လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့အစည်း တစ်ခှု၏ လူသားမဆန်သော လုပ်ရပ် (ပေးစာ)

ဘိုကလေးမြို့ ပေါ်ရှိလူသားချင်းစာနာမှုနှင့်ရပ်ရွာဖွံ့ ဖြိုးရေးအတွက်အဓိကထားလုပ် ဆောင်နေသော ကိုရီးယား(INGO) တစ်ခုတွင် ၄င်းတို့အဖွဲ့အစည်းမှ အောက်ခြေ၀န်ထမ်းများအ ပေါ်လူသားချင်းမစာ နာစွာ ပြုမူလုပ်ဆောင်ခဲ့ခြင်းတစ်ခု ပြီးခဲ့သော  January လကဖြစ်ပေါ်ခဲ့ပါသည်။ 

အဆိုပါကျူးလွန်ခံရသောသူတို့ကသူတို့၏မတရားစွပ်စွဲခံရမှု ၊ တဖက်သတ်ဆုံးဖြတ်ခံရမှု တို့ကြောင့် ဂုဏ်သိကာညှိုးနွမ်းကျဆင်းခြင်း ၊အလုပ်အကိုင်သစ်များရှာဖွေရန်အလွန်ခက်ခဲခြင်း ၊ ဘ၀တွင်ကြီးမားသောအမဲစက်စွန်းထင်ခြင်း ၊ မိသားစု အပေါင်းအသင်း လူမှုဝန်းကျင်တွင် အရှက်ရခြင်း များခံစားခဲ့ရ သောကြောင့် တခြား တခြား သော ( NGO ၊ INGO ) များတွင် တာဝန် ထမ်းဆောင်နေသော သူများထဲမှ ၄င်းတို့ကဲ့သို့ ခံစားခဲ့ကြရသောသူများကို ကိုယ်စားပြုပြီး သူတို့တွေ့  ကြုံခံစားခဲ့ရသောလူ့အခွင့်အရေး ချိုးဖေါက်ခံရမှုများကို ပြည်သူများနှင့်သက်ဆိုင်ရာ တာဝန်ရှိ သောသူများသိစေရန်တင်ပြလိုက်ပါသည်။

ဘိုကလေးမြို့ နယ်ရှိ ကိုရီးယား (INGO) တစ်ခုတွင်ကျေးရွာ ဖွံ့ဖြိုးရေး ၀န်ထမ်းများအားလုံးကို Evaluation လုပ်ရာမှ စတင်ဖြစ် ပွားခဲ့သောအကြောင်းအရာဖြစ်ပါသည်။ အဆိုပါ ၀န်ထမ်း အားလုံးသည် မည်သူတစ်ဦးတစ်ယောက်ကကိုမျှ ထိခိုက်စေလိုသော ရည်ရွယ်ချက်မရှိဘဲ အဖွဲ့ အစည်းအကျိုးနှင့် ၄င်းတို့တာဝန်ကျရာနေရာများမှ ရပ်ရွာလူထု အကျိုးကိုအတွက်ဦးတည်ပြီး လုပ်ငန်းအတွင်းလုပ်ဆောင်နေမှုများ၏ အားသာချက် အားနည်းချက်များကို Evaluation လုပ်ဆောင်နေသောသူများနှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုဆွေးနွေးခဲ့ပါသည်။

အဆိုပါဝန်ထမ်းများ သည်အဖွဲ့အစည်း၏ပုံရိပ် ကောင်းမွန်စေရေနှင့်  အဖွဲ့အစည်း၏လုပ်ငန်းများအောင်မြင်စေရေး ၊ လူသားအကျိုးပြုလုပ်ငန်းများ ပိုမိုထိရောက်စေရေး မျှော်ကိုးလျက်အကောင်းဆုံးဆွေးနွေးတင်ပြ ခဲ့သော ကြောင်းအရာများသည်မမျှော်လင့်ပဲ သူတို့အတွက် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိခဲ့ပါသည်။

အကြောင်းမှာ ထိုဝန်ထမ်းများအားလုံးကို ရန်ကုန် ရုံးချုပ်မှ အစည်းအဝေး ပြုလုပ်မည်ဟုခေါ်ယူပြီး အဆိုပါ အဖွဲ့ အစည်းမှ ရာထူးကြီးမြင့်သောသူများ၊ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသောသူများက ထိုအောက် ခြေ၀န်ထမ်းများအား မမှန်မကန် တဖက်သတ်စွပ်စွဲပြောဆိုခြင်း၊ ဂုဏ်သိကာထိခိုက်ညှိုးနွမ်းစေသော၊ အရှက်ရစေသော၊စိတ်ဒဏ်ရာ ရရှိစေနိုင်သော စကားလုံးများကိုအသုံးပြုပြီး ပြောဆိုကြိမ်းမောင်း ခဲ့ပါသည်။ 

အဆိုပါ ကျူးလွန်ခံရသောသူများသည် မမျှော်လင့်ပဲစွပ်စွဲ ပြောဆို ခံရ သော အကြောင်း အရာများကို                 ” ကျွန်တော်တို့မှာ ရှက်လွန်းလို့ဘယ်သူ့ကိုမျှပြန်မပြောခဲ့ပါ” ဟုစာရေးသူ အားပြောပြခဲ့ပါသည်။
ထိုဝန်ထမ်းများသည် ထိုအကြောင်းအရာပြီးဆုံးပြီထင်ပြီး လုပ်ငန်းခွင်အတွင်းပြန်လည် တာဝန်ထမ်းဆောင်နေခဲ့ရာ  တစ်လကျော်အကြာတွင် အဆိုပါဝန်ထမ်းများထဲမှ တစ်ဦးကို အလုပ်မှ ထုတ်ပယ်စာနှင့် ကျန်ဝန်ထမ်းသုံးဦးကို သတိပေးစာများ ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါစာတွင် မမှန်မကန်သောစွပ်စွဲချက်များကို English ဘာသာဖြင့် ရေးသားထားပါသည်။စွပ်စွဲခံဝန်ထမ်းများမှာ အောက်ခြေ၀န်ထမ်းများဖြစ်သဖြင့် ၄င်းစာထဲတွင်ပါသော အကြောင်းအရာများကို လုံးစေ့ပတ်စေ့ နားမလည်သောကြောင့် သေသေချာချာရှင်းပြပေးပါရန်တာဝန်ရှိသူများကို တောင်းဆိုရာ   တာဝန်ရှိ သူများကရှင်းပြခြင်းမရှိသည့်အပြင် ထိုကဲ့သို့တောင်းဆိုခြင်းသည်ပင်လျင် အလွန်ရိုင်းပြသော အပြုအမူဖြစ်ကြောင်းထပ်မံပြောဆိုခံခဲ့ရသည့်အပြင် ၄င်း အလုပ်ဖြုတ်စာနှင့် သတိပေးစာများကို အတင်းအကျပ် လက်မှတ်ရေးထိုးစေခဲ့ပါသည်။

နောက်ဆုံးတွင် အဆိုပါဝန်ထမ်းများထဲမှ အချို့  ၀န်ထမ်းများအလုပ်မှထွက်ခဲ့ကြပါသည်။ ထိုဝန်ထမ်းများသည် မိမိတို့ မတရားခံခဲ့ရခြင်းများကို မခံမရပ်နိုင်ဖြစ်သောကြောင့်လည်းကောင်း၊ ၄င်းတို့၏လူမှုနေထိုင်မှု ဘ၀တွင် လိပ်ပြာသန့်သန့် နေထိုင်လိုသောကြောင့်လည်းကောင်း၊ ၄င်းတို့တာဝန်ကျရာကျေးရွာများရှိလူထုထံမှ ၄င်းတို့စွပ်စွဲခံရသောအကြောင်းအရာများမှန်မမှန် သဘောထားတောင်းခံခဲ့ရာ၊ ရာပေါင်းများစွာသော လူထုက စွပ်စွဲသောအချက်အလက်များမှာမှန်ကန်မှုမရှိပဲတဖက်သတ်စွပ်စွဲပြောဆိုမှုများ သာ ဖြစ်ကြောင်း ထောက်ခံလက်မှတ်ရေးထိုးကြပါသည်။ 

အဆိုပါကျူးလွန်ခံရသောသူများက
(၁) (NGO ၊ INGO) များတွင်အလားတူလူ့အခွင့်အရေးချိုးခံနေရသူများဘယ်လောက်များနေလဲ?
(၂) အခြားအခြားသောအဖွဲ့အစည်းများတွင်အလုပ်လုပ်ရန်နှင့်     သူတို့ဘ၀ရှေ့ဆက်ဖို့ရန်အတွက် အမဲစက်စွန်းထင်သွားသောကြောင့် ဘာဆက်လုပ်ကြရမလဲ?
(၃)လူမှုအသိုင်းအ၀ိုင်းထဲမှာ ဘယ်လိုအင်အားတွေနဲ့ ဆက်လက်အသက်ရှင်ရမလဲ?
(၄) သူတို့ကဲ့သို့ကျူးလွန်ခံရသူများဘက်မှ ရပ်တည်ပေးကြသော အဖွဲ့အစည်းဘယ်နှခုရှိသလဲ?
(၅) သူတို့တာဝန်ထမ်းဆောင်ခဲ့သော အဖွဲ့အစည်းထဲမှ သူတို့လိုအောက်ခြေ၀န်ထမ်းများ ရှေ့ဆက် ဘယ်လိုရပ်တည်ကြမလဲ၊ သူတို့လိုပဲ မတရားအနိုင်အထက်ပြုခံရကြဦးမှာလား………စသည် စသည်မေးခွန်းများစွာဖြင့်စိုးရိမ်လျက်ရှိနေပါသည်။

အထက်ပါအကြောင်းအရာကို စာရေးသူအနေနှင့် အနည်းငယ်သုံးသပ်ပြလိုသည်မှာ လူထုအကျိုးပြုလုပ်ဆောင်နေသော အဖွဲ့အစည်းများတွင်လုပ်ပိုင်ခွင့်အာဏာရှိသူ( authorize person)   များ၊ ဆုံဖြတ်ချက်ချပိုင်ခွင့်ရှိသူ ( decision maker) များသည်အောက်ခြေ၀န်ထမ်းများ၏ ဆွေးနွေးတင်ပြချက်များ ( bottom – up) သဘောတရားများကို ကောင်းစွာနားလည်ရပါမည်။  ထို့အပြင် လူထုအသံ ( community voice) ကိုကောင်းကောင်းနားထောင်တတ်ရပါသည်။ သို့မှသာအောင်မြင်တိုးတက်သော အဖွဲ့အစည်းကောင်းတစ်ခုဖြစ်လာပါမည်။ အဖွဲ့အစည်းမှ ချမှတ်ထားသောမူဝါဒများ      ( Organizational Policies)၊ စည်းမျည်းစည်းကမ်းများ (Rules and regulations) မည်မျှကောင်းစေကာမူ လုပ်ပိုင်ခွင့်အာဏာကိုအလွဲသုံးစားလုပ်တတ်သော၊ မှားယွင်းပြီးတဖက်သတ်ဆန်သောဆုံးဖြတ်ချက်များချတတ်သော မကျွမ်းကျင်သော အထက်အရာရှိများ၏ မဆင်မခြင်မှုများကြောင့်အဖွဲ့အစည်း၏ဂုဏ်အသရေကို ထိခိုက် ညှိုးနွှမ်းစေပါသည်။အထူးသဖြင့် လူသားခြင်းစာနာမှုဆိုင်ရာအထောက်အပံ့ပေးနေကြသော အဖွဲ့အစည်းများမှ လုပ်ပိုင်ခွင့်အာဏာရှိသော၊ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသော အရာရှိ အရာခံဝန်ထမ်းများသည် လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာများကိုသေသေချာချာ ဃဃဏဏ သိရှိထားသင့်ပါသည်။ယခုကျွန်တော်တို့မြန်မာနိုင်ငံသည် ဒီမိုကရေစီ နိုင်ငံဆီသို့ချီတက်လျက်ရှိရာ ပြည်သူလူထုအတွင်းမှလည်းမိမိတို့၏မွေးရာပါအခွင့်အရေးများ
ကိုနားလည်သိရှိပြီး မိမိတို့ ၏ မတရားခံနေရမှုများကို ယခုကဲ့သို့အများပြည်သူသိအောင်တင်ပြသင့်ပါသည်။

Saw Pyi Chit
လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့အစည်း တစ်ခှု၏ လူသားမဆန်သော လုပ်ရပ် (ပေးစာ) လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးအဖွဲ့အစည်း တစ်ခှု၏ လူသားမဆန်သော လုပ်ရပ် (ပေးစာ) Reviewed by သစ်ထူးလွင် on 00:12 Rating: 5

2 comments:

Thet said...

အထက်အထိ တက်တိုင်ပါ။ သူတို့ မဟုတ်တာ လုပ်တာ ထင်ရှားရင် သူတို့အဖွဲ့ကို ပြည်နှင်ဒါဏ် ပေးလိမ့်မယ်။ MOU ဆက်မပေးပဲ ထားလိုက်မယ်။

မျိုးစင်ဆွေဆက် said...

အကြောင်းရာက မပေါ်လွင်ဘူးဖြစ်နေတယ်...ဘယ်လိုအကြောင်းအရာကို ဘယ်လိုနစ်နာအောင် အလုပ်ခံရသလဲဆိုတာ မပေါ်လွင်ဘူးဖြစ်နေတယ်...သေချာထပ်ရှင်းပြပါ ပွင့်ပွင့်လင်းလင်း..ရှင်းရှင်းသိချင်လို့ 

Powered by Blogger.