ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ NLD ကို တွေ့ဆုံရန်ကမ်းလှမ်း

 
၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ၀င်ရောက်ခဲ့သည့် တိုင်းရင်းသားပါတီများ ယခုလအတွင်း NLD နှင့်တွေ့ ဆုံရန်ကမ်းလှမ်း ခဲ့သည်ဟု တိုင်းရင်းသားညီနောင် ငါးပါတီဝင် ပါတီ ဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမို ကရက်တစ်ပါတီမှ ဦးစောသန်းမြင့်ကပြောသည်။

တွေ့ဆုံရန်ကမ်းလှမ်းခဲ့ သည်မှာ မိတ်ဖက်ပါတီများ နှစ်လ တကြိမ်တွေ့ဆုံနေကြ အချိန်ဖြစ်သည့်ယခုလ ၁၃ရက် နှင့် ၁၄ ရက်မတိုင်ခင် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှ တွေ့ဆုံရန်အတွက် အကြောင်းပြန်ခဲ့ခြင်း မရှိဟုဆိုသည်။

“သူတို့ ကတော့ လတ်တလော အလုပ်ရှုပ်နေလို့ မတွေ့နိုင်ဘူး လို့ အကြောင်းပြန်တယ်၊ ကျွှန်တော်တို့ကတော့ သဘောထားချင်းတူတဲ့ ပါတီတွေအချင်းချင်း လက်တွဲဆောင်ရွက်ရန်အတွက်ရင်းရင်းနှီးနီး တွေ့ဆုံဖို့ အတွက် ကမ်းလှမ်းတာပါ” ဟု ၎င်းကဆိုသည်။

တွေ့ဆုံရန်အတွက်ကမ်းလှမ်းသည့် ညီနောက်ငါးပါတီမှာ ဖလုံစဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ အပြင် အခြားတိုင်းရင်းသားပါတီတခုဖြစ်သည့် ကယန်းပါတီလည်းပါဝင်သည်ဟု ဆိုသည်။

“ ကျွှန်တော်တို့ ကတော့ တွေ့ဆုံဖို့ ထပ်မံ မကမ်းလှမ်းတော့ပါဘူး၊ အကယ်လို့ သူတို့ဘက်ကတွေ့ချင်တယ်လို့ ကမ်းလှမ်းလာရင်တော့ စီစဉ်ပေးမှာပါ” ဟုဦးစောသန်းမြင့်ကဆိုသည်။

အဆိုပါကမ်းလှမ်းချက်နှင့် ပတ်သတ်၍ NLD ပြန်ကြားရေးဌာနမှ ဦးသိန်းဦးက “ကျွှန်တော်တို့ဆီမှာ ညီနောင်ငါးပါတီနဲ့ပတ်သတ်ပြီးတော့ စာတွေမ၀င်ပါဘူး ။ ဒါပေမဲ့ တိုင်းရင်းသား နာမည်နဲ့ နှစ်ဦးတော့ စာဝင်တယ် သူတို့ တွေ့ချင်လို့ ချိန်းတဲ့ အချိန်က စာပို့တဲ့ အချိန်နဲ့ အရမ်းကပ်နေတော့ ကျွန်တော်တို့ က အဆင်မပြေဘူးလို့ အကြောင်းပြန်လိုက်ပါတယ်” ဟုဆိုသည်။

လက်ရှိတွင် တိုင်းရင်းသားဒေသတွင် အစိုးရနှင့်အပစ်ရပ်စဲရေးအတွက် လက်မှတ်ထိုး သဘောတူညီမှုများပြု လုပ်နေပြီးဖြစ်သောကြောင့် ပြည်နယ်များကို အခြေခံသည့် ညီနောင်ငါးပါတီသည် လာမည့် ၂၀၁၅တွင် အင်းအားပိုမိုကောင်းလာပြီး ခိုင်ခိုင်မာမာ ရပ်တည်ရန်လိုအပ်ကြောင်း ဦးစောသန်းမြင့်ကပြောသည်။

ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ပြီး ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ရက်ကို ယခုလ ၁၆ ရက်မှ ၃၁ အတွင်းသတ်မှတ်ပေးခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ တွင် ယှဉ်ပြိုင်မည့် လစ်လပ်နေရာ ၄၈ နေရာတွင် ယှဉ်ပြိုင်ကြမည့် ဒီမိုကရက်တစ် ပါတီများအကြား ဆွေးနွေးညှိနှိုင်းမှုများလည်း လုပ်ဆောင်လျှက်ရှိသည်ဟု နိုင်ငံရေးပါတီများ၏  ပြောဆိုချက်အရ သိရသည်။     ။

ဇန်န၀ါရီ ၁၇၊ ၂၀၁၂ (YPI)
ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ NLD ကို တွေ့ဆုံရန်ကမ်းလှမ်း ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီများ NLD ကို တွေ့ဆုံရန်ကမ်းလှမ်း Reviewed by သစ်ထူးလွင် on 09:53 Rating: 5

No comments:

Powered by Blogger.