နေပြည်တော်ရှိ လစ်လပ်မဲ ဆန္ဒနယ်လေးခုတွင် ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်NLD ပါတီတို့ထိပ်တိုက်တွေ့ ဆုံမည်ဖြစ်ရာ NLD ကလူထု၏ ယုံကြည်မှုဖြင့်သာယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း အဆိုပါတီ၏ ပြောရေး ဆိုခွင့်ရှိသူဦးအုန်းကြိုင်ကဆိုသည်။''ကျွန်တော်တို့ ပါတီက နေပြည်တော်က လစ်လပ်နေရာလေးခု အတွက်ကို လူထုယုံ ကြည်မှုနဲ့ပဲယှဉ် ပြိုင်သွားမှာ ဖြစ်တယ်။ကျွန်တော်တို့ ပါတီအနေနဲ့လူထုကိုယုံကြည်လို့ရွေး ကောက်ပွဲဝင်မှာဖြစ်တယ်။လူထုက ပဲအရာရာ ဆုံးဖြတ်ပေးမှာပါ။ ၉၀တုန်းကလည်း လူထုယုံကြည်မှုနဲ့ယှဉ် ပြိုင်ခဲ့တာပဲလေ။ ကျွန်တော်တို့အဖွဲ့ ချုပ်ကို ထောက်ခံမယ် လို့ယုံကြည် ပါတယ်'' ဟု ယင်းကဆိုသည် ။
'အင်န်အယ်လ်ဒီအနေ နဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမှာ အရင်၉ဝတုန်းက အနေအထား နဲ့မတူဘူးဆိုတာကို ထည့်တွက်ရပါ မယ်။ ဘာလို့လဲဆိုတော့ ၉ဝတုန်းက ၈၈ကနေပြီး ဆင်းသက်လာကြတဲ့ ပြည်သူနဲ့အခြေအနေက အခု၂၀၁၂ အခြေအနေနဲ့ မတူဘူး။ အခု၂၀၁၂ မှာ ယှဉ်ပြိုင်ရမှာက နေပြည်တော်ဆို ဝန်ထမ်းတွေနေတဲ့ နယ်မြေ သူတို့က ၉ဝတုန်းကလူတွေ မဟုတ်နိုင်တော့ ဘူး။ ၉ဝဆယ်တုန်းက မဲပေးခဲ့တဲ့ သူတွေက သေကောင်းသေသွားနိုင် တယ်။ အဲ့ဒီထဲမှာ ပါချင်မှလည်းပါမယ်။ ပြီးတော့ အခုမျိုး ဆက်ကအသစ်တွေ၊ နောက်ဝန်ထမ်းတွေ အကြောက်တရား တွေရှိနေနိုင်တယ်။ လက်ရှိရာထူးကို မစွန့်လွှတ်နိုင်သူ တွေလည်းပါမယ်။ မလွန်ဆန်နိုင်သူ တွေလည်းပါနိုင်တယ်။ဒါကြောင့်ကျိန်းသေ ပေါက်တော့ မပြောနိုင်ဘူး။တစ်ဘက်ကလည်း အာဏာရ ပါတီ ကလည်း ရှိနေတော့ လူထု ယုံယုံကြည်ကြည် မဲပေးနိုင်အောင်၊ အကြောက်တရား ကင်းကင်း မဲပေးနိုင်တဲ့ အခင်းအကျင်း မျိုးရှိဖို့ တော့လိုလိမ့်မယ်'' ဟု နိုင်ငံရေး သမား ဦးရန်ကျော်က ဆိုသည်။
''တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ ကတော့ ကော်မရှင်၊ နိုင်ငံရေးပါတီ နဲ့ ပြည်သူတွေ က အရေးကြီးပါတယ်။ပြည်သူတွေ သတ္တိရှိရှိ မဲပေးဖို့ပဲလိုပါတယ်။ မဲအရေအတွက်ထက် မဲပြားရဲ့တန် ဖိုးကသာ အဓိကကျပါတယ်။ကိုယ့်ကိုပြည်သူ ဘယ်လောက်ကမဲပေး တယ်ဆိုတာက သိက္ခာရှိပါတယ်။ ပြည်သူတွေသတ္တိရှိရှိ ကိုယ်ရွေးချယ်လိုတဲ့သူကို မဲထည့်ဖို့ အရေးကြီးပါတယ်''ဟု ရန်ကုန်တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကလည်း ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ပြည့်ဝင်ပြိုင်မည် ဖြစ်သကဲ့သို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှလည်း လစ်လပ်နေ ရာအပြည့် ဝင်ပြိုင်မည်ဖြစ်ရာ၊ ထိုအထဲမှ မန္တလေးတိုင်း ဒေသကြီးမှ နေပြည်တော်တွင်လစ်လပ်လျက်ရှိသည့် ပြည်သူ့လွှတ် တော်နေရာများတွင် အဆိုပါ ပါတီ နှစ်ခု ယှဉ်ပြိုင်ကြ မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းမ် မှာ ဖော်ပြထားပါသည်။
By: သစ်ထူးလွင်

NLD နှင့် USDP နေပြည်တော် လစ်လပ်မဲဆန္ဒနယ် ၄ ခုမှာတွေ့ ဆုံမည်
Reviewed by သစ်ထူးလွင်
on
18:36
Rating:
No comments:
Post a Comment