မကြာသေးခင်က လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာတဲ့
ဝန်ကြီးချုပ်ဟောင်း၊ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့်ဟာ မြရိပ်ညို
ပညာရေးနဲ့ ကျန်းမာရေး ဖောင်ဒေးရှင်းကို နာယက အဖြစ် ဦးဆောင်မယ်လို့
သိရပါတယ်။
မြရိပ်ညို ဖောင်ဒေးရှင်းကို စီးပွားရေး လုပ်ငန်းရှင်နဲ့ အထက်လွှတ်တော်အမတ်
ဇေကမ္ဘာ ဦးခင်ရွှေက ကျပ်ငွေ သိန်းပေါင်း တစ်သောင်း မတည်ပြီး မနှစ်က
အောက်တိုဘာလ အတွင်း တည်ထောင်ခဲ့ပါတယ်။
ဝေးလံခေါင်သီတဲ့ နယ်စပ် တိုင်းရင်းသား ဒေသတွေမှာ ကျောင်းဆရာ ဆရာမတွေ
အလုံအလောက် ခန့်ထားရေး၊ ဆေးရုံ ဆေးခန်းတွေ တည်ထောင်ရေး၊ ပညာသင်ဆု ပေးရေး
စတဲ့ ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရည်ရွယ်ပြီး
ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်ရဲ့ လမ်းညွှန်မှုနဲ့
ဒီဖောင်ဒေးရှင်းကို တည်ထောင်ခဲ့တာလို့ ဦးခင်ရွှေက အာအက်ဖ်အေကို
ပြောဆိုခဲ့ပါတယ်။
မြရိပ်ညို ဖောင်ဒေးရှင်းမှာ နာယက အဖြစ် ဦးဆောင်ပေးမှု အတွက် ဦးခင်ရွှေက
ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကို အမေရိကန် ဒေါ်လာငါးထောင် လစဉ်
ချီးမြှင့်သွားမယ်လို့လည်း ဇေကမ္ဘာ ကုမ္ပဏီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်ဟာ အခုလ ၁၃ ရက်က လွတ်ငြိမ်း
ချမ်းသာခွင့်နဲ့ လွတ်မြောက် လာခဲ့ပြီးနောက် နိုင်ငံရေး မလုပ်ဘဲ လူမှုရေးပဲ
လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။ လေ့လာသူ တချို့တော့ ဦးခင်ညွန့်ဟာ
နိုင်ငံရေးနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်လာလိမ့်မယ် လို့လည်း ထင်ကြေးပေးနေကြ
ပါတယ်။
RFA
RFA
ဦးခင်ညွန့် မြရိပ်ညို ဖေါင်ဒေးရှင်း နာယက တာဝန်ယူမည်
Reviewed by သစ်ထူးလွင်
on
06:51
Rating:
6 comments:
နာယက ဂုဏ်နဲ့ ပြည့်စုံတယ်လို့ မိမိကိုယ်ကို ယူဆပါက လုပ်သင့်ပါသည်။
ကျေးဇူးသိတတ်တဲ့ တပည့်ကြီးက ကျေးဇူးပြန်ဆပ်တာပေါ့လေ...ကောင်းပါလေ့ဗျား...
ဝေစား မျှစား အချင်းချင်း ကူညီရိုင်းပင်းနေကြတယ်ပေါ့ မသိတဲ့သူတွေတော့ အဟုတ်ကြီးထင်အုံးမယ်
အင်း..ဇာတ်လမ်းဟောင်းကြီးကို..တစ်ကပြန်စဖို့တော့..ဖြစ်လာပြန်ပြီပေါ့..
If you have a mouse,you shall eat.
ဗိုလ်အောင်ဒင်ဇာတ်ထုပ်ထဲက သုခ လိုပဲ ပြောလိုက်ချင်တယ်...
“ အောင်မလေးဗျာ... ခင်ဗျားတို့ ဒုက်ခခံလိုက်ရတာကလည်း တိုက်နဲ့ကားနဲ့၊ ရွှေနဲ့ငွေနဲ့ အထုပ်နဲ့ အထည်နဲ့၊ ခုလည်း ဒေါ်လာငါးထောင်တန်ရာထူး နာယက ဆိုပဲ.. အဆင့်တန်းတွေမြင့်မှမြင့်ပါကလား။ ”
ကောင်းပါတယ်ဗျာ... ကောင်းပါတယ်... ကံ ... ကံ ... ကံ..
ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။
မကောင်းတာလုပ်ရင် မကောင်းတာဖြစ်မယ်။
ဒါဟာ ..ရှောင်လို့မရဘူး.. ဘုရားရှင်တောင် ၀မ်းသက်ခဲ့တဲ့ ဥပမာရှိခဲ့တယ်မဟုတ်လား။ မိမိဟာ ကုသိုလ်စိတ်နဲ့ ကုသိုလ်ကံကို ပြုလုပ်ထားရင်ဘာမှကြောက်စရာမလိုပါ။ သို့သော်.. အကုသိုလ်စိတ်နှင့် အကုသိုလ်ကံပြုလုပ်ထားလျှင် လုပ်ရဲလျှင်ခံရဲယုံနှင့်မပြီးပါ။ အကုသိုလ်ကံကို အကုသိုလ်ကံမှန်းသိ ၀န်ချတောင်းပန်..ခ၀ါချပြီး ရပ်တန်းကရပ် ဘ၀သစ်မှာ ကုသိုလ်ကံစိတ်ပြင်းပြရင် အင်္ဂုလိမာလကိုယ်တော်ကြီးဟာလည်း ယခင်က ပါရမီရှိပြီးသားဖြစ်သည့်အလျှောက် အတုယူစရာပါ။ ဒီနေရာမှာ စကားသင့်လို့ ပြောချင်တာတစ်ခုကတော့ လက်ညှိုးဖြတ်တဲ့ကိုယ်တော်ကြီး ပြည်သူတွေကြား ဆွမ်းခံတဲ့ခါ ယာဂု ထောပါတ် ဆွမ်းအစား၊ ခဲ..ဒုတ် တွေနဲ့ ၀ိုင်းပြီး ဆွမ်းကြီးလောင်းခံရပါတယ်..
အဲဒီတော့.... လက်ညှိုးတွေဖြတ်ခဲ့တဲ့သူ အင်္ဂုလိမာလအလောင်းအလျာဟာ ဘုရားရှင်အား ၀န်ချတောင်းပန်ခဲ့သလို၊ ပြည်းသူတွေရဲ့ တုန့်ပြန်မှုကို သည်းခံခဲ့သလို၊ ၀န်ချတောင်းပန်ရန်လိုအပ်သူများ(လိုအပ်သူကိုသာ ဆိုလိုပါသည်။) ၀န်ချတောင်းပန်နိုင်ကြပါစေ။ ပြည်သူမှပေးသော မျှတသည့်အပြစ်ကို ကျေကျေနပ်နပ် ပေးဆပ်နိုင်ကြပါစေ။
မိုက်ပြီးရင်းမိုက်ဝဲဂယက်အတွင်းမှ လွတ်မြောက်နိုင်ရန် ငါ့သားအတွက် ငါ့သမီးအတွက် ငါ့မြေးအတွက်ဆိုတဲ့ အတ်တ လောဘတွေ ဖြတ်တောက်ပြီး ရရှိခဲ့ပြီးသော ပါရမီအထူးကို ကောင်းမှုကံအတွက် ကုသိုလ်ပြုနိုင်ကြပါစေ။ (အချို့မှာ ဆယ်သက်စားမကုန်သောကြောင့် လောဘကကို ချုပ်တည်းဟူသော စကားလုံးကိုမသုံးပဲ အပြတ်ဖြတ်ရန်ပင် လိုအပ်နေသောကြောင့် လောဘတွေ ဖြတ်တောက်ဟုရေမိပါသည်။)
အမြဲကံကောင်းကြပါစေ။
Post a Comment