အသနားခံစာ ပယ်ချခံရတဲ့ကိစ္စ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ နှင့် အင်တာဗျူး(အသံဖိုင်)

ရွှေညဝါဆရာတော်ရဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ နေ့စွဲပါ သံဃာ မဟာနာယကအဖွဲ့ထံ တင်ပြထားသော အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ က မိန့်ကြားလိုက်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာမှ အခုလို ပယ်ချခံရတဲ့သတင်းကို သိရှိခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မဟန ဆရာတော် ၄၇ ပါး စုံညီက ရွှေညဝါဆရာတော်ကို ဇန်နဝါရီလ ၁၉ ရက်နေ့ နေ့လယ် ၁ နာရီမှာ ဗဟန်း ကြားတောရလမ်းမှာရှိတဲ့ တိုင်းဒေသကြီး သံဃာ့နာယကအဖွဲ့ကြီး တည်ရာဌာနသို့ ကိုယ်တိုင် လာရောက် တွေ့ဆုံဖို့ ဒီကနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့ နေ့စွဲပါ စာနဲ့ ဆင့်ခေါ်ထားတယ်လို့ သိရှိရပါတယ်။
အဆိုပါ ဆင့်ခေါ်စာအတွက် ရွှေညဝါ ဆရာတော် အနေနဲ့ အယဉ်ကျေးဆုံး၊ အသိမ်မွေ့ဆုံးနဲ့ တည်တည်ငြိမ်ငြိမ် အခြေအနေပေါ် မူတည်ပြီး ရင်ဆိုင်မယ်လို့ မိန့်ကြားပါတယ်။
  အသနားခံစာ ပယ်ချခံရတဲ့အတွက် အံ့သြမိပါတယ်လို့ ရွှေညဝါ ဆရာတော် ဆို by Burma VJ Media Burma VJ Media
အသနားခံစာ ပယ်ချခံရတဲ့ကိစ္စ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ နှင့် အင်တာဗျူး(အသံဖိုင်) အသနားခံစာ ပယ်ချခံရတဲ့ကိစ္စ ရွှေညဝါ ဆရာတော် အရှင်ပညာသီဟ နှင့် အင်တာဗျူး(အသံဖိုင်) Reviewed by သစ်ထူးလွင် on 08:25 Rating: 5

No comments:

Powered by Blogger.