အောက်တိုဘာ လကုန်ပိုင်းမှ စတင်ကာ ကျပ် ၈၀၀ အောက် ကျဆင်းနေတဲ့ သိမ်ဖြူ
နိုင်ငံခြားငွေ လဲလှယ်ရေး ကောင်တာမှ ဒေါ်လာငွေဈေး လဲလှယ် နှုန်းထားတွေဟာ
အခုလ ၂၀ ရက် နောက်ပိုင်းက စတင်ပြီး ကျပ် ၈၀၀ အထက်ကို ပြန်လည် ရောက်ရှိကာ
ဈေးနှုန်း တည်ငြိမ်လျက် ရှိတယ်လို့ သိရပါတယ်။
အောက်တိုဘာ လကုန်ပိုင်းက စတင်ကာ ဒေါ်လာငွေ လဲလှယ် နှုန်းထားဟာ အမေရိကန် ဒေါ်လာနဲ့ အက်ဖ်အီးစီ တစ်ယူနစ်ကို ငွေကျပ်
၇၈၀
မှ ၇၉၀ ၀န်းကျင်မှာ တည်ငြိမ် နေခဲ့ပေမယ့် အခု ဒီဇင်ဘာ လ ၂၀ ရက်နေ့က စတင်ကာ
တစ်ဒေါ်လာကို ၈၀၅ ကျပ် ဖြစ်ခဲ့ ပါတယ်။ ဒီဇင်ဘာလ ၃၀ ရက်နေ့ရဲ့
ပိတ်ဈေးမှာတော့ တစ်ဒေါ် လာကို ၈၁၂ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့ ပေါက်ဈေးနှုန်းကတော့ တစ်ဒေါ်လာ ကို ကျပ်ငွေ ၈၁၅
ကျပ်ထိ ထပ်မံ တက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို ငွေလဲလှယ်နှုန်း မြင့်တက် ရတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေလဲလှယ်မှု အများဆုံး ပြုလုပ်သူရဲ့ လိမ်လည် ထွက်ပြေးမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဂယက်နဲ့လည်း သက်ဆိုင်တယ်လို့ ပြည်ပ ပို့ကုန် လုပ်ငန်းရှင်တွေက သုံးသပ် ထား ကြပါတယ်။ လက်ရှိမှာတော့ ဒီလို ငွေလဲလှယ်နှုန်း အနည်းငယ် မြင့်တက် လာမှုကြောင့် နိုင်ငံခြားငွေနဲ့ ဆက်စပ် လုပ်ကိုင်နေကြရတဲ့ လုပ်ငန်းတွေမှာ အနည်းငယ် ဈေးနှုန်း မြင့် တက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုဈေးနှုန်း အနည်းငယ် ပြောင်းလဲခဲ့တဲ့ အတွက် လုပ်ငန်း လုပ်ကိုင်မှု အပိုင်းတွေမှာ အနည်းငယ်ေ လျာ့ပါးမှု ရှိခဲ့ပေမယ့်လည်း ထိရောက်တဲ့ အကျိုးသက်ရောက်မှုတော့ မရှိဘူးလို့ လုပ်ငန်းရှင် တွေထံက သိရပါတယ်။
MRTV-4
အောက်တိုဘာ လကုန်ပိုင်းက စတင်ကာ ဒေါ်လာငွေ လဲလှယ် နှုန်းထားဟာ အမေရိကန် ဒေါ်လာနဲ့ အက်ဖ်အီးစီ တစ်ယူနစ်ကို ငွေကျပ်

အခုလို ငွေလဲလှယ်နှုန်း မြင့်တက် ရတာဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက စင်္ကာပူမှာ ဖြစ်ပေါ်ခဲ့တဲ့ ငွေလဲလှယ်မှု အများဆုံး ပြုလုပ်သူရဲ့ လိမ်လည် ထွက်ပြေးမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ဂယက်နဲ့လည်း သက်ဆိုင်တယ်လို့ ပြည်ပ ပို့ကုန် လုပ်ငန်းရှင်တွေက သုံးသပ် ထား ကြပါတယ်။ လက်ရှိမှာတော့ ဒီလို ငွေလဲလှယ်နှုန်း အနည်းငယ် မြင့်တက် လာမှုကြောင့် နိုင်ငံခြားငွေနဲ့ ဆက်စပ် လုပ်ကိုင်နေကြရတဲ့ လုပ်ငန်းတွေမှာ အနည်းငယ် ဈေးနှုန်း မြင့် တက်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီလိုဈေးနှုန်း အနည်းငယ် ပြောင်းလဲခဲ့တဲ့ အတွက် လုပ်ငန်း လုပ်ကိုင်မှု အပိုင်းတွေမှာ အနည်းငယ်ေ လျာ့ပါးမှု ရှိခဲ့ပေမယ့်လည်း ထိရောက်တဲ့ အကျိုးသက်ရောက်မှုတော့ မရှိဘူးလို့ လုပ်ငန်းရှင် တွေထံက သိရပါတယ်။
MRTV-4
ဒေါ်လာ ငွေလဲလှယ် နှုန်းထား ဒီဇင်ဘာ လလယ်မှ စတင်ကာ ကျပ်ရှစ်ရာ အထက်သို့ ရောက်ရှိလာ
Reviewed by သစ်ထူးလွင်
on
12:30
Rating:

No comments:
Post a Comment