Home
/
မြန်မာ့သတင်း
/
တိုင်းရင်းသားရန်ပုံငွေပွဲ ကျင်းပသူများကို ညီနောင် ငါးပါတီ ကန့်ကွက်မှု NLD ပြန်ဖြေရှင်း
တိုင်းရင်းသားရန်ပုံငွေပွဲ ကျင်းပသူများကို ညီနောင် ငါးပါတီ ကန့်ကွက်မှု NLD ပြန်ဖြေရှင်း
အကူအညီလိုအပ်နေတဲ့တိုင်းရင်းသားများ |
ရန်ကုန်၊ ဇန်န၀ါရီ ၁၇
တိုင်းရင်းသား ညီနောင်ငါးပါတီ စုပေါင်းထုတ်ပြန်ထားသည့်
အချက်ခုနှစ်ချက်တွင် ပါဝင်သော တိုင်းရင်းသား လူမျိုးများ အမည်ခံ ၍
ရန်ပုံငွေ ရှာဖွေပွဲများကို မည်သည့်ပါတီ၊ မည်သည့်အဖွဲ့အစည်းက
ပြုလုပ်သည်ဖြစ်စေ ကန့်ကွက်သွားမည်ဆိုခြင်းကို အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ်မှ ပြောခွင့်ရသူတစ်ဦးက ပြန်လည်ဖြေရှင်းပြောကြားခဲ့သည်။
ဇန်န၀ါရီ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော တိုင်းရင်းသား ညီနောင်ငါးပါတီ၏
ယင်းကြေငြာချက်နှင့်ပတ်သက် ၍ အဖွဲ့ဝင်ပါတီ တစ်ခုဖြစ်သည့်
ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က ယင်းကဲ့သို့ ကြေငြာချက်
ထုတ်ပြန်ကန့်ကွက် ရသည်မှာ တိုင်းရင်းသားအမည်ခံပြီး ပြုလုပ်ခဲ့သော
ရန်ပုံငွေပွဲများမှ ရရှိလာသည့် အလှူငွေများသည် အလှူခံများ လက်ဝယ်သို့
မရောက်ဘဲရှိနေတတ်ပြီး အမည်အလွဲသုံးစား လုပ်ခြင်း သဘောဆောင်နေခြင်းကြောင့်
ဖြစ်ကြောင်းဟုဆိုသည်။
ယင်းသဘောထား ထုတ်ပြန် ချက်ကို
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်း ကြိုင်က
မကြာသေးမီက ပြုလုပ် ခဲ့သော တိုင်းရင်းသား လူမျိုးများ ပညာရေးရန်ပုံငွေပွဲမှ
ရရှိခဲ့သည့် အလှူငွေများအားလုံးကို ယခုအခါ သက်ဆိုင်ရာ
တိုင်းရင်းသားလူမျိုး များ နေထိုင်သည့် ဒေသများရှိ အဖွဲ့ချုပ်ဝင်
မြို့နယ်အဖွဲ့အစည်းများ လက်သို့ ပေးအပ်၍ အမှန်တကယ် လိုအပ်နေသော ဒေသများကို
အသေးစိတ် ကွင်းဆင်းလေ့လာ လှူဒါန်းလျက် ရှိနေပါကြောင်း၊ အဖွဲ့ ချုပ်၏
အနီးကပ် တိုက်ရိုက် စောင့် ကြည့်နေခြင်းဖြင့် လိုအပ်နေသော ဒေသများအရောက်
သွားရောက် လှူဒါန်းပံ့ပိုးနေပြီး နောက်ဆက်တွဲ ပံ့ပိုးမှုများကိုလည်း ဆက်လက်
လုပ် ဆောင်လျက် ရှိကြောင်း ပြောကြား သည်။ ယခုပွဲမှ ရရှိသော အလှူ ငွေများထက်
ပိုမိုများပြားသော ငွေ ကြေးပမာဏများကိုပင် အဖွဲ့ချုပ်မှ အကူအညီ
လိုအပ်နေသော တိုင်း ရင်းသားဒေသများသို့ သွားရောက် ပံ့ပိုးကူညီနေသည့်
သာဓကများ ရှိခဲ့ကြောင်း၊ ထို့အတွက်ကြောင့် ထိုအချက်သည် အမျိုးသားဒီမို
ကရေစီ အဖွဲ့ချုပ်ကို ရည်ညွှန်းပါက တိုင်းရင်းသားပါတီများ အနေနှင့်
စိုးရိမ်စိတ် မထားသင့်ကြောင်း ၄င်း က ထပ်လောင်း တုံ့ပြန်သည်။
ယင်းသဘောထား ကြေညာ ချက် အပါအဝင် ညီနောင် ငါးပါတီ ဖြစ်သည့်
ရှမ်းတိုင်းရင်းသားများ ဒီ မိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်း သားများ
တိုးတက်ရေးပါတီ၊ ချင်း အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊
ဖလုံစဝေါ်ဒီမိုက ရက်တစ်ပါတီများမှ စုပေါင်း၍ နိုင်ငံ ရေးအကျဉ်းသားများ
ပြန်လည် လွှတ်ပေးမှုကို ကြိုဆိုခြင်း၊ ကချင် ဒေသအတွင်း တိုက်ပွဲများ ရပ်တန့်
ရေး၊ ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတမှုရှိရေး၊
တိုင်းရင်းသားဒေသများရှိ ပွဲတော် များတွင် လောင်းကစားနှင့် အရက် သေစာ
ကင်းရှင်းရေး၊ တိုင်းရင်း သားဒေသများရှိ လမ်းပန်းဆက် သွယ်ရေးကို
တိုင်းဒေသကြီးများ ကဲ့သို့ပင် အထူးအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ပေးပြီး
လုပ်ဆောင်ပေး ရန် စသည့်အချက်များကို ကြေညာ ချက် ထုတ်ပြန်ခဲ့ကြသည်။
နိုင်လင်း-ပေါ်ပျူလာဂျာနယ်(ဖေ့စ်ဘုတ်)
တိုင်းရင်းသားရန်ပုံငွေပွဲ ကျင်းပသူများကို ညီနောင် ငါးပါတီ ကန့်ကွက်မှု NLD ပြန်ဖြေရှင်း
Reviewed by သစ်ထူးလွင်
on
16:04
Rating: 5
7 comments:
ဘုမသိဘမသိ ဖအေမြောက်ပေးတိုင်းလုပ်ပြန်ပြီ ကိုယ်ပိုင်ဥဏ်နဲ့စဉ်းစားပြီးလုပ်ကြပါ
ဟဟဟ
ခုထက်ထိ ကျဉ်းမြောင်းတဲ့ လူမျိုးရေးအမြင်က ရှိနေကြတုန်းပဲ တိုးတက်ဦးမယ် ... ဘယ်နေရာ ဘယ်ဒေသမဆို လူမျိုးတမျိုးထဲကပဲ နေထိုင်ကြတာ မရှိသလောက် နဲပါတယ် .... ငါတို့နယ် ငါတို့ပဲ အုပ်ချုပ်မယ် ငါတို့ပဲ လုပ်မယ် ... အခြားလူမျိုးတွေ မလာနဲ့ မနေနဲ့ ဘာမှ လာမလုပ်နဲ့ ဆိုတဲ့ပုံ ဖြစ်နေပါလား ..... ငါတို့လူမျိုးဆိုတဲ့ မျက်ကန်းမျိုးချစ်တွေကတော့ စိတ်ပျက်စရာ ကောင်းပ့ါ ... မနေ့ကထင်တယ် တွေ့မိပါရဲ့ သူတို့ကတွေ့ဆုံဖို့ ကမ်းလှမ်းတယ်တဲ့ NLD က အလုပ်ရှုပ်နေလို့ မတွေ့ဖူးတဲ့ မကျေမနပ်ဖြစ်နေလို့ .... ၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်တုန်းကာလက NLD ကို သူတို့အဘတွေ မကြိုက်မှာစိုးလို့ အဖက်တောင်မလုပ်တဲ့ ကောင်တွေ .... ဟား ဟား ခုမှ ... အချဉ်တွေလို့ ထင်နေသလားမသိဘူး ... NLD ဆိုတာ ဗမာလူမျိုးတွေနဲ့ပဲ ဖွဲ့ထားတဲ့ ဗမာပါတီများ ထင်နေသလားမသိဘူး .... ဒီလို အတွေးအခေါ်နဲ့ နိုင်ငံရေး လုပ်တယ်ဆိုရင် .... အင်း
အဲဒီအရူးတွေကလဲတမျိုးဟေ ..မလေးရှားမှာတော့ ချင်းလူမျိုးတွေတော်တော်
များများကတော့ မကောင်းတာလုပ်လို့ ပြသာနာတက်ရင် မြန်မာလူမျိုးလို့ပြော
ပြီး ..ကောင်းတာလုပ်လို့ နံမည်ရရင် ချင်း လူမျိုးလို့ပြောတတ်တာမလေး
ရောက်လူတိုင်းသိပါတယ်ဗျား..နောက်ပြီး ယူအင်လျှောက်ရင်လည်းဗုဒ္ဒဘာသာ
ဝင်တွေကခရစ်ယာန်ဘာသာဝင်တွေကိုဘာသာရေးလွတ်လပ်ခွင့်မပေးဘဲအနိုင်ကျင့်တဲ့အကြောင်းနဲ့၊ စစ်တပ်ကချင်းအမျိုးသမီးတွေကိုမုဒိမ်းကျင့်ကြောင်း၊
မြန်မာလူမျိုးများအားအပုပ်ချပြောဆိုပြီးမှ ယူအင်ကဒ်လျှောက်ပြီးတခြားတိုင်း
ပြည်များသို့ဒုက္ခသည်အဖြစ်ထွက်သွားတာလူတိုင်းအသိပါ.ညီညွတ်ရေးပျက်
ပြားမှာစိုးလို့ ကျုပ်တို့သိသိကြီးနဲ့ မပြောဘဲနေကြတာပါ၊ယူအင်ကဒ်လျှောက်
ရင် အဖြစ်မှန်ကိုပြောပြပြီးလျှောက်ပါ၊ကျုပ်တို့လက်ခံပါတယ်၊မဆီမဆိုင်ဗုဒ္ဒ
ဘသာကိုဆွဲထည့်ပြီးခုတုံးလုပ်ပြီးတော့ ယူအင်ကဒ်လျှောက်တာတော့ လုံးဝ
ကိုမကောင်းပါဘူး၊ဗုဒ္ဒဘာသာဘုန်းကြီးတွေရွှေဝါရောင်တော်လှန်ရေးမှာအ
သတ်ခံရ၊ထောင်ချ ခံရတာ ဘယ်နှစ်ပါးရှိသလဲ.ခုချိန်ထိအထောက်အထား
များခိုင်မာစွာနဲ့ ရှိပါတယ်.ချင်းခရစ်ယာန်ဘုန်းကြီးဘယ်နှစ်ယောက်ကများ
ဒီမိုကရေစီအရေး၊ နိုင်ငံအရေးအတွက်အရေးဆိုဘူးပါသလဲ ..ပြောစမ်းပါ.
မလေးရောက်ချင်းတော်တော်များများကတော့ .. တကယ့်ကို စံပါပဲ.မလေးရှားမြန်မာအလုပ်သမားဈေးကွက်ပျက်တာလဲ ချင်းတွေလုပ်လို့ပါ
ပေးချင်သလောက်ပေး လုပ်ပါတယ်၊ချင်းတွေဘယ်လောက်နပ်တယ်ဆိုတာ
လူက မြန်မာပြည်မှာ၊ မလေးရှားမှာ ယူအင် ကဒ်ကရနေပြီ၊ ယူအင်မှာအင်
တာဗျုးနီးပြီဆိုမှ မြန်မာပြည်ကနေ အပေါ်လေယာဉ်လမ်းကနေ၀င်လာပြီး
လုပ်စရာရှိတာလုပ်ပြီးအင်တာဗျုးပြီး အိုကေ ဆိုမှထွက်သွားကြတာပါ..အခု
လဲ ပြည်တွင်းက ချင်းအမျိုးသားပါတီ က အရူးပါးတွေက လာပြီး ဒီမိုကရေ
ရေးနှောင့်နှေးအောင်၊ တကယ်လုပ်နေတဲ့သူတွေကို ကြန့်ကြာအောင်လာ
နှောက်နေပြန်ပြီ၊ ချင်းကတော့ တကယ် လန် တယ်..
ကျုပ်တို့ကွာလာလမ်ပူ မြို့ထဲရှိဗမာဆိုင်တော်တော်များများရှေ့တွေမှာ၊လှေခါးအ
တက်အဆင်းများမှာ..လာကြည့်နိုင်ပါတယ်၊ ချင်းတွေ အမြဲတမ်းမူးရူးနေပြီး
ကျုပ်တို့ဗမာတွေဆီကပဲ ပြန်စရာလမ်းစားရိတ်မရှိလို့ဆိုပြီးပိုက်ဆံလိမ်တောင်းပါ
တယ်၊ဗမာတွေကလည်းကိုယ့်တိုင်းပြည်ကလူမျိုး၊ကိုယ့်တိုင်းရင်းသားတွေဆိုပြီး
သနားလို့မလေးရင်းဂစ် အနဲဆုံးငါးကျပ်တဆယ်တော့ပေးလိုက်ကြပါတယ်၊ဒီ
ကောင်တွေကပြန်စရာလမ်းစားရိတ်မရှိလို့မဟုတ်ဘူး၊အရက်သောက်ပစ်ပြီး
တခါပြန်လာ၊ တခါထပ်ပြီးလိမ်တောင်းလိုက်၊အရက်သွားသောက်လိုက်၊အဲဒီ
လိုနဲ့ လုပ်နေတာကြာပါပြီ၊အခုတော့ ခံရဘူးတဲ့ဗမာတွေကတော့ နားလည်
သွားလို့ လုံးဝကိုမပေးတော့ပါ၊ အမြဲတမ်းမူးရူးနေတာပါ၊ပွင့်ပွင့်လင်းလင်းပြော
ရရင်တော်တော်သိက္ခာကျစရာ၊အရှက်ရစ၇ာပါ၊ချင်းတွေက တအားကိုလူမျိုး
ရေးအမြင်ကျဉ်းမြောင်းလွန်းပါတယ်။ဗမာတော်တော်များများရဲ့ အားနာတတ်
တာကိုအခွင့်ကောင်းယူပြီး ကောင်းကောင်းအသုံးချပါတယ်၊ယူအင်ရုံးနဲ့ ဒုက္ခ
သည်လျှောက်သူကြားမှာ ကောင်းကောင်းအသုံးချပြီးချမ်းသာနေတာချင်းလူ
လည်ကြီးများပါ၊.တချို့ဆို ချင်းယောင်္ကျားများက မသိနားမလည်တဲ့ဗမာမ
တွေကို ပြောတဲ့စကားရှိပါတယ်၊ အမေရိကန်.နဲ့ ဥရောပတိုင်းပြည်များကို
သွားချင်ရင် ချင်းယောင်္ကျားကိုယူ၊ပြီးရင်ခရစ်ယာန်ဘာသာပြောင်းရင် ဒုက္ခ
သည်ကဒ်ရမယ်..မြန်မြန်ထွက်ရတယ်ပြောပြီးတောင်မသိနားမလည်တဲ့ဗမာ
မတွေကိုစည်းရုံးပါတယ်၊ ချင်းကိုယူမှ၊ ခရစ်ယာန်ဘာသာပြောင်းမှယူအင်
လျှောက်လို့ရတယ်.ယူအင်ကဒ် ရတယ်နဲ့ပြောဆိုနေတာခုချိန်ထိပါဘဲ.ချင်း
များလူမျိုးရေးအမြင်ကျဉ်းပေမဲ့ ..အ တယ်တော့မထင်လိုက်နဲ့နော်..အဲဒါ
မသိနားမလည်တဲ့ဗမာမ က ၁၀တန်းလောက်ကျောင်းနေခဲ့ပြီးသား၊ ပြောတဲ့
ချင်းက တောထဲက နေ မလေးရှားကိုအောက်လမ်းကခိုးဝင်လာပြီးရောက်
လာတာ ၊။ချင်းအကြောင်းသိချင်ရင် မေးစမ်းပါ..ပြောပြလိုက်ချင်စမ်းပါဘိ.
Philosophermgmyathaရေ
လူမျိုးနဲ့ကိုင်တုတ်ပြီးမပြောသင့်ပါဘူး။ ဘယ်အမျိုးအနွယ်မှာမဆို လည်သူ၊ လိမ်ညာသူ၊ကောက်ကျစ်သူ၊သူများကိုခုတုံးလုပ်အသုံးချသူ၊မကောင်းသူရှိသလို ၊ကောင်းသောသူများလည်းရှိပါတယ်။
သူတို့လည်းသူတို့ခံစားထားဘူးလို့ စိုးရိမ်လို့၊ အမြဲတမ်းလည်သူစား စတမ်းအလုပ်ခံရဘူးလို့၊ ဒီလိုမဖြစ်စေချင်လို့၊ကြိုတင်သတိပေးတာဖြစ်မှာပါ။ ခဲမှန်ဘူးတဲ့စာသူငယ်လိုပေါ့။
ချင်းတွေက တအားကိုလူမျိုးရေးအမြင်ကျဉ်းမြောင်းလွန်းပါတယ်။ ဗမာတော်တော်များများရဲ့ အားနာတတ်တာကိုအခွင့်ကောင်း ယူပြီး ကောင်းကောင်းအသုံးချပါတယ်လို့ဗမာတွေကပြောသလို၊
ချင်းတွေနဲ့တိုင်းရင်းသားတွေကလည်းဗမာတွေကတအားကို တိုင်းရင်းသားတွေအပေါ်လူပါးဝတယ်၊နှိမ်တယ်။ တိုင်းရင်းသားတွေတော်တော်များများရဲ့ အားနာတတ်တာကိုအခွင့်ကောင်း ယူပြီး ကောင်းကောင်းအသုံးချပါတယ်လို့တိုင်းရင်းသားတွေကလည်းပြောကြတယ်။
နားလည်သဘောပေါက်ပြီး၊ လူမျိုးရေးမပါဘဲဆွေးနွေးသင့်ပါတယ်။
အားလုံးနာလည်စေချင်ပါတယ်...
Post a Comment