မန္တလေးတိုင်း၊
အန်အယ်ဒီရုံးတွင် တရားဟောမှုကြောင့် ကျောင်းတိုက်မှ တစ်လအတွင်း ဖယ်ရှားရန်
အမိန့်ချမှတ်ထားသည့် ရွှေညဝါ ဆရာတော် ဦးပညာသီဟအရေးအတွက် အန်အယ်ဒီမှ ကြားဝင်
ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။
“အန်အယ်ဒီရုံး
တစ်ရုံးမှာ တရားဟောတဲ့ သံဃာတော်မှာ ဒီလိုကိစ္စ ဖြစ်ပွားတာ အန်အယ်ဒီနဲ့လည်း
သက်ဆိုင်နေတဲ့အတွက် ကြားဝင်ဆောင်ရွက် ရတာပါ”ဟု အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်၏ သဘာပတိ အဖွဲ့ခေါင်းဆောင် ဦးတင်ဦးက ပြောကြားသည်။
ယင်းကိစ္စရပ်နှင့် ပက်သက်၍ အန်အယ်ဒီမှထားရှိသည့် သဘောထားကြေငြာချက်ကို နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ထံ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။
ရွှေညဝါဆရာတော်အား
ဖေဖော်ဝါရီ ၁၉ ရက် ညနေ လေးနာရီခွဲ နောက်ဆုံးထား၍ သာဓုပရိယတ္တိစာသင်တိုက်မှ
ထွက်ခွာရန် ရန်ကုန်တိုင်း ဒေသကြီး သံဃနာယက အဖွဲ့မှ ဆုံးဖြတ်ထားသည်။
“ကျွန်တော်တို့
နောက်တစ်ဆင့် လုပ်စရာရှိပါတယ်။ ဒီလိုလုပ်ပြီးမှ ဖြစ်လာတဲ့
အကျိုးရလဒ်ကိုကြည့်ပြီး ကျောင်းတိုက်က ခွာမခွာ စဉ်းစားကြ မှာပါ”ဟု
ယင်းဆရာတော်နှင့် နီးစပ်သည့် တပည့်တစ်ဦးက ဆိုသည်။
ရွှေညဝါဆရာတော်သည်
၁၉၈၈ အရေးအခင်းကာလအတွင်း ဖြစ်ပွားခဲ့သည့် ကုန်သွယ်ရေးရုံးဖြစ်ရပ်တွင်
တပ်မတော်သားများအား ကယ်ထုတ် ခဲ့သည့် သံဃာတစ်ပါး ဖြစ်သည်။
KS - yangonchronicle
ရွှေညဝါ ဆရာတော်အတွက် အန်အယ်ဒီမှ ဆောင်ရွက်မည်
Reviewed by သစ်ထူးလွင်
on
09:50
Rating:
7 comments:
thanks a lot NLD for dealing this important case
ဘဘဦးတင်ဦးနဲ့ NLD ခင်ဗျား-
ဒီကိစ္စအတွက် ကျနော် နည်းနည်းလောက် အကြံပြုချင်ပါတယ်။
အခု ဘဘတို့ ၀င်ရောက်ဆောင်ရွက်မယ့်ကိစ္စဟာ သံဃာ့အဖွဲ့အစည်းက ဆုံးဖြတ်ထားတဲ့ သံဃာ့ကိစ္စဖြစ်ပါတယ်။ သံဃာ့ကိစ္စကို ချဉ်းကပ်ရာမှာ နိုင်ငံရေးပါတီတစ်ရပ်ရဲ့ လုပ်ရိုးလုပ်စဉ် ဖြစ်တဲ့ သဘောထားကြေညာချက်ထုတ်ပြီး ချဉ်းကပ်မှုမျိုးနဲ့ မချဉ်းကပ်သင့်ပါဘူးခင်ဗျား။ ဒီလိုချဉ်းကပ်မှုမျိုးဟာ သံဃာ့အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်အပေါ် နိုင်ငံရေးပါတီကြီးတစ်ရပ်က ၀င်ရောက်စွက်ဖက်ရာရောက်တယ်-လို့ ယူဆသွားနိုင်စရာရှိပါတယ်ခင်ဗျား။
ဘယ်လိုချဉ်းကပ်သင့်သလဲဆိုရင်- ဘဘတို့ ကိုယ်တိုင်သော်လည်းကောင်း၊ ဒါမှမဟုတ်၊ မဟနဆရာတော်ကြီးများနှင့် အဆင်ပြေအောင် ပြောတတ်ဆိုတတ် လျှောက်ထားတတ်သော သက်ကြီးပိုင် NLDအဖွဲ့ဝင်များသော်လည်းကောင်း ဆရာတော်ကြီးများထံ ကိုယ်တိုင်သွားရောက်ပြီး အဖြစ်မှန်ကို မေးမြန်းလျှောက်ထားသင့်ပါတယ်။ အုပ်စုဖွဲ့ပြီး အားပြရာရောက်မယ့် သွားရောက်ခြင်းမျိုးဖြင့် မသွားရောက်သင့်ပါ။ နှစ်ဦး သုံးဦးထက် ပိုပြီးလည်း မသွားသင့်ပါ။ နားလည်မှုလွဲမှာ စိုး၍ အကြံပြုခြင်း ဖြစ်ပါတယ်။
ဆရာတော်ကြီးများထံမှ ရွှေည၀ါဆရာတော်ကို ဘာ့ကြောင့် အရေးယူရတယ်ဆိုတာကို သိရမှ ကိုယ့်ဘက်က ရှင်းပြဖို့ လိုအပ်မယ်ထင်ရင် လိုအပ်သလို ရှင်းပြလျှောက်ထားရမှာ ဖြစ်ပါတယ်။ ကျနော်သိထားရသလောက် ရွှေည၀ါဆရာတော်ကို ဆရာတော်ကြီးများက အရေးယူရတာဟာ မန်းNLDရုံးမှာ တရားဟောလို့ ဆိုတဲ့ အကြောင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ အဲဒီမတိုင်မီကတည်းက တရားဟောခွင့်ပိတ်ထားတာဖြစ်လို့ တရားဟောခွင့်ပိတ်ထားတဲ့ကာလအတွင်း NLDရုံးမှာပဲဖြစ်ဖြစ်၊ တခြားဘယ်နေရာမှာပဲ ဖြစ်ဖြစ် တရားဟောရင် ဆရာတော်ကြီးများရဲ့ တားမြစ်ချက်ကို ဖောက်ဖျက်ရာရောက်တယ်-လို့ သိထားပါတယ်ခင်ဗျား။
အကောင်းဆုံးကတော့ ဘဘတို့ ကိုယ်တိုင် ဆရာတော်ကြီးများကို သွားတွေ့ပြီး၊ မေးမြန်းလျှောက်ထားတာ အကောင်းဆုံးပါ။ ဖြစ်စဉ်ကို သေသေချာချာ မသိသေးဘဲနဲ့ ကိုယ့်ထင်သလို မှန်းဆပြီး သဘောထားကြေညာချက်ကို အရင်ထုတ်မယ်ဆိုရင် ကြေညာချက်က ဖြစ်စဉ်နဲ့ အကျုံးမ၀င်တာမျိုး ဖြစ်သွားနိုင်ပါတယ်။
ဒီထက်ပိုဆိုးသွားမှာက “NLD ပါတီဟာ ဆရာတော်ကြီးတွေ ဆုံးဖြတ်ထားတဲ့ကိစ္စမှာတောင် အလွတ်မပေးဘူး၊ ၀င်စွက်ဖက်တယ်၊ နိုင်ငံရေးပါတီက နိုင်ငံရေးအလုပ် လုပ်တာမဟုတ်ဘူး၊ ရဟန်းသံဃာကြားထဲမှာပါတောင် ၀င်ပါနေပါလား” ဆိုပြီး ဆရာတော်ကြီးများကို ကြည်ညိုလေးစားလျက်ရှိကြတဲ့ ဆရာတော်သံဃာတော်များနဲ့ ဗုဒ္ဓဘာသာဝင်များက NLDအပေါ် အမြင်တစ်မျိုး ဖြစ်သွားနိုင်ပါတယ်။ မလိုသူတွေအတွက်လဲ ထောက်ကွက်တစ်ခု ရသွားနိုင်ပါတယ်။ ဒါ့ကြောင့် ကျနော်အကြံပြုတာကို အလေးအနက် စဉ်းစားပါလို့ ဘဘတို့ကို မေတ္တာရပ်ခံချင်ပါတယ်။
I agree Mg Thit Sar's advice.
ဘဘဦးတင်ဦးခင်ဗျား၊ ကျွန်တော့်အမြင်ပြောရရင် မဟနကိစ္စကို ၀င်ရောက်စွက်ဖက်ခြင်းမဟုတ်ပါ၊ တရားနည်းလမ်းကျအောင် မဟနကို ပြုပြင်ပေးခြင်းပဲ ဖြစ်ပါတယ်၊ မြတ်စွာဘုရားက ဆရာတော်ကြီးတွေ လုပ်ရပ်မှန်သမျှ အမှန်တရားချီး မဝေဖန်ရဘူး လမ်းမညွှန်ရဘူးလို့ ဘယ်နေရာမှာမှ မဟောခဲ့ပါဘူး၊ လမ်းမှန်ရောက်ဖို့ဆိုရင် ဘယ်သူ့ကိုမဆို စိတ်စေတနာကောင်းနဲ့ လမ်းညွှန်ပေးမှုဟာ တာဝန်သိတတ်တဲ့ လူဖြစ်ကြောင်းသာ ဟောကြားထားခဲ့တာပါ၊ သို့ပါသောကြောင့် ဆရာတော်ကြီးများကိုလည်း သဘောထားအမှန်ကို ဖေါ်ပြသင့်ကြောင်းပါခင်ဗျား၊ ယခုကိစ္စဟာ ဘုရားဝိနည်းတော်နှင့်လည်း မညီ၊ သံဃာ့လုပ်ထုံးလုပ်နည်းနဲ့လည်းမညီပါ၊ အမြင်ကပ်ပုဒ်မတပ်ပြီး၊ ပြုလုပ်ခြင်းသာဖြစ်ပါတယ်၊ မဟန ဆရာတော်များဟာ ယခုကိစ္စမှာ သံဃာ့ဂုတ်တော်ကိုးပါးမှ ဥဇုပ္ပဋိပန္နဂုဏ်နှင့် လုံးလုံးဆန့်ကျင်နေတာကို တွေ့မြင်နေပါတယ်၊ အဂတိတရားလေးပါး လိုက်စားနေတာလည်း ထင်ရှားပါတယ်၊ ဒါဟာသာသနာအတွက် တကယ့်ကို ကြီးမားတဲ့ သာသနာ့အန္တရာယ်ကြီးပါခင်ဗျား။

အမေစုကို လူတိုင်းက လေးစားကြတာ ဒါပဲ။
ကိုသစ္စာပြောတာ ဟုတ်တယ်။
Post a Comment