နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရန်နှင့် ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်ရန် တိုက်တွန်း

၁၉၅၅ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၀ီလျံဟိတ်ခ်ျသည် ၎င်း၏ နှစ်ရက်တာ သမိုင်းဝင်ခရီးအဖြစ် မြန်မာနိုင်ငံသို့ ဇန်န၀ါရီလ ၅ ရက်နေ့က ရောက်ရှိလာခဲ့ပြီး ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ လူမျိုးစုခေါင်းဆောင် များနှင့် နေပြည်တော်နှင့် ရန်ကုန်တို့တွင် ဇန်န၀ါရီလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
နေပြည်တော်တွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှု များနှင့်ပတ်သက်၍ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၀ီလျံဟိတ်ခ်ျက ''ဒီကအစိုးရအနေဲ့ ပြီးခဲ့တဲ့ ခြောက်လအတွင်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ခဲ့တာ အရေးကြီးတယ် ဆိုတာကို ကျွန်တော်အလေးအနက် ပြောကြားခဲ့ပါတယ်။ လာမယ့်ရက် သတ္တပတ်များနဲ့ လများအတွင်း တိုးတက်မှုများ ရှိလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ရိုးရိုးသားသား မျှော်လင့်နေ ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးတာကို မြင်ချင်တယ်ဆိုတာရယ်၊ ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲဟာ အများယုံကြည် လောက်ဖွယ်ရှိဖို့ရယ်နဲ့ လူသားချင်းစာနာထောက်ပံ့မှု အခွင့်အလမ်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက တစ်ဆင့်အပါအ၀င် တိုင်းရင်းသားဒေသတွေမှာ ခံစားနေရတာတွေ သက်သာ တာကို မြင်ချင်တယ်ဆိုတာကို မျှော်လင့်နေကြောင်း ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်။ နှစ်နိုင်ငံပြည်သူကြားရှိနေတဲ့ ရင်းနှီးချစ်ကြည်မှုနဲ့ နှစ်နိုင်ငံကြား ဆက်ဆံရေးကို ပြောကြားခဲ့ပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ ဒီနိုင်ငံက ပြည်သူတွေ ရှာဖွေနေတဲ့ နိုင်ငံရေးလွတ်လပ်မှုနဲ့ လူ့အခွင့်အရေးတွေမှာ တိုးတက်မှုတွေ ရေရှည်တည်တံ့စေမယ့် တိုးတက်မှုများ ဆက်လက်ပြုလုပ်မှုကို အပြုသဘောဆောင် တုံ့ပြန်ဆောင်ရွက်သွားဖို့ အသင့်ရှိနေတဲ့အကြောင်း ကျွန်တော်ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျက ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်လုပ်ဆောင်ရန် အများကြီး ကျန်ရှိနေပါသေးကြောင်း၊ ကျန်ရှိနေသည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် အရေးကြီးသည်ဟု မိမိတို့မြင်ပါကြောင်း၊ ယုံကြည်ချက်ကြောင့် အ ကျဉ်းကျခံနေရသူများ ထောင်များတွင် ရှိနေသေးသည့် နိုင်ငံတစ်နိုင်ငံကို လွတ်လပ်ပြီး ဒီမိုကရက်တစ်ဖြစ်သည့် နိုင်ငံတစ်နိုင်ငံဟု ဆိုရန် မဖြစ်နိုင်ကြောင်းတို့ကို ပြောကြားခဲ့သည်။
ထို့ပြင် ဒေါ်အောင်ဆန်း စုကြည်က ''နိုင်ငံရေးအကျဉ်းသား အားလုံးကို လွှတ်ပေးသင့်ပါတယ်။ နိုင်ငံတွင်း ဖြစ်နေတဲ့ လူမျိုးစု ပဋိ ပက္ခအားလုံးအဆုံးသတ်ရေးအတွက်  အားလုံးကြိုးပမ်းသင့်ပါတယ်။ နောက်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ကြားဖြတ်ရွေးကောက်ပွဲကို မြင်ချင်ပါတယ်''ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်ခ်ျက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမှုအပြီး၌ မြန်မာနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်နှင့်ပတ်သက်၍ ထုတ်ဖော်ကြေညာခဲ့သည်။
ဗြိတိန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန ၀န်ကြီး အန်ဒြူးမစ်ချယ်(လ်)သည်လည်း မြန်မာနိုင်ငံသို့ ၂၀၁၁ ခုနှစ်နိုဝင်ဘာလက သုံးရက်ကြာ လာရောက်ခဲ့ သေးသည်။
EMG
နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရန်နှင့် ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်ရန် တိုက်တွန်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရန်နှင့် ဒီမိုကရက်တစ်ပြုပြင် ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်ရန် တိုက်တွန်း Reviewed by သစ်ထူးလွင် on 14:51 Rating: 5

No comments:

Powered by Blogger.