ဖေဖော်ဝါရီ ၂ ၀ါရှင်တန်ဒီစီမှာ ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနဲ့ ဒေါ်ခင်သန်းမြင့်တို့ NED မှာ တွေ့ကြမည်
မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၂၅၊ ၂၀၁၂
အမေရိကန်ပြည်ကို
ဇန်န၀ါရီလကုန် လာရောက်လည်ပတ်မည့်မြန်မာပြည်က အရေးပါသူ ၃ ဦးဖြစ်တဲ့
သီးလေးသီးထူထောင်သူ အနုပညာရှင် ကိုဇာဂနာ၊ ကချင်အရေး နိုးကြားလှုံ့ဆော်သူနဲ့
အင်န်ဒီအက်ဖ် ပါတီဝင် ဒေါ်ဘောက်ဂျာ နဲ့ အင်န်အယ်ဒီ
အမျိုးသမီးရေးရာနိုးကြားလှုံ့ဆော်သူ ဒေါ်ခင်သန်းမြင့်တို့ကို
မြန်မာအရေးထောက်ပံ့အားပေးသူ အမေရိကန်အစိုးရနဲ့
လွှတ်တော်နောက်ခံအဖွဲ့အစည်းကြီးဖြစ်တဲ့ NED (National Endowment for
Democracy) က ကြိုဆိုပြီး နေ့လည်စာနဲ့ တည်ခင်းဧည့်ခံမှာ ဖြစ်ကြောင်း
သိရှိရပါတယ်။
ဖေဖော်ဝါရီ
၂ ရက်၊ နေ့ခင်းမှာ ကျင်းပမယ့်အစီအစဉ်ကို အမေရိကန်အစိုးရရဲ့ ဒီမိုကရေစီ၊
လူ့အခွင့်အရေးနဲ့ လုပ်သားရေးရာ ကော်မီတီ လက်ထောက်အတွင်းဝန် မိုက်ကယ်ပိုဇနာက
တက်ရောက် ချီးမြှင့်မှာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ မြန်မာပြည်ရဲ့
တိုးတက်နေတဲ့ အပြောင်းအလဲကာလအပေါ် မြန်မာပြည်က အရေးပါသူတို့ရဲ့ သဘောထားနဲ့
အမြင်တွေကို တိုက်ရိုက်နားထောင် ဆွေးနွေးနိုင်ဖို့ အခုလို
အစီအစဉ်ကျင်းပတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့
အချစ်တော် လူရွှင်တော် ကိုဇာဂနာကတော့ အဆိုပါအစီအစဉ်များတက်ရောက်ပြီးနောက်
အမေရိကန်ပြည်ထောင်စုတွင်း နေထိုင်ကြတဲ့ မြန်မာတိုင်းရင်းသားမိသားစုမျာနဲ့
နွေးထွေးရင်းနှီးစွာ ခရီးလှည့်လည်တွေ့ဆုံလိမ့်မယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ
တလလုံး အမေရိကန်ပြည်ထောင်စုမှာ ကိုဇာဂနာ ရောက်ရှိလည်ပတ်မှာ ဖြစ်ပြီး၊
၂၀၀၆ ခုနှစ်ကတည်းက ကွဲကွာနေရတဲ့ သူ့ဇနီး၊ သူ့သားသမီးများနဲ့
ပြန်လည်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။
မိုးမခမီဒီယာ
ကိုဇာဂနာ၊ ဒေါ်ဘောက်ဂျာနဲ့ ဒေါ်ခင်သန်းမြင့်တို့ NED မှာ တွေ့ကြမည်
Reviewed by သစ်ထူးလွင်
on
09:11
Rating:
1 comment:
နေရာအတွက်မဟုတ်ပြည်သူတွေအတွက်အလုပ်လုပ်သူများကိုအာဇာနည်ဟုခေါ်သည်။။။။။
Post a Comment