ပြည်မြို့က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးတဲ့အတွက် အသက် ၁၅ နှစ်အရွယ် ကျောင်းသားတဦး သေဆုံးသွားပြီး တဦး ဒဏ်ရာအပြင်းအထန်နဲ့ ဆေးရုံ ပို့ထားရတယ်လို့ မိသားစုဝင်တွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။
သေဆုံးသွားတဲ့ မောင်ကောင်းဆက်ပိုင်ဟာ ပြည်အမှတ် (၁) ကျောင်းက တက္ကသိုလ်ဝင်တန်း ကျောင်းသားတဦးဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့က မောင်ကောင်းဆက်ပိုင်နဲ့ သူငယ်ချင်း တဦးတို့ စီးလာတဲ့ ဆိုင်ကယ်နောက်က ရဲတပ်ဖွဲ့ဝင်နှစ်ဦးက ဆိုင်ကယ်နှင့် လိုက်ဖမ်းစဉ်မှာ အသက် သေဆုံးတဲ့အထိ ဖြစ်သွားတာပါ။
အခင်းဖြစ်တဲ့ မနက်က အဖြစ်အပျက်နဲ့ပတ်သက်လို့ ဖခင် ဦးဝေအုန်းက “ကျနော့်သားလေး အဲဒီနေ့က သူငယ်ချင်းအချင်းချင်း ရန်ဖြစ်ကြတယ်လို့ ပြောပါတယ်။ ကျနော့်သားက သူတို့ဖြစ်ပြီးမှ ရောက်သွားပြီးတော့ ဖျန်ဖြေပါတယ်။ ၃ ရက်နေ့ မနက်ခင်းမှာ ရဲကအိမ်ကို လာပါတယ်။ သက်သေလိုချင်လို့ပါလို့ ပြောတယ်။ ရဲကတော့ အဲဒီထဲမှာ ကျနော့်သား မပါဘူးလို့ ပြောပြီး ပြန်ထွက်သွားတယ်။ သူလည်းထွက်သွားပြီး မိနစ် ၂၀ လောက်အကြာမှာ ကျနော့်သား သူငယ်ချင်းတွေ လာပြောပါတယ်။ ကောင်းဆက်ပိုင် ဆိုင်ကယ်မှောက်လို့ဆိုပြီး ဆေးရုံလိုက်သွားတော့ ဆေးရုံမှာ အသက်မမီတော့ပါဘူး” လို့ ပြောပါတယ်။
ပြည်မြို့ စည်တော်မင်္ဂလာရပ်ကွက်နှင့် ပြည်ရတနာလမ်းကြားထဲက ရထားလမ်းဘေးမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကို တွေ့ခဲ့ရတဲ့ မျက်မြင်သက်သေတဦးက အခုလို ပြောပါတယ်။
“ကျမတို့ လင်မယားနှစ်ယောက် ဘေးကနေ ဆိုင်ကယ်ဖြတ်မောင်းသွားတာကို မြင်လိုက်တာ။ တော်တော်ပြင်းတယ်။ ဖြတ်မောင်းသွားတာ ကြည့်တော့လည်း ကလေး ၂ ယောက်က မောင်းတယ်။ နောက်ကလည်း ၆ ပေ၊ ၇ ပေလောက် အကွာမှာ ဆိုင်ကယ်တစီးက အပြင်းအထန် လိုက်လာတယ်။ နောက်ဆိုင်ကယ်က ရှေ့ဆိုင်ကယ်ကို မှီလာတယ်။ နောက်ကနေ ရှေ့ဆိုင်ကယ်က နောက်ဘက်မှာ ထိုင်နေတဲ့ကောင်လေးကို ပခုံးကနေ လှမ်းဆွဲချတော့ နောက်ကကောင်လေး ပြုတ်ကျသွားတယ်။ နောက်ကကောင်လေးကတော့ ပြုတ်ကျသွားပြီ။ အဲဒီအချိန်မှာ တဘက်က နောက်ကလိုက်လာတဲ့ ဆိုင်ကယ်က ပိတ်ကန်လိုက်တာ။ အဲ့လိုကန်လိုက်တော့ လူကအောက်က ဆိုင်ကယ်က အပေါ်က ပိလဲသွားတယ်။ ပထမတော့ ရဲတွေဘာတွေလို့ မတွေးမိဘူး။ သူကလည်း ယူနီဖောင်းနဲ့မဟုတ်ဘူးလေ။ ဆိုယ်ကယ်အောက်က ကလေးကို လူတွေရောက်လာပြီး ဆွဲထုတ်တယ်။ ဆွဲထုတ်ပြီး အဲဒီကလေးကို လက်ထိပ်ခတ်လိုက်တယ်။ အဲဒီကျတော့မှ ရဲဆိုတာ သိလိုက်တာ။”
ဒဏ်ရာနဲ့ လဲနေတဲ့ မောင်ကောင်းဆက်ပိုင်ကို ရဲက လက်ထိတ်ခတ်ပြီး တရွတ်တိုက် ဆွဲခေါ်သွားတဲ့ မြင်ကွင်းကိုလည်း မျက်မြင်သက်သေက အခုလို ပြောပါတယ်။
“အဲဒီကလေးကို လက်ထိတ်ခတ်၊ ဒရွတ်တိုက်ပြီးဆွဲသွားတယ်။ အဲဒီအချိန်မှာ နားထဲကသွေးတွေ မတရားထွက်နေပြီ။ အသက်က ဆန့်ငင်ဆန့်ငင် ဖြစ်နေပြီ။ လေးငါးတောင်လောက် အကွာကို ဆွဲခေါ်သွားပြီးမှာ ဝိုင်းကြည့်နေတဲ့သူတွေက ဝိုင်းပြောတော့မှ လက်ထိပ်ကိုဖြုတ်ပေးလိုက်တယ်။ ပြီးတော့ တဖက်က ပြုတ်ကျန်ခဲ့တဲ့ ကလေးက ထွက်ပြေးရင်း ဖွဲပုံထဲမှာ ခေါင်းစိုက်နေတယ်။ အဲဒီကလေးကို ကုတ်ကနေကိုင်ပြီး ဒရွတ်တိုက် ဆွဲခေါ်လာတာကို မြင်လိုက်တယ်။”
မောင်ကောင်းဆက်ပိုင်ကို ဆေးရုံပို့ဖို့ ဆိုက်ကားနဲ့အသွား လမ်းမှာပဲ သေဆုံးသွားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
မောင်ကောင်းဆက်ပိုင်ဟာ လဲကျသွားတဲ့အချိန်မှာ ဘေးမှာရှိတဲ့ ကျောက်တုံးနဲ့ ဦးခေါင်း ပြင်းပြင်းထန်ထန် ခိုက်မိပုံရတယ်လို့ မျက်မြင်တွေက ဆိုပါတယ်။
မောင်ကောင်းဆက်ပိုင်ရဲ့ သူငယ်ချင်းကတော့ လောလောဆယ် ပြည်ဆေးရုံကြီးမှာ ဒဏ်ရာအပြင်းအထန်နဲ့ အသည်းကို နံရိုးစိုက်ဝင်နေတဲ့အတွက် ခွဲစိုက်ကုသမှု ခံယူနေရတယ်လို့ ဆေးရုံမှာ သွားကြည့်ခဲ့တဲ့ မိသားစုဝင် တဦးက ပြောပါတယ်။
မျက်မြင်တွေရဲ့ အဆိုအရ မောင်ကောင်းဆက်ပိုင်တို့ကို လိုက်ဖမ်းဖို့ ကြိုးစားသူက ပြည်အမှတ် ၂ ရဲစခန်းက ရဲတပ်ကြပ် သဲမောင်မောင် နဲ့ နောက်တဦးဖြစ်တယ်လို့ သိရပါတယ်။
ဒီကိစ္စကို မိသားစုက ရဲစခန်းမှာ သွားရောက်စုံးစမ်းတော့ စခန်းမှူးက မောင်ကောင်းဆက်ပိုင်အတွက် ဝမ်းနည်းကြောင်းပြောပြီး ဘယ်လို အရေးယူ ဆောင်ရွက်မယ်ဆိုတာကို ရှင်းမပြခဲ့ဘူးလို့ မောင်ကောင်းဆက်ပိုင်ရဲ့ ဖခင်က ပြောပါတယ်။
ဒီဗွီဘီက ရဲစခန်းကို တယ်လီဖုန်းကတဆင့် စုံစမ်းတဲ့အခါမှာလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ လောလောဆယ် ဘာမှ မပြောနိုင်သေးဘူးလို့ တာဝန်မှူးက ပြန်ဖြေပါတယ်။
မောင်ကောင်းဆက်ပိုင်ရဲ့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေကတော့ ဒီကိစ္စကို လူသေမှု၊ သို့မဟုတ် လူသတ်မှု စွဲချက်တွေနဲ့ တရားစွဲဖို့ရှိတယ်လို့ ပြောပါတယ်။
ဒီဗွီဘီ
ရဲက ကြမ်းကြမ်းတမ်းတမ်း ဖမ်းဆီးသဖြင့် ကျောင်းသားတဦး သေဆုံး
Reviewed by သစ်ထူးလွင်
on
18:11
Rating:
15 comments:
မိုက်ရိုင်းလိုက်တဲ့ရဲတွေ မိဘတွေသနားပါတယ်
လူမဆန်တဲ့ရဲတွေဘဲ....မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာဒီလိုလူတွေလဲ
ရှိနေသေးတာကိုး.....ပညာမတတ်...ထမင်းငတ်လို့ရဲဝင်လုပ်နေတဲ့ကောင်တွေထင်တယ်...ယူနီဖောင်းလေးဝတ်ရပြီဆိုတာနဲ့....
တွေ့ကရာလူလိုက်ဖြဲနေတဲ့ကောင်တွေ....အဲ့လိုကောင်တွေကြောင့်
ရဲတပ်ဖွဲ့သိက္ခာကျရပါ့...သက်ဆိုင်ရာလူကြီးများမှ အမြန်ဆုံးဖယ်ရှားပေးသင့်ပါကြောင်း......။
အော်...ရဲ ဆိုမှ တော့ ဖမ်းတော့ မပေါ့ ... ဘာဖြစ်ဖြစ် သူတို့ နဲ့ ကင်းအောင်နေပေါ့....သိပ် မကောင်းတော့ မပြော ကြပါနဲ့ .
ပြောရပြန်အုံးမယ် မင်းတို့တွေကွန့်မန့်တွေဖတ်မိရင် မပြောပဲလည်းမနေနိုင်ဘူးကွာ
ရဲကကြမ်းကြမ်းတမ်းတမ်းဖမ်းလို့ ကျောင်းသားလေးသေသွားတယ် သနားပါတယ် ဟုတ်ပါပြီ ဘာ့ကြောင့်ဖမ်းတာလဲ ဘာဖြစ်လို့ဖမ်းတာလဲ သူ့ကိုသေစေချင်လို့ဖမ်းတာလား ပျော်လို့ပြေးတမ်း ဖမ်းတမ်းကစားတာလားး
ရဲဆိုတာ လူဆိုးဖမ်းတဲ့သူ မကောင်းမှုကိုလုပ်တာတွေ့ရင်ဖမ်းရမလား အေးဆက်လုပ်လို့ပြောရမလား လက်ခုပ်တီးပြီးအားပေးနေရမှာလားး သူ့တာဝန်နဲ့သူ မကောင်...းတာတစ်ခုခု မဟုတ်တာတစ်ခုခုလုပ်လို့ဖမ်းတယ်
အဖမ်းမခံပဲထွက်ပြေးတယ် ထွက်ပြေးတော့မိအောင်လိုက်ရတယ်. ရှင်းရှင်းလေးကို ဘာ့ကြောင့် အမြင်တွေစောင်းအောင် သတင်းရယ် မြန်မာပြည်ရဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ ဒါလား သိပ်ကိုကြောက်စရာကောင်းတဲံ သတင်းလွတ်လပ်တဲ့ နိုင်ငံကြီးပါတကားးး မင်းတို့တွေအဲလို သတင်းကို များများရေး တိုင်းပြည်ပျက်မယ် ။။ မင်းတို့ဖျက်နေတာ တိုင်းပြည်ထဲရှိတဲ့လူ ကိုယ့်တိုင်းပြည်အကောင်းမြင်စိတ်ပျောက်အောင်လုပ်နေတာ မင်းတို့ရဲ့ ဒီလိုတစ်ဖက်သတ် စွပ်စွဲ သတင်းတွေပဲ .. မင်းတို့မြန်မာနိုင်ငံသားလား ခေါင်းလေးသုံး ရှေ့ကိုကြည့် ဘယ်လမ်းကိုလျှောက်နေလဲသိအောင်လုပ် ဘယ်လမ်းပေါ်ရောက်နေလဲ အောက်ငုံ့ကြည့် ..။။ မင်းတို့တွေ ခြေလျှော်မကျပါစေနဲ့လို့ ဆုတောင်း ပေးရင်း..
မင်းတို့ သတင်းတွေကို စောင့်ကြည့်နေမယ်။။။
မင်းတို့ကို ထိတဲ့စကားလုံးတွေပါတယ်ဆိုရင် ငါ့ကွန့်မန့်ကို ချက်ချင်းဖျက်ကြနော် မင်းတို့မေ့နေမှာဆိုးလို့ သတိပေးတာ :P
ဟေ့ အပေါ်ကကောင် .. မင်းက ရဲဘက်ကလား ... ရဲ ရဲ့အလုပ်က လူဆိုးဖမ်းတယ် ဆိုတာတော့ငါသိပါတယ် .. အဲ့လောက် အသည်းအသန်ဖမ်းရအောင် အဲ့ကလေးတွေက နိုင်ငံကျော်လူဆိုးတွေလား .. အသက်တောင် ၁၈နှစ် မပြည့်သေးတဲ့ကလေးတွေ .. အဲ့ကလေးတွေမမိရင် သူတို့အလုပ်ပြုတ်မယ်လို့ ညွှန်ကြားထားလို့လား .. အဲ့လောက်ကြီး လက်လွန်ဖို့မကောင်းဘူး ... ရဲက လူဆိုးဆို သတ်ခွင့်တော့ရှိတယ် .. ဒါပေမယ့် သတ်ဖို့ခွင့်ပြုထားတဲ့ လူကိုမှ သတ်လို့ရတာ ... ကိုယ့်မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတိုင်း လုပ်လို့မှ မရတာ... အဲ့လူတွေ ကို ဥပဒေက အပြစ်ပေးရင်ပေး .. မပေးရင်လည်း သူ့ အကုသိုလ်နဲ့သူ သွားမှာပဲ ...
zinezine ခေါင်းသုံးရမှာက တခြားသူမဟုတ်ဘူး ခင်ဗျားကိုယ်တိုင်ပဲ။ အပေါ်မှာရေးထားတဲ့စာကို သေသေချာချာ
ဖတ်ကြည့်ပြီးမှ ရေး။ တွေးပြီးမှရေး။
ကျုပ်ကအခုမှ ဖတ်ကြည့် မိလို့ တက်ရတာ။
ကလေးက အခုမှ ၁၅ နှစ်ပဲရှိသေးတယ်။ အဲဒီလိုမိုက်မိုက်ရိုင်းရိုင်း
ကြမ်းကြမ်းတမ်းတမ်း ဖမ်းရမယ့်အရွယ်လား။
မျက်မြင်သက်သေတွေတောင်ဘယ်လိုဆိုတာ အကုန်မြင်တယ်။
ခွီးတဲ့မှ ရဲစုတ်တွေ။
zine zine ဆိုတဲ့လူကဘာလဲ
ရဲလား.အေးဟုတ်ပါပြီ.ကျုပ်သိထားတဲ့ဆောင်ပုဒ်က
May I Help YOu တဲ့ ဒီလိုသာဆိုရင်
May I Kill You လို့တောင်ပြောင်းသင့်တယ်
I'm So Disappoint That New,I don't Want To Say Anything.
ကလေးကတစ်ကယ်ကို ဆိုးသွမ်းနေရင်တော.တစ်မျိုးပေါ.ဗျာ အခုတော.အေးအေးဆေးဆေးပြီးရမယ်.ကိစ္စကို အေးအေးမပြီးတော.ဘဲ နစ်နာစရာရှိတဲ.လူကတော.တော်တော်လေးနစ်နာသွားရပြီပေါ.ဗျာ
မိုက်ခဲလေ
သဲမောင်မောင်ရေ ငက်နေလိုရှိရင်လည်းပြောပါကွာ ပိုက်ဆံပေးပါ့မယ် လမ်းဘေးအိပ်နေတဲ့ခွေးတောင်ကျွေးရသေးတာပဲ ပေးမှာပါ့ ပိုက်ဆံလိုချင်တာလား ရာထူးလိုချင်တာလား လိုချင်တာပြောပါ ခုလိုလိုက်ဖမ်း တော့ဘယ်ကောင်းမလည်း ခုလိုလိုက်ဖမ်းတော့အများပြောစရာတွေဖြစ်တာပေါ့
မင်းကေ၇ာဘာသိလို့လည်း မင်းဖထွေးက ၇ဲ မို့လို့ လား သူတောင်းစားဓားရိုးကမ်း၇ မင်းကိုယ်တိုင်ခွေးသူတောင်းစားဖြစ်နေပြီလား ၇ဲဆိုပြီးမမိုက်၇ိုင်း၇ဘူးကွ အခုကတာဝန်ထမ်းဆောင်တာမဟုတ် ဘူးမိုက်၇ိုင်းတာ သိလား
မင်းကေ၇ာဘာသိလို့လည်း မင်းဖထွေးက ၇ဲ မို့လို့ လား သူတောင်းစားဓားရိုးကမ်း၇ မင်းကိုယ်တိုင်ခွေးသူတောင်းစားဖြစ်နေပြီလား ၇ဲဆိုပြီးမမိုက်၇ိုင်း၇ဘူးကွ အခုကတာဝန်ထမ်းဆောင်တာမဟုတ် ဘူးမိုက်၇ိုင်းတာ သိလား
ကိုယ်နေလိုကိုယ့်ကိုဆက်ဆံကြမှာပဲ၊
၁။ရန်မဖြစ်နဲံ့
၂။ရဲဖမ်းရင်မပြေးနဲ့အဖမ်းခံလိုက်(လုပ်ရဲ့လို့ခံရဲတဲ့သူကိုဘယ်သူမဆိုလေးလေးစားစားဆက်ဆံတယ်)
၃။ရန်ူဖြစ်လို့သေနိုင်ပေမယ့်အချုပ်ခန်းရောက်ရင်ပြန်လွတ်နိုင်တယ်
မင်းတို့ရဲနေရာမှာဆိုရင်ကောအဲဒီလိုပြေးရင်မန်တက်ပြီးမှားမိမှာပဲ။
ရဲလွန်တယ်ဆိုတာကိုလက်ခံပါတယ်။သူ့သားစုကပြန်တရားစွဲပေါ့။ဥပဒေရှိသားပဲ။အမတ်တွေရှိနေပြီပဲ။ဒီမိုကရေတိုင်းပြည်မှာပေါက်တတ်ကရcomments တွေရေးမယ့်အစားကောင်းမြင်comments တွေပဲရေးကြစမ်းပါ။ဒီလိုရေးလို့
ရဲဘက်ကို့တော့မထင်နဲ့နော်။အမှန်အတိုင်းပြောတာ။
၁။ရန်မဖြစ်နဲ့
၂။ရဲလိုက်ရင်မပြေးနဲ့(လုပ်ရဲရင်ခံရဲပါ။လုပ်ရဲလို့ခံရဲတှဲုသူကိုဘယ်သူမဆိုလေးစားတယ်)
၃။ရန်ဖြစ်လဲသေတတ်တယ်။ရဲလိုက်လို့ဖမ်းရင်လဲမတော်တဆသေတတ်တယ်။(အခုဖြစ်စဉ်ကမတော်တဆပါ)
၎။ရဲဖမ်းလို့မိရင်လဲအပြစ်မကြီးရင်ပြန်လွတ်တယ်။လိုက်တတ်ရင်လဲလွတ်
တယ်။
၆။ကလေးသေတဲံအတွက်ဥပဒေကအရေးယူလိမ့်မယ်။အမတ်တွေရှိနေတာပဲ။မင်းကလေးမဟုတ်လို့လို့မပြောနဲ့။ဥပဒေအတိုင်းလိုက်နာနိုင်အောင်ကြိုးစား။
၇။ဒီမိုကရေစီခေတ်မှာအကောင့်းမြင်တဲ့၊ပညာတတ်ဆန်တဲ့comments ပေးတတ်အောင်ကြိုးစားပါ။ပေါက်တတ်ကရcomments တွေမရေးပါနဲ့။
သင်္တတိရှိရင်ဥပဒေပညာရှင်တယောက်နဲ့တိုင်ပင်ပြီးတရားစွဲဘို့သာလုပ် လိုက်ပါ။လူမမြင်ရတဲ့အင်တာာာနက်ပေါ်ကနေပြီးပုဆိုးခြုံထဲကလက်သီးဆုပ်ပြမနေကြနဲ့။ဒီလိုပြောလို့လဲငါ့လာစိန်မခေါ်ကြနဲ့နော်။သတ်တိရှိရငါငါပြောတဲ့အတိုင်းလုပ်။ဒါမှနောင်လာနောက်သားတွေအတွက်ပါကောင်းမှာ။ဟုတ်ပြိလား။တခြားအဆင့်မြင့်ခေါင်းစဉ်တွေအောက်မှာလဲcomments ပေးနိုင်အောင် ကြိုးစားကြဦး။ဥပမာ ဒေါ်အောင်ဆန်းစုကြည်ကိုဗြိတိန်ဝန်ကြီးချုပ်ကကူညီလိုကြောင်းတို့၊ဘာတို့
ပေါ့။
Post a Comment