ဝန်ကြီးချုပ်ရုံး၏ လုပ်ဆောင်ချက်ကို ပြည်သူလူထုအား အသိပေးရန်အတွက် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းန် twitter စတင်သုံးစွဲ

ဇန်န၀ါရီလ ၂၅
ရက်နေ့က နယူးဒေလီရှိ သမ္မတနန်းတော်သို့ ရောက်ရှိလာသော ထိုင်းဝန်ကြီးချုပ်
ယင်လက်ခ်ရှင်နာဝပ်ထရာကို အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းက ကြိုဆိုနေစဉ်
twitter သုံးစွဲသည့် ကမ္ဘာ့တစ်ဝန်းရှိ နိုင်ငံ့ခေါင်းဆောင်များတွင် ၀န်ကြီးချုပ် မန်မိုဟန်ဆင်းန်သည် ၆၂ ဦးမြောက် ဖြစ်လာခဲ့သည်။ twitter သုံးစွဲသည့် နိုင်ငံ့ခေါင်းဆောင်များထဲတွင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား၊ ရုရှားသမ္မတ ဒီမီထရီမက်ဗီဒက်၊ ပြင်သစ်သမ္မတ ဆာကော်ဇီနှင့် ဗင်နီဇွဲလားသမ္မတ ဟူဂိုချားဗက်စ်တို့လည်း ပါဝင်ကြောင်း သိရှိရသည်။
ယခုအချိန်တွင် အမေရိကန် သမ္မတအိုဘားမား၏ twitter စာမျက်နှာတွင်အဖွဲ့ဝင်(follower) ၁၂ သန်းရှိနေပြီဖြစ်သည်။
အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းန်၏ @POMIndia twitter စာမျက်နှာ စတင်သုံးစွဲရာတွင် တစ်ရက်အတွင်း အဖွဲ့ဝင် ၁၃၀၀၀ ရရှိခဲ့သည်။ ၀န်ကြီးချုပ်၏ twitter စာမျက်နှာကို ၎င်း၏ဆက်သွယ်ရေးအဖွဲ့က စီမံထိန်းချုပ်သွားမည်ဖြစ်သည်။
ဝန်ကြီးချုပ် မန်မိုဟန်ဆင်းန်သည် မီဒီယာနှင့် အလှမ်းဝေးမှုများ အတွက်မကြာခဏ ဝေဖန်ခံခဲ့ရသည်။ အမေရိကန်သမ္မတနှင့် မီဒီယာကိုနားလည်သည့် အခြားကမ္ဘာ့ခေါင်းဆောင်များနှင့်မတူညီဘဲ မီဒီယာ(သို့မဟုတ်) သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပေးရန် ခဲယဉ်းသူတစ်ဦးဖြစ်သည်။ ၀န်ကြီးချုပ် မန်မိုဟန်ဆင်းန်သည် တစ်နှစ်အတွင်းခရီးစဉ် ၄၅ ခု နီးပါးသွားရောက်ခဲ့ပြီး အားရလောက်စရာမရှိသည့် မိန့်ခွန်းဒါဇင်များစွာကို ပြောကြားခဲ့သူဖြစ်သည်။
twitter သုံးစွဲခြင်းဖြင့် ၀န်ကြီးချုပ်ရုံး၏ သတင်းအချက်အလက်များ ဖြန့်ချိပေးမှုကို ကူညီပေးနိုင်လိမ့်မည်ဟု ၀န်ကြီးချုပ်ရုံး၏ ဆက်သွယ်ရေးအဖွဲ့က မျှော်လင့်ခဲ့သည်။
Ref:AFP
EMG
ဝန်ကြီးချုပ်ရုံး၏ လုပ်ဆောင်ချက်ကို ပြည်သူလူထုအား အသိပေးရန်အတွက် အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းန် twitter စတင်သုံးစွဲ
Reviewed by သစ်ထူးလွင်
on
06:48
Rating:
No comments:
Post a Comment