သမ္မတ ဦးသိန်းစိန်လက်ထက်
လွတ်ငြိမ်းချမ်းသာခွင့် ၄ ကြိမ်ကြေညာခဲ့သော်လည်း အကျဉ်းထောင်များထဲတွင်
နိုင်ငံရေးအကျဉ်းသား ၃၇၅ ဦးကျန်ရှိနေသေးကြောင်း
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်သည်။
၎င်းတို့၏ ထုတ်ပြန်ကြေငြာချက်တွင် နိုင်/ကျဉ်း ၆ရရ ဦးထဲတွင် ယခုလ ၂၂ ရက်နေ့အထိ လွတ်မြောက်သူ ၃၀၂ ဦး ဖြစ်၍ အကျဉ်းထောင်ထဲတွင် ၃၇၅ ဦးကျန်ရှိနေသသည်ဟုပါရှိသည်။
နိုင်ငံရေး အကျဉ်းသားစာရင်းပြုစုရေး ကော်မတီမှ အဖွဲ့ဝင် မနှင်းနှင်းမွှေးက "ဒါ က ရထားတဲ့ စားရင်တွေ အရ အနီးစပ်ဆုံးပြုစုထားတာပါပါ၊ ကွဲလွဲတာတွေလည်းရှိချင်ရှိနိုင်တယ်" ဟုဆိုသည်။
ယခုစာရင်းကို နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များ၊ NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) မှထုတ်ပြန်သည့် စာရင်းများ၊ ဒေသခံများ၊လွတ်မြောက်သည့်နိုင်ငံရေးအကျဉ်းသား များမှစာရင်းများနှင့် AAPP(နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအဖွဲ့) တို့မှ ထုတ်ပြန်သည့်စာရင်းများ ကိုအခြေခံ၍ ပြုစုထားသည်ဟုဆိုသည်။
ကျန်ရှိနေသည့် နိုင်ငံရေးအကျဉ်းသားများစာရင်းကိုပြုစုသည့်အခါအကျဉ်း ထောင်သို့သွားရန်မလွယ်သည့် အခက်အခဲကြောင့်လည်းကောင်း နာမည်ပြုစုသည့်အခါ အဖေနာမည်များမသိရှိရသောကြောင့်လည်းကောင်း အခက်အခဲများရှိပြီး ကွဲလွဲချက်များရှိနိုင်သည်ဟုဆိုသည်။
" ကျွှန်တော်တို့သိသလောက် နိုင်ကျဉ်းတွေအများကြီးကျန်နေသေးတယ်၊ ပြည်ထဲရေးကထုတ်တဲ့စာရင်းအရ ၁၂၈ ဦးကျန်တယ်လို့ထင်ပါတယ်၊ ဦးရွှေထူးကျန်သေးတယ်၊ ကိုမြင့်အေးကျန်သေးတယ်၊ ကိုအေးအောင်ကျန် သေးတယ်၊ ကိုသန်းဇော်ကျန်သေးတယ်" ယခုလ ၂၁ ၇က်နေ့တွင် ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ပြုလုပ်သည့်သတင်းစာ ရှင်းလင်းပွဲတွင် ကျောင်းသားခေါင်းဆောင် ကိုမြအေး ကပြောသည်။
ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများနှင့်ပတ်သတ်ပြီး မနှင်းနှင်းမွှေးကတော့"အစိုးရကပုဒ်မတွေ အမျိုးမျိုးတပ်ပြီးဘယ်လိုပဲ နိုင်ငံရေးအကျဉ်းသားတွေမဟုတ်ဘူးလို့ပဲပြောပြော ကျွှန်မတို့ကတော့ နိုင်ငံရေးအကျဉ်းသားဆိုတာ လုပ်ရပ်ကိုကြည့်ပြီးမှနိုင်ငံရေးအကျဉ်းသားလို့ပြောတာပါ။ ကျန်နေတဲ့လူတွေ သူခိုးတွေ၊ ဒမြတွေမဟုတ်ဘူးဆိုတာ သိအောင်ဒီစာရင်းကိုထုတ်ပြန်တာပါ "ဟုဆိုသည်။
ယခုလ ၁၃ ရက်နေ့တွင် နိုင်ငံတောင်သမ္မတဧ။် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ပုဒ်မခွဲ(၁) အရပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား ၃၀၂ ဦးကိုလွတ် ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးခဲ့သည်။
ယင်းသို့လွှတ်ပေးရာတွင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက NLD မှတင်ပြသည့် နိုင်ကျဉ်းစာရင်း ၆၀၄ ဦးအနက်မှ ၎င်းပြည်ထဲရေး ၀န်ကြီးဋ္ဌာနထံတွင် ရှိသည့် အကျဉ်းသား ၄၃၀ ဦးထဲမှ ၃၀၂ ဦးကို လွှတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ခြင်းဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုသည်။
ဝန်ကြီး၏ ပြောကြားချက်အရ ၄င်းတို့ထံတွင်ရှိသည့်စာရင်း ၄၃၀ မှကျန်ရှိနေသည့် ၁၂၈ ဦးမှာ ရာဇ၀တ် ပြစ်မှုကြီးများကျူးလွန်ထားသူများဖြစ်၍ လွတ်ငြိမ်းချမ်းသာခွင့်ပေးရသည့် ရည်ရွယ်ချက်နှင့် အကျုံးမ၀င် သေးသော ကြောင့် တရားဥပဒေစိုးမိုးရေးအတွက် ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်သည်ဟုဆိုသည်။
NLD ဘက်မှ တင်ပြသည့်နိုင်ကျဉ်း ၆၀၄ ဦးတွင် ၁၀၇ ဦးသည်လွတ်ရက်စေ့၍ လွတ်မြောက်သူများထဲတွင် ပါဝင်ကြောင်း၊ ၁၃ ဦးသည်အမည်များထပ်နေကာ ၅၁ ဦးမှာလည်း အချက်အလက်မပြည့်စုံသဖြင့် စုံစမ်းစစ်ဆေး၍ မရသေးကြောင်း သေဆုံးသူ ၂ဦးနှင့်သာသနာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးသူ ၂ ဦးရှိသည်ဟု ရှင်းလင်းပြောဆိုသွားသည်။
ယခုနိုင်ကျဉ်းဟောင်းထုတ်ပြန်ထားသည့်စာရင်းများကို သမ္မတကိုတင်ပြရန်အတွက် အမျိုးသားလူ့အခွင့် အရေးကော်မရှင်သို့ ပေးပို့ရန်ရှိပြီး သမ္မတဆီသို့တိုက်ရိုက် ပေးပို့သွားရန်လည်း အစီအစဉ်ရှိကြောင်း နိုင်ကျဉ်းဟောင်းအဖွဲ့က ပြောသည်။
လက်ရှိထုတ်ပြန်ထားသည့်စာရင်းများကိုနိုင်ကျဉ်းများဧ။်လူမှုကွန်ယက်ဝက်ဆိုက်တွင် ဖော်ပြထားပြီး စာရင်းလွဲနေသည်များရှိပါက ၄င်းတို့ကို အကြောင်းကြားရန်အတွက် ဖုန်းနံပါတ်များပါထည့်သွင်း ကြေငြာထားသည်။ ။
ဇန်န၀ါရီ ၂၅၊ ၂၀၁၂ (YPI)

နိုင်ငံရေး အကျဉ်းသား ၃၇၅ ဦးကျန်ရှိနေကြောင်း နိုင်/ကျဉ်းဟောင်းများအဖွဲ့ ထုတ်ပြန်
Reviewed by သစ်ထူးလွင်
on
19:39
Rating:
No comments:
Post a Comment