ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း |
ပဲခူးတိုင်းဒေသကြီးတွင်
လစ်လပ်မဲဆန္ဒနယ် ခြောက်နေရာရှိပြီး ယင်းနေရာများတွင် ပြည်ခိုင်ဖြိုးပါတီ၏
ကိုယ်စားလှယ်လောင်းများ အနိုင်ရရေးအတွက် သိန်းနှစ်ထောင်ခန့် သုံးစွဲမည်
ဖြစ်ကြောင်း ယင်းနှင့်နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းက
ဆိုသည်။
ပဲခူးတိုင်းအောင်နိုင်ရေးအတွက်
သိန်းနှစ်ထောင်ကျော် သုံးစွဲမည်ဖြစ်သည့်အတွက် ယင်းဒေသကြီးအတွင်းရှိ
စီးပွားရေးလုပ်ငန်းရှင်များကို ပြည်ခိုင်ဖြိုး ပါတီ အောင်နိုင်ရေး
ရန်ပုံငွေကောက်ခံမည့် အစီအစဉ်ရှိကြောင်း သိရသည်။
“သူတို့ဘက်က
ဒီလိုဝန်ကြီးချုပ် ကိုယ်တိုင်ပါနေတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ
တရားမျှတပါ့မလားဆိုတာ တွေးမိတယ်”ဟု ပဲခူးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးပါတီ အနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနေရာ
၂၀ အား ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သောလည်း ပါတီရန်ပုံငွေကို
သိန်းတစ်ရာစွန်းစွန်းသာ သုံးရန် ရှိကြောင်း သိရသည်။
YC(KS)
ပဲခူးတိုင်းတွင် ပြည်ခိုင်ဖြိုး အောင်နိုင်ရေးအတွက် ဝန်ကြီးချုပ် ဆောင်ရွက်
Reviewed by သစ်ထူးလွင်
on
07:53
Rating:
No comments:
Post a Comment