မြန်မာနိုင်ငံမှာ လာမယ့် လပိုင်း အတွင်း စာပေစိစစ်ရေး လုံးဝ ရှိမှာ
မဟုတ်တော့ဘူးလို့ စာပေစိစစ်ရေးအဖွဲ့ အကြီးအကဲ ဗိုလ်မှူးဟောင်း ဦးတင့်ဆွေက
ဒီကနေ့ ပြောကြား လိုက်ပါတယ်။
ပြန်ကြားရေး ၀န်ကြီးဌာနက ရေးဆွဲထားတဲ့ စာနယ်ဇင်း ဥပဒေမူကြမ်းကို ဇန်န၀ါရီ
၂၇ ရက် ခေါ်ယူမယ့် လွှတ်တော် အစည်းအဝေးမှာ တင်သွင်း ပြဋ္ဌာန်းပြီးခဲ့ အခါ
စာနယ်ဇင်းတွေ အနေနဲ့
ဆင်ဆာအဖွဲ့ကို တင်ပြစရာ မလိုဘဲ ထုတ်ဝေခွင့် ရရှိမှာ ဖြစ်ကြောင်း
စာပေစိစစ်ရေးဌာန အကြီးအကဲ ဦးတင့်ဆွေက အာအက်ဖ်အေနဲ့ သီးသန့် ဆက်သွယ်
မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။
စာနယ်ဇင်း ဥပဒေကို ပြဋ္ဌာန်းပြီးတဲ့ အခါ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက သတင်းစာ
ထုတ်ဝေခွင့် အပါအ၀င် တခြား ဒီမိုကရေစီ နိုင်ငံတွေမှာလို စာနယ်ဇင်း
လွတ်လပ်ခွင့် အပြည့်အ၀ ရရှိလာမှာ ဖြစ်တယ်လို့လည်း ဦးတင့်ဆွေက ပြောပါတယ်။
RFA
RFA
လပိုင်းအတွင်း စာပေစိစစ် ဖျက်တော့မယ်တဲ့
Reviewed by သစ်ထူးလွင်
on
09:04
Rating:
8 comments:
မြန်မာပြည်မှာ စာပေစီစစ်ရေး မရှိတော့ဘူးဆိုတော့ ၀မ်းသာရမှာပေါ့။ ဘာကြောင့် မြန်မာပြည်မှာ ရှိမှာ မဟုတ်သလဲဆိုတော့ အဲဒီစာပေစီစစ်ရေကတွေကို ကိုသစ်ထူးလွင်က သူ့ဝက်ဆိုဒ်မှာ ခေါ်ထားလိုက်လို့ဖြစ်မှာပေါ့။
အင်း...
ဒါလဲ တိုးတက်လာမှုထဲက
အကြီးစုံးတိုးတက်မှုပဲ..။
( စောင့် တော့  ကြည့် ရအုံးမယ်နော...)
အခုလိုဖြစ်လာခဲ့မယ်ဆိုရင်တော့ တကယ့်ကိုဝမ်းသာစရာပါ။ အဲ့လိုဖြစ်လာခဲ့ရင်လဲ စာပေရေးသား၊ ထုတ်ဝေသူတွေအနေနဲ့ ဒီမိုကရေစီနည်းကျ တာဝန်သိမှု၊ တာဝန်ယူမှုအစရှိတဲ့ အချက်တွေကိုလဲ လက်ကိုင်ထားဖို့လိုပါတယ်။ ကိုမင်းကိုနိုင်ပြောခဲ့သလိုပေါ့ဗျာ ပြည်သူတွေအတွက် တကယ့်ကိုအကျိုးရှိစေမဲ့ သတင်းတွေကို ဘက်မလိုက်ပဲ တိကျမှန်ကန်စွာ ဖေါ်ပြပေးဖို့လိုပါတယ်လို့ပဲ အကြံပေးချင်ပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
ကိုသစ်ထူးလွင်၇ာ မခေါ်ထားပါနဲ့ ကော်မန့်တွေကနေလည်း ကောင်းတာတွေသိ၇ပါတယ် ဆိုးတာတွေ ဆဲတာတွေကတော့ အားလုံးက ကလေးတွေမှမဟုတ်တာ ခွဲခြားသိကြပါတယ်
စာနယ်ဇင်းတွေ ကိုယ့်တာဝန်ကိုယ်ယူကြရတော့မှာပေါ့။
ရှေ့နေတွေတော့ ထောတော့မယ်ထင်တယ်။
ခေါင်းမှာအမြှီးပေါက်နေတဲ့လူတွေက်ု ဘယ်လိုလုပ်မလဲ မသိ။ ။
ပြည်ပစာနယ်ဇင်းတွေတော့ငတ်တော့မယ်ထင်တယ်
စာပေစီစစ်ရေးမလိုရင်တောင် ဓါတ်ပုံတွေစီစစ်ဖို့လိုတယ်လို့ထင်တာပဲ
အခုဂျာနယ် တွေကြည့်လိုက်ရင် ဒူးပေါ်ပေါင်ပေါ် ရင်ဟိုက်နဲ့
တော်တော်လေးကိုစိတ်ပျက်ဖို့ ကောင်းနေပြီ
ကွန်ပြူတာဂျာနယ်တွေတောင် မဆီမဆိုင် Sexy ပုံတွေနဲ့ဖြစ်လာပြီ
မြန်မာပြည်မှာ ပူလို့နေမှာပေါ့
Post a Comment