သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ

သမ္မတ ဦးသိန်းစိန်နဲ့ မိသားစုဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေး ခရီးစဉ်အဖြစ် နေပြည်တော်ကနေ စင်္ကာပူနိုင်ငံကို ဒီကနေ့ ထွက်ခွာသွားပါတယ်။
AFP
Burmese President Thein Sein (C) arrives in Indonesia's Bali island resort to attend an ASEAN summit, Nov. 16.
ပြီးခဲ့တဲ့ မတ်လ သမ္မတအဖြစ် အာဏာရယူပြီးကတည်းက စင်္ကာပူနိုင်ငံကို သမ္မတ ဦးသိန်းစိန် ပထမဆုံး ချစ်ကြည်ရေး ခရီးစဉ် သွားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းက သမ္မတ ဦးသိန်းစိန်ဟာ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး K Shanmugam နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအချိန်က စင်္ကာပူ အစိုးရက နာဂစ်မုန်တိုင်းသင့် ရန်ကုန်တိုင်း ကော့မှူးမြို့နယ်က ကျေးရွာ ၂၅ အတွက် အ၀ီစိတွင်း တွေလှူဒါန်းခဲ့ပါတယ်။
စင်္ကာပူဟာ တရုတ်၊ ထိုင်း၊ တောင်ကိုရီးယား၊ ဗြိတိန် စတဲ့နိုင်ငံတွေပြီးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှပ်နှံမှု နံပါတ် ၆ မြောက် နိုင်ငံဖြစ်ပြီး ၂၀၁၀-၁၀၁၁ ဘဏ္ဍာရေးနှစ်မှာ အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ဖိုး ရင်းနှီးမြှပ်နှံထားပါတယ်။
RFA
သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ သမ္မတ ဦးသိန်းစိန် စင်္ကာပူနိုင်ငံကို ချစ်ကြည်ရေးခရီးထွက်ခွာ Reviewed by သစ်ထူးလွင် on 23:19 Rating: 5

15 comments:

NYAN said...

ကျွန်တော်ကတော့ဗျာ ဦးသိန်းစိန်ကိုလေးစားတယ် ဒေါ်အောင်ဆန်းစုကြည်ထက်ကို
ဘာလို့လည်းဆိုတော့ သူ့မှာတကယ်ဆို အာဏာကိုရူးထာထက် ရစ်မူးလောက်တဲ့ အခွင့်အေ၇းတွေရှိတယ်နော် ခင်ဗျားတို့သိရဲ့လား
သူလုပ်ချင်သလိုလုပ်လို့ရနေတဲ့အခွင့် အရေးကနေ နိုင်ငံအတွက် လုပ်နေတာ
တချို့ပြောကြမယ်ဗျာ စစ်တပ်ကတက်လာတဲ့သူဆို အကောင်းမမြင်ကြဘူး
ဒါပေမယ့် အဲ့လို့စစ်တပ်ထဲမှာပြုပြင်ပြောင်းလဲေ၇း လုပ်ချင်တဲ့သူတစ်ယောက်လက်ထဲေ၇ာက်သွားတဲ့နိုင်ငံရဲ့ကံကြမာကို
ကြည့်ပြီး သူ့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်လိုပဲထောက်ခံအားပေးသင့်ပါတယ်။

panchit said...

ဟုတ်လိုက်လေ၊ဟုတ်လိုက်လေဗျို့၊

chanmyae said...

nyan said that he/she supported bald head

လူမှန် said...

မှန်တာပေါ့ စစ်တပ်ကလာတဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေတာက စစ်တပ်အပေါ်သြဇာညောင်းစေပြန်တယ် လောလောဆယ်အနေအထားအရ သူ့ နေရာမှာ အရပ်သားသမ္မတ တစ်ယောက်ဆိုရင် သူ့ လောက်ပြောင်းလဲမှုတွေလုပ်ဖို့ မလွယ်လှဘူး နှစ်ပေါင်းများစွာ အာဏာယူ အာဏာပြလာသူတွေရဲ့ ပြောင်းလဲမှု လက်မခံနိုင်ဘဲ ကန့် လန့် တိုက်မှုတွေကြောင့် ခရီးပေါက်မှုနည်းနိုင်တယ်

zawthulwin said...

that right!

လူမှန် said...

မှန်တာပေါ့ စစ်တပ်ကလာတဲ့ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေတာက စစ်တပ်အပေါ်သြဇာညောင်းစေပြန်တယ် လောလောဆယ်အနေအထားအရ သူ့ နေရာမှာ အရပ်သားသမ္မတ တစ်ယောက်ဆိုရင် သူ့ လောက်ပြောင်းလဲမှုတွေလုပ်ဖို့ မလွယ်လှဘူး နှစ်ပေါင်းများစွာ အာဏာယူ အာဏာပြလာသူတွေရဲ့ ပြောင်းလဲမှု လက်မခံနိုင်ဘဲ ကန့် လန့် တိုက်မှုတွေကြောင့် ခရီးပေါက်မှုနည်းနိုင်တယ်

soethuralwin said...

သူငယ်ချင်းNYANပြောတာကိုကျွန်တော်သိပ်လက်မခံချင်ဘူးဗျာ တပါးသူအပေါ် မဟုတ်တာကျုးလွန်တဲ့သူဆိုတာ တစ်ချိန်ကြရင်ဝဋ်ကြွေးပြန်လည်ခံစားရမှာကိုဗျ အဲဒါကြောင့်
ဦးသိန်းစိန်က စားသင့်သလောက်စားပြီး သူ့အတွက်လက်ကျန်ထားပြီးမှ ဒီအခြေနေရောက်လာတာပါ ကျွန်တော်ယုံကြည်တာကတော့ဖြစ်ချိန်တန်လို့ဖြစ်လာတာပါ......

chanmyae said...

I wanted to know what he would do if American and some European countries did not give any incentives and pressures on him.Do you think that he would release some famous political prisoners and do superficial changes?

chanmyae said...

I wanted to know what he would do if American and some European countries did not give any incentives and pressures on him.Do you think that he would release some famous political prisoners and do superficial changes?

htoo aung said...

မှန်ကန်သော အမြင်တွေပါပဲ..သမ္မတကြီးဟာ အခက်အခဲတွေကြားထဲက မှန်ကန်တဲ့ လမ်းကိုလိုက်နိုင်ဖို့ ကျိုးစားနေတဲ့ သမ္မတ တယောက်လို့ ယုံကြည်မိပါတယ်....

tharzaw said...

ဒါပေမယ့် သူက ထောင်ထဲကလာတာတော့မဟုတ်ဘူး။
သူ့ရဲ့ လုပ်ဆောင်ချက်အတော်များများ ကောင်းတယ်ဆိုတာတော့
မြင်နေရပါတယ်။ ကြားဖြတ်ရွးကောက်ပွဲကို နိုင်ငံတကာက အနီးကပ်စောင့်ကြည့်လေ့လာလိုတယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် တောင်းဆိုမှုကို ဘာမှ မှတ်ချက်မပေးဘူးတဲ့။ အဲဒါဘာသဘောလဲ??

မိုးပြာေ၇ာင် အက်စစ်ရင်ခွင် said...

မှန်တယ်...အဘ ဦးသန်းစိန် နေ၇ာ မှာ တခြားလူဆို ဒီလောက်မမြန်နိုင်ဘူး..သူ့ မှာ စိတ်၇င်း စိတ်ခံ ကောင်းတွေ ၇ှိတယ်..သူ့ နေ၇ာ က တကယ်ဆို၇င် အ၇မ်း အန္တာ၇ယ် များတယ်..အမှန်အတိုင်း မြင်နိုင်ပါစေ..တို့  ဦးအောင်ဆန်း လဲ ဗိုလ်ချုပ် ပဲနော်..:P

Anonymous said...

ယုံသေးဘူးဟေ့

အတာ said...

ပြည်သူအတွက် အနှစ် နှစ်ဆယ်ကျော် ဒုက္ခခံခဲ့သူနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ တစ်နှစ်သား ဦးသိန်းစိန်ကို နှိုင်းယှဉ်ရလောက်အောင်က စောပါသေးတယ်... သူက လုပ်ပိုင်ခွင့်ထဲက လုပ်ပေးတာ အမေစုက လုပ်ပိုင်ခွင့်မရှိတာကို လုပ်နိုင်အောင် အရင်ကြိုးစားနေတာလေ.. ဘာလို့လည်း ဆိုတော့ ရပ်တည်နေရတဲ့ နေရာ ကွာတယ်လေ.. ဆက်လက်စောင့်ကြည့်ကြတာပေါ့ဗျာ ...

Nway Lay said...

ko a tar ..pyaw tar ko lat khan tal ..i like it ..

Powered by Blogger.