မလေးရှားနိုင်ငံ မြန်မာသံရုံးမှာသံမှူးကြီးနှင့်အတိုက်ခံလုပ်ပြောမိလို့ အခွန်ဆောင်သူတဦး ထိုးကြိတ်ခံရ (ပေးစာ)

၂.၂.၂၀၁၂ ညနေ ၈း၄၅ မီနစ် သံရုံးပိတ်ခါနီးချိန် ကျနော်တို့က ပါတ်စပို့ စ်စာအုပ်ယူပြီး ပြန်ဖို့အထွက် ကျနော်တို့အရှေ့မှာ လူ ၂ယောက်က ၁ယောက်ကိုဝိုင်းထိုး၊ ချေထောင့်နှင့်ကန်နေတာကိုမြင်ရတော့ တော်တော်လေးကို အံသြသွားတယ်ဗျ။
နောက်ပြီး သံရုံးဝန်ထမ်းတွေပါထွက်ပြေးလာပြီး ဘာဖြစ်တာလဲ ၊ ဘာဖြစ်တာလဲဆို့ပြီးလာမေးကြတယ် ၊ ဟိုကောင်းလေးကတော့ ဒူးထောင့်ပြီး ခေါင်ကိုလက်နှစ်ဖက်နှင့်ကာပြီးတော့ တောင်းပန်နေတယ်ဗျ ။ 
ထိုးပြီးထွက်လာတဲ့ လူက  ခန့်၀၀နှင့်လူက မင်းဘာကောင်းလဲကွ  ၊ မင်းအခုပြောတာ သံမှူးကြီး ၊ သံမှူးကြီးကိုပြောရင် ငါတို့အဖေကို ပြောတာနှင့်အတူပဲ၊ သံမှူးကြီးကိုစော်ကားရင် ငါ တို့အဖေကိုစော်ကားတာနှင့်အတူးပဲ့ဆိုပြီး ကြုံးဝါ ပြောဆိုပြီး အထဲကိုဝင်သွားတယ်။
ကောင်းလေးက နည်းနည်တော့မူးနေတယ် ၊ နောက်တော့ သံမှူးကြီး  ဦမောင်မောင်ကြိုင် ထွက်လာပြီး ဒီကောင်လေးရဲ့ စာအုပ်နှင့် အခွန်ဆောင်စာရွက်ကိုယူလာပြီး မင်းဒါတွေကိုယူပြီး နောက်ဘယ်တော့မှ သံရုံးကိုမလာနှင့်တော့ဆိုပြီး သူ့စာအုပ်နှင့်အခွန်ဆောင်စာရွက်ကိုလာပေးတယ်။
နောက်ပြီး သံမှူးကြီးက အခွန်ဆောင်ရတာက ငါတို့တနိုင်ငံတည်းမဟုတ်ဘူး တခြားနိုင်ငံတွေလည်း ဆောင်နေရတာပဲ ဆိုပြီးတော့ ကျနော်ကိုရှင်းပြတယ်၊ လူကတော့ သိပ်ပြီးမရှိတော့ဘူးပြန်ကုန်ကြပြီး ၂၀လောက်ကျန်တယ်ထင်တယ်။
အပြင်ထွက်မယ့်တံခါးကိုလည်း ဆွဲပိတ်လိုက်တော့ ကျနော်တို့လည်း အပြင်ထွက်လို့မရတော့ဘူး သံမှူးကြီးပြောတာကိုပဲဆက်ပြီးတော့နားထောင်တော့ ၊ အရင်ကဆိုရင်း မင်းတို့ပိုက်ဆံတွေကို ငါတို့သံရုံးမှာပဲ့လက်ခံတယ် ၊ အခုဆိုရင် may bank (မလေးရှာဘဏ်) မှာသွာပြီးတော့ သွင်းခိုင်းတယ် ဘာဖြစ်လို့လဲဆိုရင် ငါတို့သံရုံးမှာသွင်းရင် သံရုံးက စားတယ်ဆိုပြီးမင်းတို့ထင်နေကြမှာ ဒါကြောင့်မင်းတို့ကိုဘဏ်မှာ သွင်းခိုင်တာ ငါတို့တပြားမှမစားဘူး နိုင်ငံတော်ကို အကုန်သွင်းရတယ် ဆိုပြီး သံမှူးကြီးက ရှင်းပြတယ်။
ကောင်လေးကတော့ သံမှူးကြီးမှန်းမသိဘူးထင်တယ် ၊ ကောင်လေးက မွန်လူမျိုးပါ သူက သူများနိုင်ငံတွေ နီပေါတို့ ဘင်္ဂလာဒေ(ခ်ျ)တို့ နိုင်ငံတွေ အခွန်တပြားမှဆောင်စရာမလိုဘူး ဆိုပြီ သံမှူးကြီးနှင့်အတိုက်ခံလုပ်  ပြောမိလို့ ထိုးကြိတ်ခံ ခဲ့ရတာဖြစ်တယ်။ 
ကျနော်တို့အရှေ့မှာ ဒီလို မျိုးမင်းမဲ့စရိုက်ဆံဆံ သံရုံးဝန်းထမ်း၂ယောက်က ဒီလို့လုပ်တာ မဖြစ်သင့်ဘူးလို့ထင်တယ်ဗျာ၊ ကောင်လေးအနေနဲ ဘယ်လိုပဲ အမှားတွေ ပြောမိသည်ဖြစ်စေ ပါးစပ်နှင့်သာ ဆုံး မသင့်ပါတယ် ၊ နောက်နောင် ကိုယ့်လူမျိုးအချင်းချင်း ဒီမျိုးမဖြစ်ပါစေနဲလို့ ဆုတောင်းရင်း ကိုသစ်ထူးလွင်မှတဆင့်ဝေငှ ပါရစေ ခင်ဗျား၊၊                                                                                     
 (  ဒီဓါတ်ပုံကတော့ ပါတ်စပို့ စ်ထုတ်ဖို့စောင့်နေတဲ့ လူတွေပါ)
                                                                                                                                                                   မျက်မြင်တွေ့ရှိသူ
                                                                                                                                                                                   တောသားလေး (၂ .၂ ၂၀၁၂ )
မလေးရှားနိုင်ငံ မြန်မာသံရုံးမှာသံမှူးကြီးနှင့်အတိုက်ခံလုပ်ပြောမိလို့ အခွန်ဆောင်သူတဦး ထိုးကြိတ်ခံရ (ပေးစာ) မလေးရှားနိုင်ငံ မြန်မာသံရုံးမှာသံမှူးကြီးနှင့်အတိုက်ခံလုပ်ပြောမိလို့    အခွန်ဆောင်သူတဦး ထိုးကြိတ်ခံရ (ပေးစာ) Reviewed by သစ်ထူးလွင် on 00:14 Rating: 5

19 comments:

kp3site said...

ဟုတ်ပါတယ်။ကိုသစ်ထူးလွင်ပြောတာမှန်ပါတယ်၊ဒါပေမယ့်သိတယ်ဆိုရင်အဲ့ဒီ
သံရုံးဝန်းထမ်းနာမည်လေးသိရင်ပြောပြပေးလို့ရမလားမသိဘူး။ကျနော်သံရုံးဝန်းထမ်းတွေသိတဲ့သူတွေများတယ်၊ကျနော်သိချင်လို့ပါ။ခင်မင်လေးစားလျှက်ကေပီသရီးမိသားစု၊ဒီထက်မကသတင်းတွေကိုဒို့မြန်မာပြည်သူပြည်သားတွေအတွက်
ပိုပြီးမျှဝေနိုင်ပါစေလို့ဆုမွန်ကောင်းတောင်းလျှက်။kp3family

PYI THEIN said...

But I knew we don't need to pay tax .
What happen with the news !

PYI THEIN said...

But according to the latest news we don't need to pay any more tax at the Myanmar Embassy.
Why ? Still collecting tax !

Aung said...

January 2012 လ ဆန်း က စ ပြီး မြန်မာ ပြည် အစိုး ရ ကို အခွန် မပေး ရ ဘူးလို့  အမိန့်  ကြေငြာ စာ ကို ဖတ်ဘူးပါတယ်

myo lay said...

Right, myanmar embassy say after 1.1.2012 start no need to pay tax. Before 1.1.2012 use to all passport need to pay income tax . Ok , thanks

humanhankoko said...

Ko pyi Thein, government announced that ' all mm citizens who working in abroad don't need to pay income tax any more when start from 1st January 2012. So we still need to pay the working period before that. I am also the one working in abroad.i also left more than one year

မြန်မာပြည်သား said...

ဟုတ်ပါတယ်..ကျနော်တိုနိုင်ငံတခုထည်အခွန်စောင်မှpass port သက်တန်တိုးပေါတယ်...ကျနော်ကိုတွေပါ..ကျနော်ဟာsingapore သံရုံကို၃နှစ်စာလောက်အခွန်စောင်ရမှာ....အက်ဒိတော့မြန်မာပြည်မှာအခွန်စောင်ရင်သက်သာတော့အိမ်ကိုလှမ်းပီစောင်ခိုင်လိုက်တယ်....ကျနော်ကover sea ထွက်သွားတော့၁လလောက်ကြားသွားပြန်လာတော့သူငယ်ချင်တယောက်ကပြောတယ်...မြန်မာပြည်မှာအခါန်စောင်ထာတာတွေဒီမှာမလုပ်ပေးတော့ဘူတဲ့..ကျနော်လည်သိသိချင်..သံရုံးသွားပီအခွန်စောင်တော့...မရတော့ဘူလက်မခံတော့ဘူပြောတယ်...တရာဝင်စာလည်မထုန်ဘူး....အက်ဒါနဲ့ ကျနော်လည်...ဒါဆိုဒိမှာစောင်မယ်လနဲနဲလောက်လျှောပီစောင်မယ်နောက်ကျနော်ပြန်စောင်မယ်ပြောတာမရဘူး..ကျနော်money အခက်ခဲဖြစ်လိုပ်..မြန်မာပြည်ကိုလှမ်းစောင်လိုက်လိုပ်ပြောတော့...singapore သံရုံးကမမ ကရှင်ဒေါသနဲရှင်စောင်တာတဲ့..ကျနော်လည်စိတ်တိုသွားတယ်..ဒီပိုက်ဆံတွေကအခွန်ဦစီးကိုသွားတဲမဟုတ်လာလိုပြောတော့..ဒါ၇ှင်နဲ့ မဆိုင်ဘူတဲ့..ရှင်မစောင်ရင်နောက်မှာစောင်မဲ့သူတွေရှိတယ်...အချိန်ကုန်မခံမိုင်ဘူတဲ့....အဓိမမနာမည်တော့မသိလိုမထည်တာပါ...၂၀၁၂မောက်ပိုင်အခွန်မစောင်ရတော့ဘူဆိုတော်...ကျနော်တိုသန်ထုန်ကြီပေါ့သွာတာပေါ့ဗျာ.....

The Wild Rose said...

လက်စွမ်းပြတဲ့ သံရုံးဝန်ထမ်းက သံမှူးကြီးကို ချစ်လိုက်ပုံများ ...
အဲဒီ သံရုံးဝန်ထမ်းရဲ့ အမေလုပ်တဲ့သူကလဲ မေးရှာပါတယ် ... ငါ့သား တဲ့ မင်းတို့ သံရုံးမှာ ... နောက်ထပ် သံမှူးကြီးအသစ် ထပ်ပြောင်းလာဦးမလား တဲ့ ... ပြောင်းရင် ကြိုပြောထား .. ခဏ ခဏ ပြောင်းရင် အမေလဲ မှတ်မိမှာ မဟုတ်ဘူးတဲ့ .... :))))
အထက်အရာရှိတွေ ... အထက်လူကြီးတွေကို မျက်နှာလို မျက်နှာရ ဖါးတဲ့နေရာမှာတော့ ... တယောက်နဲ့ တယောက် ... ဂရင်းနစ်စံချိန်တင်ဖို့ အပြိုင်ကြိုးစားကြတယ် ထင်ပါရဲ့ ...

Susan said...

ဟုတ်တယ်လေ ၂၀၁၂ မှာ အခွန်မဆောင်ရတော့ဘူးလို့ ကြေငြာထားတာပဲဟာ။ အဲဒီ သံရုံးကလူ အလုပ်မပြုတ်ဘူးလား။ ဒီလိုမျိုး လူကို ရိုက်နှက်ထိုးကြိတ်စရာမလိုပါဘူး။ အစိုးရရုံးမှာတောင် မင်းမဲ့စရိုက်ဖြစ်နေပြီဆိုရင် မြန်မာ့အစိုးရ၀န်ထမ်းတွေ တော်တော်ပျက်စီးနေပြီလို့ ပြောရလိမ့်မယ်။

Henry said...

One of staffs ( Myanmar Embassy in Malaysia) is very rude. I have experience too. He forgot that his salary is paid by Myanmar people's tax money.

Anonymous said...

ကျွန်တော်တို့လည်း မြန်မာသံရုံးကိုသွားပြီးအခွန်ဆောင်ရပါတယ်...မလေးရှားနိုင်ငံမှာရှိတဲ့မြန်မာသံရုံးမှာ ကွမ်းယာရောင်းတဲ့သူကအစ သံမှူးကြီးအဆုံး အားလုံးပဲ ရိုင်းစိုင်းကြပါတယ်ခင်ဗျာ.... သံရုံးကို အကြိမ်ကြိမ်အခါသွားနေရတော့ မလေးရှားက သံရုံးကိုရောက်ဘူးတဲ့အလုပ်သမားတွေ တော်တော်များများသိပါတယ်....

WISE GUY said...

၂၀၁၂ ဇန်န၀ါရီက စလို့ အားလုံးအခွန်ဆောင်စရာ မလိုတော့ပေမယ့် ရှေ့က ၂၀၁၁ ဒီဇင်ဘာအထိ ပေးရမယ်လေဗျာ။ ဘာလုပ်ချင်ချင် အခွန်ကြေမှ စကားပြောလို့ရတာ သိသားနဲ့ဗျာ . . . ။

လူငယ် said...

သတင်းတစ်ပုဒ်ကိုရမ်းရေးပြီးရမ်းတင်ရင်သတင်းမဟုတ်ဘဲအတင်းဖြစ်သွားမယ်။ဦးမောင်မောင်ကြိုင်ဆိုတာသံမှုးကြီးမဟုတ်ပါ(တတိယအတွင်းဝန်ကနေရာထူးတိုးပြီးခါစ)လက်ရှိသံမှုးကြီးသည်ဦးကျော်ဇေယျ။သံအမတ်ကြီးသည်ဦးတင်လတ်------ဒီထက်သေချာတဲ့သတင်းရင်းမြစ်ကိုထပ်တင်ပေးပါအုန်း

လူငယ် said...

သတင်းတစ်ပုဒ်ကိုရမ်းရေးပြီးရမ်းတင်ရင်သတင်းမဟုတ်ဘဲအတင်းဖြစ်သွားမယ်။ဦးမောင်မောင်ကြိုင်ဆိုတာသံမှုးကြီးမဟုတ်ပါ(တတိယအတွင်းဝန်ကနေရာထူးတိုးပြီးခါစ)လက်ရှိသံမှုးကြီးသည်ဦးကျော်ဇေယျ။သံအမတ်ကြီးသည်ဦးတင်လတ်------ဒီထက်သေချာတဲ့သတင်းရင်းမြစ်ကိုထပ်တင်ပေးပါအုန်း

myo lay said...

ဟာကွ သံမှုးကြီးပဲဖြစ်ဖြစ်၊အမတ်ကြီးပဲ့ဖြစ်ဖြစ် သံရုံးဝန်ထမ်းတွေက ဒီလိုမျိုးထိုကြိတ်တာ မလုပ်သင့်ဘူး၊ ဒါဟာ အာဏရှိတယ်ဆိုပြီး အာဏပြတာ ပြည်သူကိုစော်ကားတာ၊ သံရုံးကစာမတတ်တဲ့လူမိုက်တွေ ဌားထားတာဖြစ်မှာပေါ့၊ တကယ့် စာတတ်တဲ့လူဆိုရင် ဒီလိုလုပ်မှာလား၊

Unknown said...

i agree with myolay,,
no need to rude like that,,anyway,,,
i mean if he is human...

shan kalay said...

ဦးမောင်မောင်ကြိုင် က အခု လက်ရှိသံမှူးပါ။ ရာထူးတိုးပီးခါစပဲရှိပါတယ်။ အခု သံရုံးမှာ လုပ်နေကြတဲ့ အခွန်တွေက မလေရှား 6P အစီအစဉ်ထဲမှာရှိတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို မှီငြမ်းပီး စာအုပ်ပြန်ထုတ်ပေးတာပါ။ ရက်လွန်အလုပ်သမားတွေကို၊ အားလုံး ၄၈၀ ဆောင်ရပါတယ် ဒဏ်ကြေးအနေနဲ့ ။ ချလန် ကြေးက ၁၀ ပါ။ လူတွေ နေ့ တိုင်း ရာချီ စာအုပ်ပြန်လုပ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲလုပ်ပါတယ်။ ဒါပေမဲ့ သံရုံးမှာ တရားဝင်လုပ်ရင် ကြာပါတယ် ၊ အချိန်အရမ်းဆွဲပါတယ်။ သူတို့ ငွေမရလို့ လေ။ တရားဝင် ဘဏ်ထဲသွင်းရတာကိုး။ သူတို့ သံရုံးမှာ ပွဲစားတွေထားထားပါတယ် ၊ သူတို့ နဲ့ ချိတ်ရင် မြန်ပါတယ် ။ ကျွန်တော်ကိုယ်တိုင် ၄၉၀ ပေးဆောင်ရမှာကို ၈၅၀ ပေးရပါတယ်။ သံမှူးအတွက် ၁၀၀ ၊ သံရုံးဝန်ထမ်းတွေအတွက် ၁၀၀ ၊ ပွဲစား အတွက် အားလုံးပေါင်းပေါ့။ အဲလိုပေးရင် ဒီနေ့ လုပ်ရင် နောက်နေ့ ရပါတယ်။ စာရွက်တွေမှာ one star လို့ မှတ်ထားပါတယ် ။ နေ့ စွဲကိုလဲ ချိန်းထားပါတယ် ။ ပွဲစားနဲ့ လုပ်တဲ့အတွက် မြန်ပါတယ် ။ ဒါပေမဲ့ အဲဒီ အကျင့်က လုံးဝ တရားမမျှတပါဘူး။ ကျွန်တော်ကိုယ်တိုင်ရပေမဲ့လဲ ကျန်တဲ့သူတွေအများကြီး တန်းစီရတယ် ။ ခဏခဏချိန်းတယ် ၊ စကားပြောရင်လဲ မချေမငံပြောပါတယ် ။ ပြောရင်တော့ အများကြီးပေါ့လေ ။ ဒီလောက်ပဲ အကြမ်းမျဉ်းပြောလိုက်တာပါ။

shan kalay said...

အခု အဲဒီကိစ္စနဲ့ ပတ်သတ်ပီး နေပြည်တော်က သံမှူးကို ထုခြေလွှာတင်ခိုင်းတယ်လို့ သတင်းကြားပါတယ်။ သေချာတော့မသိရသေးပါ။ မလေးရောက်မြန်မာများကို ကိုယ်ချင်းစာလို့ ဒီကွန်မန့် ကို တင်တာပါ။သတင်းထူးရင် ထပ်တင်ပေးပါ့မယ်။

Susan said...

သနားပါတယ်။ ၀တ်စုံပြည့်နဲ့ ...စားနေကြတာ။

Powered by Blogger.