒါတွေပါရေးလေ ဟို ဗိုလ်ပြုတ်ခင်ညွန့် က မြေမျို၍လူမျိုးမပြုတ် လူမြိုမှလူမျိုးပြုတ်မယ်ဆိုပြီး ၀ါဒဖြန့် ကြွေးကျော်လို့ မှ မကြာ သူသားဒေါက်ချာရဲနိုင်ဝင်းက စင်ကာပူမနဲ့ ယူခဲ့တယ်လေ ပြည်သူကစိတ်ရင်းအမှန်တိုင်းလက္ခံတဲ့လူအပေါ် မစော်ကားမိပါစေနဲ့  ချက်ချင်းဝဋ်လည်တယ်ဆိုတာ အဲ့ဒါပဲ ခင်ဗျားလဲ အဲဒီ ခင်ဗျားပထွေးအကြောင်းလဲရေးလေ...ခင်ဗျားလဲမနေ့ တနေ့ ကမှလူဖြစ်လာတဲ့သူမဟုတ်တော့ဒီအကြောင်းရင်းမှန်တွေကို သိမှာပါ...ကလောင်ကိုင်တဲ့ သူတဲ့သူက ကလောင်တံလို မကျင့်ရဘူး..တဘက်သတ်ပဲ မရေးရဘူး ရေးပြီဆိုထဲက အကျိုးလိုပြီးတော့မရေးရဘူး ကြောက်ရွံ့ လို့ ဆိုပြီးမရေးပဲလဲမနေရဘူး စာအုပ်ထုတ်ဝေတဲ့အဆင့်တောင်လုပ်တဲ့သူဆိုရင် ဒါကိုပိုပြီးတောင်နားလည်သင့်တယ် ....တဘက်သတ်ပဲရေးတဲ့ ခင်ဗျားစာအုပ် မတန်ကြေးပေးဝယ်ပြီး အမေစုပုံတွေကိုဖြုတ်သိမ်းပြီး ရောင်းတဲ့ဆိုင်ရှေ့မှာတင် မီးရှို့ ပစ်မယ် ...မှတ်ထားကြံ့ဖွတ်မသား..
ဘယ်သူတွေ ဘယ်လို ပြောပြော ဘာတွေ ရေးရေး တို့  မဗေဒါ ( အန်တီစု ) ကတော့ ပန်းပန်လျှက်ပါပဲကွယ် . . .
အောင်မြတ်ဦးသောက်ရူးရေ မသေမချင်းမှတ်ထား... ပညာရှိကိုမစော်ကားနဲ့..နင်က ဘယ်လောက်အရည်အချင်းရှိလို့လည်း....ငါတို့ရဲ့တိုင်းပြည်မိခင်ကို ပုတ်ခတ်စော်ကားတာမျိုးနောက်မဖြစ်အောင်ကြိုးစားပါ...ဒီလောက်ပဲပြောထားအုံးမယ်.....
ရုတ်တရက်ဆို စိတ်တိုစရာပါပဲ...ဒါပေမယ့် လိုသူရှိသလို မလိုသူလည်းရှိမှာပါ...ကိုယ်နဲ့အမြင်ခြင်း အယူအဆခြင်း မတိုက်ဆိုင်တာရှိမှာပါ...လူကောင်းဆိုတာဟာ..လူဆိုး ဆိုတာရှိလို့ပေါ်လာသလိုမျိုးလို့ ယူဆပါတယ်...လူဆိုးဆိုတာမရှိရင် လူကောင်းဆိုတဲ့ဝေါဟာရလည်းရှိမယ်မထင်ပါဘူး....Peace ပြောခဲ့သလို အပင်မြင့်လို့လေတိုက်ခံရတာပါ..ဒါက မလွဲမသွေကြုံရမှာပါပဲ..
Aung Myat Oo is really coward.
I think he is not a really writer.
အောင်မြတ်ဦးရေ မင်းကတော့ ပြည်သူ့မေတ္တာ ခံယူလိုက်အုံး
မောင်မင်းကြီးသားသွားလေရာချီးကားမတိုက်ခံရပါစေနဲ့
မိုးကြိုးမပစ်ခံရပါစေနဲ့
မြွေမကိုက်ခံရပါစေနဲ့
စားတဲ့ချီးအဆိပ်မဖြစ်ပါစေနဲ့.င်္..ငါ..တော်ပြီကွာ..မင်းလိုကောင်မျိုးနဲ့အချိန်
တယ်
ဆန်းလှစာပေတိုက်ထုတ်ဆိုရင် ဘာစာအုပ်မှမ၀ယ်ဖို့ တိုက်တွန်းပါတယ်...
အောင်မြတ်ဦးရေ မင်းလဲပြည်သူ့မေတ္တာ ခံယူလိုက်အုံး....
အဲဒီ စာအုပ် ထုတ်ဝေခွင့် ရ တယ် ဆို ရင်
ကြံဖွတ် တွေ အကြံအဖန် လုပ် တဲ့ အကြောင်းတွေ ရေးထားတဲ့ စာအုပ်မျိုးတွေ ရေးပြီး ထုတ် ဝေကြ ရ အောင်
ရေးနိုင်တဲ့ သူများရေးပေးကြဖို့ တိုက်တွန်းပါတယ်
Lucbus'son ကလုပ်သွားလို့ တင်းနေတုန်း ဒီလို ချီးဦးနှောက်နဲ့ စာရေးတယ်ဆိုတဲ့ကောင်တွေကလဲ တမှောင့် ။
Lucbes'son ကလုပ်သွားလို့ တင်းနေတုန်း ဒီလို ချီးဦးနှောက်နဲ့ စာရေးတယ်ဆိုတဲ့ ကောင်တွေကလဲတမှောင့်........
အောင်မြတ်ဦးဆိုတဲ့ ကောင်ရေ အသက် ၁၀ နှစ်အရွယ်your dauther
ကိုအာဖရိကအနှစ် ၂၀ လောက်ထားကြည့် ကပ္ပလီနဲ့ မညားရင်လည်ဖြတ်ခံမယ်ကွာ။
အမေစုကိုငါနဲ့ အမေစုချစ်တဲ့ ပြည်သူအကုန်လုံးနားလည်တယ်။
ဒါဟာ ကျော်ဆန်း တို.လက်ချက် ပါဘဲ
ဒီစာကိုရေးတာ ခေါင်ပိုင်းထဲက ပဲ ဖြစ်ရမယ် ။
ဘယ်သူတွေဘာပဲပြောပြောအမေစုကတော့ သူလုပ်စရာရှိဆက်လုပ်မှာပဲလေ
....ဟိုးလွန်ခဲတဲ့ အနှစ် ၂၀ ကို ပြန်စဉ်းစားကြည်လိုက်စမ်းပါ ဘယ်သူ အမေစုလောက်နေနှိင်လိုလဲ ဘယ်သူတွေအမေစုလောက်လုပ်နှိင်လိုလဲ ထောင်းထဲနေရတာများများပါ အဲဒီအချိန်တုန်းက အဒီစားရေးတဲလူဘယ်ရောက်နေလဲ ဘာလုပ်နေလဲ ပြောစမ်းပါ ခင်ဗျာတို အမေးစုလို နေနှိင်လာ့း လုပ်နှိင်လား ပြောစမ်းပါ ခင်ဗျာတို့ ကြမ်းဖွတ်သာဆက်အုပ်ချုပ်နေမယ်ဆိုရင်တော့ ကျုပ်တို့တို နှိင်ငံ ဖာနိုင်ငံ ပဲ ဖြစ်မှာပဲ နေပါအုံး ခင်းဗျာက ဝေဖန်ရအောင်း အဆင်ဘယ်လာက်ရှိလိုလဲ ပညာဘယ်လောက်တတ်လိုပဲ လေးတန်းတောင်းမအောင်းပဲ နဲ့နှိင်ငံကိုအုပ်ချုပ် ခဲတဲ့သူတွေ ဘာပြောမလဲ ခင်ဗျရေးလေအဲဒီလူအကြောင်းတွေ... ခင်ဗျာဘာပဲရေးရေးဘာပဲပြောပြော အမေးစုကိုတော့ဘယ်သူမှပြိုင်လိုရမှာမဟုတ်တာ ကျုပ်အသက်နဲ လောင်းရဲတယ် .....ခင်ဗျာရော.........
Post a Comment