အေးရှားဝေါလ် ဆိပ်ကမ်း |
ယင်းသင်္ဘောမှာ မည်သည့်နိုင်ငံတွင် မှတ်ပုံတင်ထားသည့် သဘောင်္ဖြစ်သည်ကိုမူ မသိရှိရသေးသော်လည်း ဆိပ်ကမ်း သတင်းရပ်ကွက် အဆိုအရမူ စင်္ကာပူမှ လာရောက်သည့် သင်္ဘောဖြစ်နိုင်ကြောင်း သိရသည်။ စစ်ဆေးသည့် ရလဒ်ကိုမူ
မသိရှိရသေးပေ။
အဆိုပါ သင်္ဘောမှာ ယခုလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အလုံ အေးရှားဝေါလ် ဆိပ်ကမ်းသို့ ဆိုက်ကပ်လာခြင်းဖြစ်သည်။ ယင်းသဘောင်္မှာ မြန်မာနိုင်ငံသို့ ကုန်ချရန် လာရောက်ခြင်းလား ၊ ကုန်တင်ရန်လာရောက်ခြင်းလားဆိုသည့် အချက်ကိုမူ ရှင်းလင်းစွာ မသိရှိရသေးပါ။
လွန်ခဲ့သည့် နှစ်အနည်းငယ်ကလည်း အေးရှားဝေါလ်ဆိပ်ကမ်းမှ ထွက်ခွာသွားသည့် နိုင်ငံခြား သင်္ဘောတစီးအား သတင်းအရ ရပ်တန့်စစ်ဆေးရာတွင် သစ်လုံးများထဲမှ မူးယစ်ဆေးဝါး အများ အပြားဖမ်းဆီးရမိခဲ့ဖူးသည်။
အေးရှားဝေါ်လ်ဆိပ်ကမ်းကို ယခင်က ဘိန်းဘုရင်ဟောင်း လော်စစ်ဟန်၏ သားဖြစ်သူ ထင်ရှားသည့် လုပ်ငန်းရှင် ဦးထွန်းမြင့်နိုင်ပိုင်ဆိုင်သည့် ဆိပ်ကမ်းဖြစ်သည်။ ။
ဇန်န၀ါရီ ၁၇၊ ၂၀၁၂ (YPI)
နိုင်ငံခြားသင်္ဘောတစီးအား လက်နက်ပါရှိသည်ဟု မသင်္ကာ၍ စစ်ဆေးနေ
Reviewed by သစ်ထူးလွင်
on
09:57
Rating:
1 comment:
Ship Type: Cargo
Year Built: 1998
Length x Breadth: 161 m X 26 m
DeadWeight: 16567 t
Speed recorded (Max / Average): 17.3 / 17.1 knots
Flag: Indonesia [ID]
Call Sign: PNIF
IMO: 9181730, MMSI: 525015658
ဟုတ်မဟုတ် မသိ http://www.marinetraffic.com/ais/shipdetails.aspx?MMSI=525015658
Post a Comment