ABSDFနှင့် အစိုးရ ပဏာမ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး

 ဒီကနေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့၏ ပဏာမတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။
dsc_0033.jpg


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့်
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့တို့၏
ပဏာမတွေ့ဆုံမှုနှင့် ပါတ်သက်၍ ထုတ်ပြန်ကြေညာချက်
၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကိုယ်စားလှယ်အဖွဲ့နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၊ အဖွဲ့ဝင် သီရိပျံချီ ဦးစောခင်စိုး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် ပြည်တွင်းငြိမ်း ချမ်းရေး၊ ဒီမိုကရေစီ ဖော်ဆာင်နိုင်ရေးတို့ကို ဦးတည်ရှေးရှု၍ ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

၂။ နှစ်ဖက်ကိုယ်စားလှယ်များအနေဖြင့် ယခုတွေ့ဆုံမှုအား ပဏာမ တွေ့ဆုံဆွေးနွေးပွဲဟုသတ်မှတ်ပြီး နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူ  တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြမည် ဖြစ်ပါသည်။

၃။ ဆက်လက် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကို ပြည်သူတရပ်လုံးသိရှိစေရန် ထုတ်ပြန်သွားမည် ဖြစ်ပါသည်။


ရက်စွဲ။        ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၉) ရက်
ABSDFနှင့် အစိုးရ ပဏာမ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး ABSDFနှင့် အစိုးရ ပဏာမ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေး Reviewed by သစ်ထူးလွင် on 19:45 Rating: 5

No comments:

Powered by Blogger.