မြန်မာနိုင်ငံအတွက် ဒီမိုကရေစီလမ်းကြောင်းကလွဲလို့
တခြားရွေးစရာမရှိပါဘူးလို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက AFP
သတင်းဌာနနဲ့ နေပြည်တော်မှာ တနင်္လာနေ့က တွေ့ဆုံရာမှာ ပြောကြားလိုက်ပါတယ်။
မြန်မာဟာ စစ်အုပ်ချုပ်ရေးနိုင်ငံကနေ ဒီမိုကရေစီနိုင်ငံဆီကို
အသွင်ပြောင်းလဲနေကြောင်း၊ လွယ်တဲ့အလုပ် မဟုတ်ပေမယ့် ဒီမိုကရေစီစနစ်ကလွဲပြီး
တခြားလမ်းမရှိဘူးဆိုတာ အခိုင်အမာ မမှိတ်မသုန် ယုံကြည်ထားကြောင်း၊
မြန်မာပြည် ဒီမိုကရေစီစနစ်ဖြစ်လာဖို့ အချိန်ဘယ်လောက်ယူရမလဲဆိုတာ အတိအကျ
ပြောဖို့ခက်ပေမယ့် မိမိတို့မျှော်မှန်းချက်ပန်းတိုင်တွေဆီကို
မြန်နိုင်သလောက် မြန်မြန်ရောက်အောင် အတတ်နိုင်ဆုံး
ကြိုးစားသွားမှာဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောဆိုခဲ့ပါတယ်။
အရပ်သားအစိုးရလို့ အမည်ခံထားတဲ့ ဦးသိန်းစိန်အစိုးရရဲ့ အပြောင်းအလဲ
ဆောင်ရွက်မှုတွေအပေါ် အနောက်နိုင်ငံတွေက အသိအမှတ်ပြု ကြိုဆိုခဲ့ကြပါတယ်။
မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လတ်တလော
ဖြစ်ရပ်သစ်တွေဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့
အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်တွေအတွက် အထောက်အပံ့ ဖြစ်လိမ့်မယ်လို့
မျှော်လင့်ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ
ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် ဒီအပြောင်းအလဲတွေရဲ့နောက်မှာ စစ်တပ်က
အခိုင်အမာရပ်တည်နေသလားဆိုတာတော့ အသေအချာ မပြောနိုင်ကြောင်း၊ ဒီမိုကရေစီ
အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ် အပေါ် ဘ၀င်မကျနိုင်သူတွေက
စစ်အာဏာသိမ်းလိမ့်ဦးမယ်ဆိုတဲ့ အယူအဆတွေကလည်း ရှိနေကြောင်း၊ အဲဒီလို
ဖြစ်မလာပါစေနဲ့လို့ မိမိတို့မျှော်လင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က
ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် အောက်လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကတော့ စစ်တပ်က
အာဏာပြန်သိမ်းလိမ့်မယ်ဆိုတဲ့ အယူအဆကို ငြင်းပယ်ပါတယ်။
အဲဒီလိုဖြစ်လာလိမ့်မယ်လို့ မိမိအနေနဲ့မယူဆကြောင်း၊ တိုင်းပြည်နဲ့လူမျိုးရဲ့
အနေအထားကို မိမိတို့ကောင်းကောင်းသိပါကြောင်း၊ စစ်တပ်ကလည်း
တိုင်းပြည်နဲ့လူမျိုး အကျိုးစီးပွားအတွက် ဆောင်ရွက်ဖို့
ခိုင်မာတဲ့ဆန္ဒရှိပါကြောင်း ဦးရွှေမန်းက AFP သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
RFA
RFA
ဒီမိုကရေစီလမ်းကလွဲလို့ တခြားရွေးစရာမရှိလို့ ဦးရွှေမန်း ပြော
Reviewed by သစ်ထူးလွင်
on
06:00
Rating:
3 comments:
ဘုရား ဘုရားေ၇ွးစ၇ာလမ်း၇ှိ၇င်ေ၇ွးချင်သေးတဲ့ပုံပဲ ကိုသစ်ထူးလွင်ေ၇ comment လေးတွေေ၇းခွင့်ပြုပါဗျာ အနူးအညွတ်တောင်းပန်ပါတယ် ။ ကျနော် တို့ ပြည်ပ ကလူတွေက ကိုယ့် မိသားစုနဲ့လဲ ပြောဖို့ ဖုန်းဖိုးမတတ်နိုင် comment ထဲမှာပဲပြောပြီး ၇င်ဖွင့်ကြ အမြင်အသစ်လေးတွေ ၇ကြတာပါ။ တနားကြပါခင်ဗျာ
အဓိက ကတော့ တိုင်းပြည်အဆင်ပြေဖို့ပါဘဲ
လျှပ်စစ်ဌာနမှာတော့ ဒီမိုကရေစီမရှိသေးဘူး
ဝန်ကြီး-ဒုဝန်ကြီးတွေက ကောင်းကြပါတယ် ဒါပေမယ့် ယခင်ဝန်ကြီတပည့် သိန်းတန် ဆိုတဲ့အကောင်က အကျင့် မပြောင်းသေးဘူး သူခိုးကြီး သူ့မကောင်းတာလုပ်ထားတာ အရင်က အင်တာနက်မှာ ပါပြီးသွားပြီ မပြင်သေးပါဘူးလေ တစ်ပတ်စဉ်ထဲတွေကပြောတယ် ဘွဲ့မရဘဲနဲ့ လိမ်ထားတာတဲ့ ဒါတောင် ညွှန်ကြားရေးမှူးဖြစ်နေသေးတယ် ဘိုလိုမပြောတက်လို့ ကျန်းမာရေးကို အကြောင်းပြပြီး နိုင်ငံခြားကို မသွားရဲဘူး- ပွဲလယ်မတင့်တဲ့ အကောင်ကြီးပါ၊ ဘွဲ့မရပဲနဲ့လိမ်ပြီးတော့ နေရာယူရုံတင်မကသေးဘူး သူတပည့် ချာတိတ်တစ်ယောက်က်ု့လည်း ဘွဲ့မရဘဲ ဘွဲ့ရလုပ်ထားသေးတယ် လူလိမ် တပတ်စဉ်ထဲက အရာရှိတွေ ရာထူးမတက်ပေမဲ့ ခြစားပြီး အရှာကောင်း ဆရာသမားကို အပေးကောင်းတော့ ရာထူးတက်ပြီးရင်းတက်လာတာ ဘာအရည်အချင်းမှ ရှိလို့တော့မဟုတ်ဘူး အခုထိ သူ့ဆရာအရှိန်နဲ့ သူ့ဌာနက အကြီးဆုံးလူကြီးကိုတောင် အိပ်ထဲထည့်ထားပြီး ချယ်နေတာအားလုံးပါပဲ ငွေကြေးဆိုလည်း အခုထိ အလွဲသုံးလုပ်တုန်းပါဘဲ ၀ိုင်းဖေါ်ပေးကြပါ သူခိုးကြီး-လူလိမ်ကြီး-ပညာမဲ့တဲ့အကောင်းကြီး မကောင်းတာလုပ်တာများနေတော့ အသေဆိုးနဲ့ သေမဲ့အကောင်ကြီးပါ
Post a Comment