ပြည်နယ်များရှိ တိုက်နယ်
ဆေးရုံဆေးခန်းမရှိသော ကျေးလက်ဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များသည်
မိခင်နှင့်ကလေးစောင့်ရှောက်ရေးမှဖွင့်လှစ်ထားသော
မိခင်နှင့်ကလေးဆေးခန်းများနှင့် အရပ်လက်သည်မီးဖွားသူများကိုသာ အားထားပြီး မီးဖွားလျက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံ ဆေးရုံဆေးခန်းမရှိသေးသော ကျေးရွာဒေသများတွင် ကိုယ်ဝန်ဆောင်မိခင်များသည် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဆေးခန်းများအပါအ၀င် ကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလက်မှတ်ရရှိထားသော သူနာပြုဆရာ / ဆရာမ များဖြင့်သာ မွေးဖွားသင့်ကြောင်း ၊ ကျန်းမာရေးဝန်ထမ်းများက သတိပေးပြောဆိုလျက်ရှိသည်။
" အကောင်းဆုံးကတော့ ဆေးရုံမှာလာမွေးတာ အကောင်းဆုံးပါပဲ ၊ ဆေးရုံဆေးခန်းဝေးတဲ့နယ်တွေကြတော့ မိခင်နှင့်ကလေး ဆေးခန်းတွေမှာတော့ စိတ်ချရပါတယ် ပစ္စည်းတွေကပိုးသတ်ထားပြီး ၊ တခါသုံးတွေပဲသုံးတယ်" ဟု ဒေါက်တာ ဦးဝဏ္ဏကျော်ကပြောသည်။

အထူးသဖြင့် သားဦးမွေးမည့်မိခင်များ၊ မီးဖွားရာတွင် အခက်အခဲရှိနိုင်မည့် ကိုယ်ဝန်ဆောင်မိခင်များ ၊ ထို့ပြင် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာရဖွယ်ရှိသော မီးဖွားခြင်းများသည် ဆေးရုံတို့တွင် မွေးဖွားသင့်ကြောင်း အဆိုပါ ဆရာဝန်က သတိပေးပြောဆိုသည်။
မိခင်နှင့်ကလေး
ဆေးခန်းများ၌ မွေးဖွားခြင်းသည် စိတ်ချရသော်လည်း အချို
့ကိုယ်ဝန်သည်များအနေဖြင့် ဆေးရုံမှာမွေးခြင်းက အန္တရာယ်ကင်းကြောင်း
မိခင်နှင့်ကလေးမှ ဆရာမတစ်ဦး၏ ပြောချက်အရသိရသည်။
"ကျွန်မတို့မှာက အသုံးအဆောင် ကိရိယာတွေကသန့်ရှင်းတယ် ၊ ပြီးတော့ ဆရာမတွေကလည်းကျွမ်းကျင်ကြတယ်ရှင့် ၊ တချို့  ကိုယ်ဝန်ဆောင်တွေကိုလည်းဆေးရုံပို့ပေးတယ်လေ" ဟု မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ ဆရာမ ဒေါ်ဝင်းစံဖြူကပြောသည်။

ကိုယ်ဝန်ဆောင်
အမျိုးသမီးများသည် ကိုယ်ဝန်ဆောင်စဉ်မှစပြီး ကျန်းမာရေးစောင့်ရှောက်မှု
ရရှိရန်လိုအပ်ကြောင်း၊ကိုယ်ဝန်ဆောင်စဉ်
ကျန်းမာရေးဋ္ဌာန(သို့မဟုတ်)မိခင်နှင့်ကလေးသားဖွားခန်းသို့
အနည်းဆုံးလေးကြိမ်ခန့်ပြသစစ်ဆေးရန် လိုအပ်ကြောင်း
ကျန်းမာရေးဝန်ထမ်းများထံမှ သိရှိရသည်။
ထိုသို့စစ်ဆေးပြီးမှသာ ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် မည်သည့်နေရာတွင် ကလေးမွေးဖွားသင့်သည်ဆိုသည်ကို
ဆရာဝန် ၊ သူနာပြု သို့မဟုတ် သားဖွားတို့ဖြင့် တိုင်ပင်အကြံဥာဏ်ရယူရန် အရေးကြီးကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ သိရှိရပါသည်။

ကိုယ်ဝန်ဆောင်မိခင်သည် မီးဖွားရာတွင် အခက်အခဲရှိနိုင်မည် ၊ သို့မဟုတ် အသက်အန္တရာယ်စိုးရိမ်ဖွယ်ရာရှိသည်ဆိုလျှင်
ကလေးကိုဆေးရုံသို့မဟုတ် သားဖွားခန်းတွင်သာမွေးသင့်ပါသည်။သားဖွားသည့်အခါတိုင်း ၊ အထူးသဖြင့် သားဦးမွေးမည်ဆိုလျှင် သားဖွားခန်း သို့မဟုတ် ဆေးရုံတို့တွင်မွေးဖွားမှာသာ စိတ်ချရပါသည်ဟု ဆရာမပြောကြားချက်အရသိရသည်။
အချို့ သော ကိုယ်ဝန်သည်များမှာ မိခင်နှင့်ကလေးဆေးခန်းနှင့်နီးခြင်း ၊ မိခင်နှင့်ကလေးဆေးခန်းများက မရှိဆင်းရဲသားများကိုလည်း မွေးပေးခြင်း စသည်တို့ကြောင့် မိခင်နှင့်ကလေး ဆေးခန်းတွင်မီးဖွားကြောင်း မိခင်တစ်ဦး၏ပြောချက်အရ သိရှိရသည်။

ကောင်းမြတ်ဖြိုး(ရွှေမြစ်မခ)
ဆေးရုံဆေးခန်းမရှိသော ဒေသများမှ ကိုယ်ဝန်ဆောင်မိခင်များ
Reviewed by သစ်ထူးလွင်
on
09:30
Rating:
4 comments:
ကိုဇာဂနာ ကိုယ်ဝန်ဆောင်မိခင်သည် မီးဖွားရာတွင် အခက်အခဲရှိနိုင်မည်
အော် တောရွာတွေကတော့ ဒီလိုပါဘဲ.......
အော် တောရွာတွေကတော့ ဒီလိုပါဘဲ.......
ကျေးလက်အထိ ဆင်းပြီး HE ပေးစေချင်ပါတယ်။နောက်တစ်ခုက နယ်မှာ ဆင်းရဲတဲ့ကိုယ်ဝန်ဆောင် အရမ်းများနေပါတယ်။midwife မရှိဘူး။ရှိရင်လည်း အသက်ကြီးနေတယ်။ဆေးရုံကိုသွားဖို့ လည်းအဝေးကြီး ပိုက်ဆံလည်း မရှိပေါ့။ကိုယ်နေခဲ့တဲ့နေရာလေးပါ။
Post a Comment