ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ကရင်ပြည်နယ် အစိုးရ လုံခြုံရေး ဝန်ကြီးတို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ ဖြစ်ကြောင်း The Voice Weekly သတင်း အယ်ဒီတာက သတင်းပေးပို့သည်။
အလားတူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကKNU တို့ တောင်းဆိုထားသည့် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သည် ဟု ၎င်းက ပြောကြားသည်။
The Voice Weekly
ရုပ်/သံ (မဇ္ဈိမ)
အလားတူ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကKNU တို့ တောင်းဆိုထားသည့် အချက် ၁၁ ချက်ကို မူအားဖြင့် သဘောတူညီကြောင်း လက်မှတ်ရေးထိုးခဲ့သည် ဟု ၎င်းက ပြောကြားသည်။
The Voice Weekly
ကရင်အမျိုး
သားအစည်းအရုံး (ကေအန်ယူ)နဲ့ ကရင်ပြည်နယ်
အစိုးရကိုယ်စားလှယ်တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူလိုက်ကြပြီး
လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
ဘား
အံ့မြို့ ဇွဲကပင်ဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက စတင်တဲ့
အစည်းအဝေးမှာ သဘောတူညီချက် ၄ ခု ရရှိသွားပြီလို့
အဲဒီကိုရောက်ရှိနေတဲ့ သတင်းထောက် တဦးက ပြောပါတယ်။
“အချက်လေး
ချက်ကတော့ အပစ်အခတ် ရပ်စဲမယ်။ ဆက်ဆံရေး ရုံးတွေဖွင့်မယ်။ လက်နက်မပါဘဲ
တနိုင်ငံလုံး သွားလို့ရမယ်။ နောက်အဆင့်တွေ ဆက်ဆွေးနွေးသွားမယ်။”
ဒီနေ့ည
နေပိုင်းမှာ ကေအန်ယူ ကိုယ်စားလှယ်အဖွဲ့ဟာ အရှေ့တောင်တိုင်း
စစ်ဌာနချုပ်ရှိရာ (မော်လမြိုင်)မှာ သွားရောက်ပြီး စစ်ရေးကိစ္စ
ဆွေးနွေးဖို့ ရှိတယ်လို့ ကေအန်ယူရဲ့ ဒု-ဥက္ကဋ္ဌ ဒေးဗစ်သာကပေါ်က
ပြောပါတယ်။
ကရင်အမျိုး
သားအစည်းအရုံးဟာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်
အတွက် လက်နက်ကိုင်တော်လှန်နေတာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပြီ
ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ စစ်ပြေးဒုက္ခသည် တသိန်းကျော်လောက် ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေကြပါတယ်။
သတင်း---ဒီဗွီဘီ
(KNU) နှင့် အစိုးရ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုး(သတင်း-ရုပ်/သံ)
Reviewed by သစ်ထူးလွင်
on
16:50
Rating:
No comments:
Post a Comment