ဒေါ်အောင်ဆန်းစုကြည်မန္တလေးခရီးစဉ် ဖျက်သိမ်း

ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခံလူထုကို မိန့် ခွန်းပြောကြားနေစဉ်
ဒေါ်အောင်ဆန်းစုကြည်မန္တလေးခရီးစဉ် ဖျက်သိမ်းရခြင်းနှင့်ပတ်သက်ပြီး

“လူထုစည်းရုံးရေးအတွက် ကွင်းငှားတာ အဆင်မပြေဘူး။ အဲဒါကြောင့်ပါ။ လောလောဆယ် ခဏ ရွှေ့လိုက်တာပါ။ ကျန်တဲ့ခရီးစဉ်တွေက ဘာမှ အပြောင်းအလဲမရှိပါဘူး” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြန်ကြားရေးတာဝန်ခံဦးအုန်းကြိုင်က ရှင်းလင်းပြောကြားသည်။
ဖေဖော်ဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့တွင် မန္တလေး သွားရောက်ရန် ရည်ရွယ်ထားသော ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ တစ်ဦးဖြစ်သူ ဦးကြည်တိုးက The Voice Weekly သို့ အတည်ပြု ပြောကြားပြီး မည်သည့် အကြောင်းကြောင့် ဖျက်သိမ်းသည်ကိုမူ ထုတ်ဖော် ပြောကြားခြင်း မရှိပေ။
ဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးရွေးကောက်ပွဲ အောင်နိုင်ရေးခရီးစဉ်နှင့် ဟောပြောပွဲ အစီအစဉ်များအတွက် စီစဉ်မှု အခက်အခဲများပေါ်ပေါက်ခဲ့၍ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ရက်ရွေ့ လိုက်စေကြောင်းနှင့် ယင်းသို့ ရက်ရွေ့ ရခြင်း
အတွက် မန္တလေးလူထု နားလည်ပေးနိုင်ရန် မီဒီယာများမှတဆင့် အသိပေးပြောကြားစေလိုက်
ကြောင်းသိရပါသည်။ မန္တလေးခရီးစဉ် ၏ မူလ ရက် မှ ရွေ့ ပြောင်းမှုရှိသော်လည်း အခြား အောင်နိုင်ရေးခရီးစဉ်များမှာ အပြောင်းအလဲမှုမရှိသည့်အတွက်၊ မန္တလေးခရီးစဉ်ကို မည်သည့်ရက်သို့ ရွေ့ ပြောင်းကြောင်း သတ်မှတ်ရခြင်းမရှိသေးကြောင်းနှင့် NLD ဥက္ကဌ
၏ ခရီးစဉ် အတွက် မန္တလေးသို့  ရှေ့ ပြေးရောက်ရှိနေသူများလည်း ရန်ကုန်သို့ ပြန်လာကြမည်
ဖြစ်ကြောင်း The Voice သတင်းမှာဖော်ပြထားပါသည်။
ပေါ်ပြူလာဂျာနယ် ကတော့---
ဖေဖေါ်ဝါရီလ ၄ရက် ၅ရက်တို့ တွင် မန္တလေးခရီးစဉ် သွားရောက်မည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဟောပြောပွဲ စီစဉ် ထားမှုမှာ ပျက်ပြယ်သွားကြောင်းသတင်းများကြားသိနေရချိန်တွင် မန္တလေးတိုင်း ( နေပြည်တော်ကောင်စီနယ်မြေ)ဇမ္ဗူသီရိ မြို့ နယ် မှ ရွေးကောက်ပွဲ
ပါဝင်ယှဉ်ပြိုင်မည့်  ကိုယ်စားလှယ်လောင်း ဒေါ်စန္ဒာမင်း (ခ) ရွှီး ( ၈၈ မျိုးဆက်
ကျောင်းသား ) သည် မူလ စီစဉ်ထားသည့် အတိုင်း မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရုံးသို့ မပျက် မကွက် သွားရောက်မည်ဖြစ်ကြောင်း၊ မန္တလေးတိုင်း လူထုနှင့် ထိတွေ့ 
ဆက်ဆံနှုတ်ဆက်ဖို့ ရှိကြောင်း အဆိုပါ ခရီးစဉ် အတွက် ဖေဖေါ်ဝါရီ ၃ ရက်နေ့ နံနက်တွင်
ရန်ကုန်မြို့ မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ( မန္တလေးတိုင်းတွင် NLD ဥက္ကဌ ၏
ဟောပြောပွဲများကို မူလက ဘောလုံးကွင်းများတွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း အစီအစဉ်များပျက်ကြောင်းသတင်းများ ထွက်ပေါ်ပြီးနောက် အမရပူရ အခမဲ့ ဆေးပေးခန်း
နှင့် တံတားဦး မြို့နယ်သို့ ရွေးကောက်ပွဲ အောင်နိုင်ရေး သွား ရောက်ရန် ရှိကြောင်း
သတင်းများထွက်ပေါ်ခဲ့ပြန်ပါသည်။ ထိုမှ မန္တလေးတောင်ခြေ မြင်းပြိုင်ကွင်းဟောင်းတွင်
ဟောပြောပွဲ ဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများလည်း ဆက်လက်ထွက်ပေါ်လာဆဲဖြစ်၍
NLD ဥက္ကဌ ၏ မန္တလေး ခရီးစဉ်အပေါ် လူထုအနေနှင့်
အထူးစိတ်ဝင်စားလျှက်ရှိသည်။)

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပါတီဗဟိုအလုပ်မှုဆောင်အဖွဲ့က ထပ်မံဆွေးနွေးကာ ရက်သတ်မှတ်မည်ကြောင်း ပေါ်ပြူလာဂျာနယ် သတင်းမှာလည်း ဖော်ပြထားပါသည်။

  7Day News Journal သတင်းမှာတော့---
ရန်ကုန်၊ ဖေဖော်ဝါရီ- ၃
ဒေါ်အောင်ဆန်းစုကြည်၏ ဖေဖော်ဝါရီ (၄၊ ၅) ရက်တွင် မန္တလေးသို့သွားရောက်မည့် ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီးနောက် မည်သည့်အချိန်တွင် သွားရောက်မည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က အစည်းအဝေးကျင်းပကာ ရက်ထပ်မံသတ်မှတ်မည်ဖြစ်ကြောင်း ပါတီ၏ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်ကပြောသည်။

ခရီးစဉ်ရွှေ့ဆိုင်းရခြင်း၏ အဓိကအကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်လူထုသို့ မိန့်ခွန်းပြောကြားရန် ဗထူးအားကစားကွင်း၊ ရတနာပုံဘောလုံးကွင်းနှင့် မန္တလေးတောင်ခြေအားကစားကွင်းတို့ကို တစ်ကွင်းပြီးတစ်ကွင်း ငှားရမ်းခဲ့သော်လည်း အဆင်မပြေသည့်အတွက်ဖြစ်ကြောင်း ၎င်းက ထပ်မံရှင်းပြသည်။

ဗထူးအားကစားကွင်းကို မူလက ငှားရမ်းမည်ဟု ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဦးဇော်ဇော်က ပြောကြားထားသော်လည်း ခရီးစဉ်ရက်နီးလာသောအခါ ငှားမရတော့သည့်အတွက် ရတနာပုံဘောလုံးကွင်းနှင့် တောင်ခြေအားကစားကွင်းတို့ကို ငှားရမ်းရာတွင်လည်း အဆင်မပြေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၇ ရက်တွင် ပုသိမ်မြို့သို့ သွားရောက်မည့် ခရီးစဉ်မှာ စီစဉ်ထားသည့်အတိုင်း သွားရောက်မည်ဖြစ်ပြီး လူထုသို့ ဒေါ်အောင်ဆန်းစုကြည်က ပုသိမ်မြို့ရှိ ကျောက်တိုင်အားကစားကွင်းတွင် မိန့်ခွန်းပြောကြားမည်ဖြစ်သည်ဟု 7Day News Journal က ရေးသားထားပါသည်။
 By: သစ်ထူးလွင်
 
 
 
ဒေါ်အောင်ဆန်းစုကြည်မန္တလေးခရီးစဉ် ဖျက်သိမ်း ဒေါ်အောင်ဆန်းစုကြည်မန္တလေးခရီးစဉ် ဖျက်သိမ်း Reviewed by သစ်ထူးလွင် on 10:44 Rating: 5

8 comments:

ဂျာမွန်း ရွှေဝတ်မှုန် said...

ဇာတ်လမ်းတော့ စပြန်ပြီဟေ့..ပြည်ခိုင်ဖြိုးက မဲဆန္ဒနယ်အားလုံးမှာ ရာနှုန်းပြည့်နိုင်ရမယ်လို့ အသံထွက်ပြီးတော့ အမေစုထပ်သွားရင် သွားတဲ့နေရာတိုင်းမှာ ရှုံးမှာသေချာနေလို့ ပထမမန်းလေး၊နောက် ပုသိမ် သွားလို့ မရအောင် လုပ်နေကြပြီ ကြောက်တတ်ရင့်မကြီးတွေ ထမိန်ဝတ်ပြီးသာ အိမ်မှာ ထမင်းချက် ကလေးထိန်းနေကြ ဒါပဲ
စိတ်ထဲ ရှိသမျှ ပြောလိုက်ရရင် ကိုသစ်လွင်ထူး ကွန်မန့်ပိတ်သွားမှာစိုးလို့

kyaw soe ko ko said...

တွေ့ တယ်နော် ကြောင်လက်သဲဝှက်တွေ စောက်ကျင့် တွေတဖြည်းဖြည်းပေါ်လာပြီ....

မြန်မာပြည်သား said...

လူကိုတိုင်မသွားလည်နိုင်မှာပါပဲ...အမေစုဘက်ကအာလုံရှိပါတယ်

htayhtay said...

ဘာဖြစ်ဖြစ် NLD ကို ပဲ ကျနော် ကမဲပေးဖို့ အစဉ်သင့်ပါပဲ ဗျာ

thuthu said...

No matter what she able to come or not, Most Mandalay people will only vote to NLD from their deepest mind.

Anonymous said...

အင်း ကိုသစ်လွင်ထူးေ၇ comment ပိတ်တာ နာမည်ကြီးနေပြီနော်

burma said...

They are start the problem for mother Su...

aung said...

ခွေးတွေ ယုတ်မာကြပြီ

Powered by Blogger.