မြန်မာပြည်တခုလုံး​မှာ ချင်း​ပြည်နယ်က အခက်အခဲဆုံး​၊​ အဆင်း​ရဲဆုံး​ ​ဒေသပဲ

ချင်း​ ပြည်နယ်ရဲ့​ လျှပ်စစ်မီး​ရရှိမှုဟာ မြို့​တော် ဟား​ခါး​မှာ​တောင် သုံး​ရက်ခြား​တကြိမ် မီး​လာပြီး​ တကြိမ်လာရင် ၃ နာရီပဲ ရရှိတဲ့​အတွက် လျှပ်စစ်မီး​ကို အမှီပြုတဲ့​ လုပ်ငန်း​တွေ အခက်အခဲ ဖြစ်​နေပါတယ်။ ဒီအ​ကြောင်း​အပါအဝင် ချင်း​ပြည်နယ်သား​တွေရဲ့​ အ​ခြေအ​နေကို ဟား​ခါး​မြို့​မှာ ​နေထိုင်တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ချင်း​ပြည်နယ် ဥက္ကဋ္ဌ ဦး​ဗန်လျန်း​ကို ​မေး​ထား​ပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့
ကျန်တဲ့ ​နေရာ​တွေမှာ​တော့​ လျှပ်စစ်မီး​မရတာ​တွေ အသံ​တွေထွက်တယ်။ လုပ်အား​ပေး​ ခိုင်း​စေတာ​တွေလည်း​ အသံထွက်တယ်။ ချင်း​ပြည်နယ်မှာ​ကော။
“ချင်း​ပြည်နယ်မှာလည်း​ ထိုနည်း​လည်း​ကောင်း​ပဲ။”
ချင်း​ပြည်နယ် ဟား​ခါး​မြို့​ပေါ်မှာ တ​နေ့​ကို ဘယ်နှနာရီ မီး​လာလဲ။
“၆ နာရီခွဲက​နေ ၉ နာရီခွဲထိပဲ​ပေး​တယ်။ ၂ ည ခြား​ပေး​တယ်။ သုံး​နာရီ​လောက် လာတယ်။ ​နောက်ဌာနဆိုင်ရာ​တွေက ဒီက​နေ ကွန်ပျူတာသုံး​တဲ့​သူ​တွေဆီကလည်း​ အချိန်မှန်မီး​မရလို့​ ရုံး​လုပ်ငန်း​တွေလည်း​ အကုန်လုံး​ထိခိုက်တယ်။”
လျှပ်စစ်မီး​ကို အမှီပြုတဲ့​လုပ်ငန်း​တွေ ဘာ​တွေ​ခေတ်​နောက်ကျ​နေလဲ။
“​ခေတ်​နောက်ကျတယ်ဆိုတာ အခုကွန်ပျုတာ သုံး​တဲ့​လူ​တွေ၊​ ကွန်ပျူတာနဲ့​ အလုပ်လုပ်တဲ့​ လူ​တွေ ထိခိုက်ကြတယ်။”
ဦး​တို့​ ဟား​ခါး​မှာက အင်တာနက်ဆိုင် ဘယ်နှဆိုင်​လောက် ရှိလဲ။
“အင်တာနက်ဆိုင် ၂ဝ​ကျော်​လောက်ရှိမယ်ထင်တယ်။ သိပ်​တော့​ မ​ရေတွက်မိဘူး​။”
အဲဒါ​တွေက တ​နေကုန် ဘယ်မီး​တွေနဲ့​ သုံး​နေကြလဲ။
“သူတို့​ အင်ဂျင်​ထောင်ပြီး​တော့​ပဲ လုပ်​နေကြတယ်။”
ပန်း​ပဲဖို​တွေ ဘာ​တွေ​ကော ကျန်တဲ့​လက်မှုလုပ်ငန်း​၊​ စက်မှုလုပ်ငန်း​တွေ​ကော ဘာ​တွေကြုံရလဲ။
“ပန်း​ပဲဖို​တွေက​တော့​ မီး​သွေး​နဲ့​လုပ်​တော့​ မီး​နဲ့​လုပ်တဲ့​သူ မရှိဘူး​။ မီး​သွေး​နဲ့​ပဲလုပ်ကြတယ်။”
ဒီဟာနဲ့​ပတ်သက်ပြီး​တော့​ ချင်း​ပြည်နယ် လွှတ်​တော်ကိုယ်စား​လှယ်​တွေက လွှတ်​တော်မှာ မ​တောင်း​ဆိုကြဘူး​လား​။
“လွှတ်​တော်မှာ သူတို့​တောင်း​ဆိုတယ်။ ​နောက် မဟာဓာတ်အား​လိုင်း​ ဝင်တဲ့​အခါကျရင် ​နေ့​ရောညပါ ​ပေး​မယ်ဆိုပြီး​ ဒါပဲ​ဖြေတယ်။ မဟာဓာတ်အား​လိုင်း​ကလည်း​ လာမယ်ဆိုပြီး​တော့​ ဘယ်​တော့​လာမလဲဆိုတာ စီမံကိန်း​က အတိအကျ မရှိဘူး​။ သူတို့​လုပ်နိုင်တဲ့​ပေါ်မှာပဲ မူတည်မယ်လို့​ပြောတယ်။”
ရခိုင်ပြည်နယ်နဲ့​ ချင်း​ပြည်နယ်က လျှပ်စစ်မီး​နဲ့​ ပတ်သက်ရင် ​တော်​တော်​လေး​ကို ​ခေတ်​နောက်ကျ​နေတယ်။
“ရခိုင်နဲ့​ ချင်း​က​တော့​ အခက်အခဲဆုံး​ ​ဒေသဖြစ်​နေတယ်။”
ရခိုင်မှာ ​တော့​ မီတာတယူနစ်ကို ၄၀၀ က​နေ ၅၀၀ ကြား​ပေါ့​။ အဲ့​လောက်ရှိ​နေတယ်။ ချင်း​ပြည်နယ်ဘက်မှာ​ကော မီတာတယူနစ်က ဘယ်​လောက်​ဈေး​ရှိ​နေလဲ။
“မီတာတယူနစ်ကို အခု ဟား​ခါး​မှာ ၃၅ ကျပ်၊​ အပြင်ကမီး​တွေ၊​ ရပ်ကွက်မီး​တွေက​တော့​ ​တော်​တော်ကို ဆီဖိုး​နဲ့​ ဘာဖိုး​နဲ့​ ကာမိ​အောင်ဆိုပြီး​ သူတို့​သင့်​တော်သလိုပဲ ​ကောက်​နေကြတယ်။ သတ်မှတ်ချက်မရှိဘူး​။ မီး​ကပျက်တာမရှိဘူး​။ ​လေး​ ငါး​ ဆယ်အိမ် တွဲပြီး​တော့​ မီး​စက်​ထောင်ပြီး​တော့​ ​ပေး​တာပဲရှိတယ်။”
ကျောင်း​ ပညာ​ရေး​တွေ၊​ ကျန်း​မာ​ရေး​တွေ​ကော ဘာ​တွေထူး​လဲ။
“ကျန်း​မာ​ရေး ​တွေက​တော့​ အခု ဟား​ခါး​မှာ စက်ယန္တရား​တွေ မရှိတဲ့​အခါကျ​တော့​ တချို့​လူနာ​တွေက ဖလမ်း​မှာပဲ ​ဒေသခံ​တွေ ဘာ​တွေ တွဲရိုက်ခိုင်း​တယ်။ ဟား​ခါး​မှာ ဓာတ်မှန်​တွေ မ​ကောင်း​ဘူး​ဆိုပြီး​ ဖလမ်း​ဘက်ကိုပဲ ပို့​ပြီး​တော့​ လူနာ​တွေကိုပို့​ပြီး​ ဓာတ်မှန်ရိုက်ခိုင်း​တာ ၂လ​ကျော်ရှိပြီ။ အဲလိုသူတို့​ပြောတယ်။ အဲဒါ ကျ​နော့်​ဆီမှာလည်း​ ခရစ်ယာန်ဘုန်း​တော်ကြီး​တပါး​က သတင်း​လောကကို ​ပြောရင်​ကောင်း​မလား​ဆိုပြီး​ ​ပြော​တော့​ ကျ​နော်တို့​က ဒီမှာလာပြီး​ ပြည်နယ်ဝန်ကြီး​ချုပ် ရုံး​စိုက်ရာမြို့​၊​ ပြည်နယ်ကျန်း​မာ​ရေး​မှူး​ ရုံး​စိုက်ရာမြို့​ပဲ၊​ အဲဒါ​ကြောင့်​မို့​လို့​ ကိုယ့်​ပြည်နယ် ကျန်း​မာ​ရေး​မှူး​တို့​ မြို့​နယ်​ဆေး​ရုံအုပ်တို့​ ဘာတို့​ကို ဆက်သွယ်ကြပါဦး​။ တခါတည်း​နဲ့​ သတင်း​လွှင့်​တာက ​တော်​တော်ကို မ​ကောင်း​ကြောင်း​ ​ပြောသလိုများ​ ဖြစ်​နေမလား​လို့​၊​ အဲဒါ​ကြောင့်​မို့​ ဒါက နိုင်ငံ​ရေး​ပိုင်း​ မဟုတ်​တော့​ လက်ရှိအ​ခြေအ​နေက​တော့​ ခင်များ​တို့​ သက်ဆိုင်ရာကိုပဲ ​ပြောရင်​ကောင်း​မယ်ဆိုပြီး​ ​ပြောလိုက်တယ်။ သူတို့​က ဒီကုတင် ၂၀၀ ​ဆေး​ရုံ ရှိပြီး​မှ ဓာတ်မှန်ရိုက်တာ ဖလမ်း​မှာ တွဲရိုက်ခိုင်း​တာ​တော့​ နည်း​နည်း​ သိပ်မ​ကောင်း​ဘူး​။ သိပ်ချွတ်ခြုံကျတယ်။ ဖလမ်း​လည်း​ ​နေ့​ချင်း​ပြန် သွား​မရဘူး​။ ညအိပ်သွား​ရတယ်။ အဲဒါ​ကြောင့်​မို့​ ဒီကိစ္စက ဘယ်လိုလုပ်မလဲဆို​တော့​ ခင်များ​တို့​ သက်ဆိုင်ရာ ဝန်ကြီး​ဆီကိုပဲ ချဉ်း​ကပ်​ပြောကြပါဦး​။ ဝန်ကြီး​ကိုယ်တိုင်က မလုပ်နိုင်​တော့​မှ သတင်း​လောကတို့​ ဘာတို့​ပြောတာ​ကောင်း​တယ်ဆိုပြီး​ အဲလို​ပြော​သေး​တယ်။ ဓာတ်မှန်မ​ကောင်း​လို့​ ဖလမ်း​မှာပဲ ရိုက်တယ်ဆိုတာ လူနာ​တွေအတွက် ​တော်​တော်ခက်တယ်။”
ကျ ​နော်ကြား​တယ်၊​ ချင်း​ပြည်နယ်မှာ စား​ရေး​သောက်​ရေး​ ခက်ခဲတယ်။ ကြွက်​တွေဖျက်တယ်။ ဝါး​သီး​စား​တယ် စသည်ဖြင့်​ အဲဒါဦး​တို့​ ဘယ်​လောက်ထိ​အောင် သိလဲ။
“အခု​တော့​ ကြွက်စား​တာ​တော့​ မရှိ​တော့​ဘူး​။ အရင်နှစ်တုန်း​က​တော့​ စား​တယ်။ ဒီနှစ်ကစပြီး​တော့​ အဲဒီပြဿနာ​တော့​ သိပ်မရှိ​တော့​ဘူး​။ ကြွက်စား​လို့​ ၂၀၁၁မှာ အန်အယ်လ်ဒီက ကန်ပက်လက်၊​ ဟား​ခါး​မှာ ​ကျေး​ရွာ ၂ခု၊​ ကျ​နော်တို့​ရယ် ပံ့​ပိုး​ပေး​သေး​တယ်။ အခု​တော့​ အဲဒီကြွက်ပြဿနာက သိပ်မကြား​ရ​တော့​ဘူး​။”
လျှပ်စစ်မီး ​ရရှိမှုအ​ပေါ်မှာ ကျန်တဲ့​တိုင်း​နဲ့​ပြည်နယ်​တွေမှာ တယူနစ်ကို ၂၅ ကျပ်၊​ ၃ဝကျပ်၊​ အခု ချင်း​ပြည်နယ်မှာ ​အောက်ကျ​နောက်ကျ ဖြစ်​နေရတဲ့​ အ​ပေါ်မှာ ဦး​အ​နေနဲ့​ ဟား​ခါး​ဒေသခံတဦး​အ​နေနဲ့​ ဘာ​ပြောချင်လဲ။ နိုင်ငံ​တော် အစိုး​ရသိ​အောင်​ပေါ့​။
“​အောက်ကျ ​နောက်ကျ ဖြစ်တာက​တော့​ မြန်မာပြည် တခုလုံး​မှာ ချင်း​ပြည်နယ်က အခက်အခဲဆုံး​ အဆင်း​ရဲဆုံး​ဒေသပဲ၊​ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​က​တော့​ ပြည်မ​ဒေသ၊​ တခြား​တိုင်း​နဲ့​ ပြည်နယ်​တွေနဲ့​ တန်း​တူညီတူ လုပ်ယူလည်း​ ကျ​နော်တို့​မရဘူး​။ အထူး​ဦး​စား​ပေး​ ​ဆောင်ရွက်​ပေး​မှပဲ ရမယ်။ ဒါမဖွံ့​ဖြိုး​သေး​တဲ့​ ​ဒေသကို အထူး​ဦး​စား​ပေး​ မလုပ်ဘဲနဲ့​ တန်း​တူညီတူလုပ်ရင်​တော့​ ဘယ်​တော့​မှ မတူနိုင်ဘူး​။ ကွာမြဲအတိုင်း​ပဲ ကွာမှာပဲ။ အဲဒါ​ကြောင့်​မို့​ ကျ​နော်တို့​က အ​ကျော​ပေး​ဖို့​လိုတယ်။ ​ဂေါက်သီး​ရိုက်ရင်လည်း​ ရိုက်ကာစလူကို အ​ကျော​ပေး​တယ်။ အဲဒါ​ကြောင့်​မို့​လို့​ ကျ​နော်တို့​က အခြား​သော တိုင်း​နဲ့​ပြည်နယ်ထက် အများ​ကြီး​ နိမ့်​ကျ​နေတဲ့​အခါကျ​တော့​ ကျ​နော်တို့​ကို အ​ကျော​ပေး​ပြီး​တော့​ အထူး​စီမံ​ပေး​ပြီး​တော့​ လုပ်​ပေး​မှပဲရမယ်။ အဲဒါ​ကြောင့်​မို့​လို့​ ပြည်​ထောင်စုအစိုး​ရ​တွေနဲ့​ ချင်း​ပြည်နယ်ကို အထူး​နယ်​မြေဆိုပြီး​ သတ်မှတ်​ပေး​ပြီး​ ဖွံ့​ဖြိုး​အောင်လုပ်​ပေး​မှပဲ ကျ​နော်တို့​ သူများ​တွေကို မီနိုင်မယ်။ သူများ​တွေကိုမီပြီး​မှ ထပ်တူလုပ်ရင် ကိစ္စမရှိ​တော့​ဘူး​။ သူများ​တွေကို မမီရင်​တော့​ အထူး​ဦး​စား​ပေး​လုပ်​ပေး​ဖို့​ လိုတယ်။ အထူး​ပြုစုတဲ့​ အခန်း​ထဲမှာ လူနာကို အသည်း​အသန်လူနာကို ကုသသလို​ပေါ့​။ ကျ​နော်တို့​ကို အထူး​လုပ်​ပေး​ဖို့​လိုတယ်။” 
ဒီဗွီဘီ
မြန်မာပြည်တခုလုံး​မှာ ချင်း​ပြည်နယ်က အခက်အခဲဆုံး​၊​ အဆင်း​ရဲဆုံး​ ​ဒေသပဲ မြန်မာပြည်တခုလုံး​မှာ ချင်း​ပြည်နယ်က အခက်အခဲဆုံး​၊​ အဆင်း​ရဲဆုံး​ ​ဒေသပဲ Reviewed by သစ်ထူးလွင် on 05:44 Rating: 5

1 comment:

Hein Myat Soe said...

ဦးရေစိတ်မပျက်ပါနဲ့ဦး ကျွန်တော်တို့ထားဝယ်မှာဆိုရင်မီးတော့ ၂၄နာရီရပါတယ် ဒါပေမဲ့ဗျာတစ်ယူနစ်ကို 400 ကျပ်ခင်ဗျား အစက700ကျပ်တောင်ပေးရသေးတယ် အခုမှဈေးကျသွားတာ ရေအားလျှပ်စစ်ကလဲ စီမံကိန်းပေါင်းများစွာပျက်နေတာပဲ အခုလဲစီမံကိန်းနဲ့လုပ်နေတာပဲ ဘယ်အချိန်ပျက်မလဲတော့မသိသေးဘူး
တနင်္သာရီတိုင်းက ဂစ်တွေတော့တခြားနိုင်ငံကိုရောင်းနေတာပဲ ကိုယ်နိုင်ငံအဆင်ပြေအောင်တော့မလုပ်ပေးဘူး လျှပ်စစ်ဝန်ကြီးကလဲမြန်မာပြည်မှာ လျှပ်စစ်ပိုနေလို့တခြားနိုင်ငံကိုရောင်းတာတဲ့ ခေါင်းမရှိတဲ့ဝန်ကြီးဗျား ပုဇွန်ခေါင်းကမှသူ့ထက်သာအုံးမယ်

Powered by Blogger.