ကောင်းဟိန်းစက်သုံးဆီ ပုဂ္ဂလိကအရောင်းဆိုင်နှင့် သိုလှောင်ရုံ မြို့ ပြင်ထုတ်ပေးပါ (ပေးစာ)

 ဂါလံ၄၀၀၀ဆံသည်ပီပါများထားရှိမည်နေရာဘေးတွင်
လူနေအိမ်နှင့်ကပ်လျက်ရှိပါသည။်
သို့ 
       နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာဝန်ကြီးများသိရှိေ
စရန်ပြောပေးပါခင်ဗျား
               မန္တလေးတိုင်း၊မိတ္ထီလာခရိုင်၊သာစည်မြို့ နယ်ရှိ ကောင်းဟိန်းစက်သုံးဆီ
ပုဂ္ဂလိကအရောင်းဆိုင်နှင့် သိုလှောင်ရုံသည် မိတ္ထီလာတောင်ကြီးကားလမ်းနှင့်
ကျောင်းသား ကျောင်းသူတို့အများဆုံး သွားလာရာ အ.ထ.က (၁) လမ်းထောင့်တွင်
လူနေအိမ်တို့နှင့်စည်ရိုးသားဖြာ
းပြီတည်ရှိနေပါသည်။မြန်မာစီးပွားရေးဘဏ်၊လ.၀.ကရုံးတို့နှင့်လည်း
ကိုက်(၁၀၀) မသေးဘဲ တည်ရှိနေပါသည်။
               ယခင်က ဂါလံ ၃၀၀၀ခန့် ၀င်ဆံသည့် တိုင်ကီ ၄လုံးနှင့်သိုလှောင်ရောင်းချ
နေပါသည်။ယခု (၇.၁.၂၀၁၂) နေ့က ဂါလံ ၄၀၀၀ခန့် ၀င်ဆံသည့် တိုင်ကီနှစ်လုံးကို
ထပ်မံသိုလှောင်ရန် လုပ်ကိုင်လာပါသည်။ကိုယ်ဇာတိအရပ်
သားမဟုတ်သော
မြို့နယ်အုပ်ချုပ်ရေးမှုး၊မီးသက်
ဦးစီး၊စည်ပင်လူကြီးတို့က မျက်စိမှိတ်
ခွင့်ပြုနေ၍ မြို့နေလူထုမှာ မီးဘေးအန္တရာယ်ကို အစဉ် စိုးရိမ်နေရပါသည်။
               သို့ဖြစ်ပါ၍ပြည်သူတို့၏ အသက်အိုးအိမ်ကိုစောင့်ရှောက်ြ
ဖင်းအလို့ငှာ
ဤဆီဆိုင်ကြီးနှင့်သိုလှောင်ရုံ
ကို မြို့စွန်သို့ ထုပ်ပေးပါရန်
တောင်းခံအပ်ပါသည်။

               မီးဘေးအန္တရာယ်ကြောင့် ပြည်သူတွေအစဉ်စိုးရိမ်နေရသေြာေ
ကာင့်
ဤစာကို အများပြည်သူတို့သိရှိအောင် မြို့နေလူထုတစ်ယောက် အနေနဲ့ 
လေးစားစွာတောင်းခံအပ်ပါသည်။

သာစည်သားလေး ပြည့်ဖြိုးဟန်
ကောင်းဟိန်းစက်သုံးဆီ ပုဂ္ဂလိကအရောင်းဆိုင်နှင့် သိုလှောင်ရုံ မြို့ ပြင်ထုတ်ပေးပါ (ပေးစာ) ကောင်းဟိန်းစက်သုံးဆီ ပုဂ္ဂလိကအရောင်းဆိုင်နှင့် သိုလှောင်ရုံ မြို့ ပြင်ထုတ်ပေးပါ (ပေးစာ) Reviewed by သစ်ထူးလွင် on 23:55 Rating: 5

1 comment:

yeyinthein said...

ဟုတ်ပါသည်။ထောက်ခံပါသည်။(သာစည်သားများ)

Powered by Blogger.