
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော်ကို တပို့တွဲလဆန်း ၅ ရက်၊ ဇန်န၀ါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ပြီး ယခင်နှစ် ကထက် ဖွင့်ပွဲနေ့တွင် ဘုရားဖူးများ ပိုမိုစည်ကားခဲ့ကြောင်း သိရသည်။
ရွှေစက်တော် ဘုရားပွဲတော်တွင် ယခုနှစ်အတွက် ယခင်နှစ်ကထက် တဲကျောင်းမြေနေရာများ ပိုမိုဈေးများခဲ့သော်လည်း ယခင်နှစ်က တဲကျောင်းအရေအတွက် ၅၀၀ ခန့် သာရှိခဲ့ပြီး ယခုနှစ်တွင် တဲကျောင်း အရေအတွက် ၉၀၀ ကျော်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် ဆိုင်ခန်းပေါင်း ၄၀၀ ကျော်ပါဝင်ခဲ့ပြီး ယခင်နှစ် များက အဆောက်အဦး ဆောက်လုပ်လေ့မရှိသော နမ္မဒါတည်းခိုဆောင် အ၀င်လမ်းမ၏ ဘေးဝဲယာတွင် ဆိုင်ခန်းနှစ်ခန်း ဆောက်လုပ်ခဲ့ကြောင်း သိရသည်။
ယခုနှစ် ခြေတော်ရာဖွင့်ပွဲနှင့် ပွဲတော်ဖွင့်ပွဲနေ့တွင် ရွှေစက်တော်နှင့် နီးစပ်ရာမြို့နယ်များမှအပြင် ရန်ကုန် မြို့မှ ဘုရားဖူး ယာဉ်လိုင်းများဖြင့် လာရောက်သူများဖြင့် ပိုမိုစည်ကားခဲ့ကြောင်း၊ ရွှေစက်တော် ဘုရားပွဲသည် မကွေးတိုင်းဒေသကြီး အတွက် ရက်အရှည်ကြာဆုံး ပွဲတော်ဖြစ်ပြီး တန်ခူးလပြည့်ကျော်၁၁ရက် (မြန်မာနှစ်ဆန်း ၁ရက်)နေ့အထိ ရက်ပေါင်း ၈၁ရက် ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
EMG
၂၀၁၂ခုနှစ် ရွှေစက်တော် ဘုရားပွဲတော် ဖွင့်ပွဲကျင်းပပြီး ယခင်နှစ်ထက် ပိုမိုစည်ကား
Reviewed by သစ်ထူးလွင်
on
20:27
Rating:
1 comment:
တစ်ခေါက်တစ်ခါပဲ ရောက်ဖူးတဲ့ ဒို့များရဲ့ မန်းရွေစက်တော်ကို လွမ်းနေမိတယ်... ဘုရားရှင်ရဲ့ ခြေတော်ရာများကို ဖူးတွေချင်ရဲ့... မုဆိုးဒူထောက်နေရာလေကို အခုထိမြင်ရောင်မိနေသေးတယ်...မန်းချောင်းထဲမှာ ရေကစားချင်တယ်...နွေးပူပူ တောတန်းလေမှာ လေတိုက်တိုင်းလွင်ချင်ရာ လွင့်မျောနေတဲ့ သစ်ရွက်ခြောက်တွေ လမ်းဘေးဝဲယာမှာ အစီအရီ...ဖူးပွင့်စ ပုရစ်ဖူးလေတွေကို တွေ့ချင်မိရဲ့.. ပြီးတော့ ကျေးလက်ရဲ့ အငွေအသက်တွေကို လွမ်းနေမိတယ်...။
Post a Comment