
Broadband
WiMax New Service ကိုစတင် ၀န်ဆောင်မှုပေးတော့မှာဖြစ်ပြီး
စတင်ဝန်ဆောင်မှုပေးမယ့် ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ပုံမှန်တန်ဖိုးရဲ့
ဈေးနှုန်း ထက်ဝက်နီးပါး လျှော့ချရောင်း ချပေးသွား မှာ ဖြစ်တယ်လို့
သိရပါတယ်။ ဒီလိုဈေးနှုန်း လျှော့ချပေးရာမှာ ပုံမှန်တန်ဖိုး ကျပ်ခြောက်သိန်း
သုံးသောင်း အစား ကနဦးတပ်ဆင်ခ ကျပ် သုံးသိန်းခြောက်သောင်းနဲ့ရောင်းချ
မှာဖြစ်ပြီး နောက်ပိုင်း မှာတော့ ပုံမှန်ဈေးနှုန်းအတိုင်း သာ ရောင်းချ
သွားမှာ ဖြစ်ပါတယ်။

အဆိုပါ
WiMax New Service ဟာ အရင်လို Outdoor အင်တန်နာနဲ့ တိုင်ထောင်ပြီး
သုံးစရာမလိုဘဲ Indoor ယူနစ် တစ်ခုတည်းနဲ့ သုံးလို့ရတာ ဖြစ်ပါတယ်။ ဒါ့အပြင်
အခုစတင် ၀န်ဆောင်မှုပေးမယ့် WiMax New Service ကတော့ ငွေ သွင်းပြီးတာနဲ့
စတင်အသုံး ပြုလို့ ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင်အဆိုပါ WiMax New
Service ကို ရန်ကုန်မြို့မှာရှိတဲ့ ဆေးရုံကြီး ၁၀ရုံကို တပ်ဆင်လှူဒါန်းမှု
များ ပြုလုပ်သွားမှာဖြစ်တယ်လို့ Redlink Communications မှ
တာဝန်ရှိသူတစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။
MRTV-4
6 comments:
ဈေးပေါတော့ချပါတယ် ပြီးတော့မှ ကွန်နက်ရှင်က တက်မလာတာတော့ မသိချင်ယောင်ဆောင်နေတယ် ။ ကွန်နက်ရှင်မကောင်းရင် လခ လျှော့ယူသင့်တယ် ..
နောက်ပိုင်း မှာတော့ ပုံမှန်ဈေးနှုန်းအတိုင်း သာ ရောင်းချ သွားမှာ ဖြစ်ပါတယ်။
နောက်ပိုင်း ပုံမှန်ဈေးနှုန်းဆိုတာ အရင်အတိုင်း ကျပ်ခြောက်သိန်းသုံးသောင်းပေါ့နော်။ တော်ကြာဒိထက်ထပ်ကျပြီးတော့ တစ်သိန်းရှစ်သောင်းနဲ့ထပ်ချရောင်းရင်ကော ဖြစ်နိုင်လာစရာရှိရင် စောင့်ဆိုင်းချင်လို့ပါ။ ကွန်နရှင်ကရော အရင်တိုင်းဘဲမဟုတ်လား။
Very expensive
လုပ်ကြပါအုံး...ဝေစားမျှစားတွေရယ်.......
ကော်နတ်ရှင်ကောင်းတာ မကောင်းတာက ISP မှာ လုပ်ပိုင်ခွင့်အပြည်အ၀ မရသေးလိုပါ.. လုပ်ထားတာ တွေက အရမ်းကောင်းပါတယ်
ဒါပေမဲ့ IGW လို ခေါ်တဲ့ International Gateway ကြီး ရှိနေသရွှေ့ကတော့ ဘယ်လိုမှ အဆင်မပြေဘူး အဲဒီကောင်ကို ဖြတ်ပြီးမှ ပေးနေရတာကိုက တော်တော် အဆင်မပြေတာ
MPT ကလဲ သမတကြီးကို ဘယ်လိုတွေ ညာထားလဲမှ မသိတာ Higher Policy ကတော့ အကုန်ဖြုတ်ပေးလိုက်ပါ လိုပြောနေတာတောင် အောက်က ကောင်တွေ ငနွှားတွေက အရင်က အကျင့်တွေ ပျောက်မှ မပျောက်သေးတာ .. သမတ က ကောင်းလဲ အဲဒီကောင်တွေကို မြေလှန်မှ ရမယ်.. မူတွေ ပြောင်းလဲလာပေမဲ့ လူတွေ သောက်ကျင့်တွေက မပျောက်သေးဘူး.. IGW သာဖြုတ်လိုက် ISP တွေ များများ ပေးဖွင့်လိုက် လုံးဝ အိုကေ လာလိမ့်မယ်.. အခုတော့ သူတိုပဲ လုပ်နိုင်တယ် ထင်နေတာလား မသိဘူး MTP က .. တစ်ခုသေချာပြောချင်တာကတော့ မူတွေပြောင်းလာပြီး ကောင်းလာပြီ. လူတွေကတော့ ကောင်းရင်ကောင်း မကောင်းရင် ပြောင်းဖြစ်ဖို့ လိုနေပြီ.. MPT မင်းတိုလဲ ဘယ်လောက်ကြာကြာ ထိန်းချုပ်ထားနိုင်မှာလဲကွာ...
Wimax နှေးချက်ကတော့ ကိုယ်တွေ.ဗျ။
Post a Comment