ဓါတ်ပုံ(kachinnet) |
ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ နှင့် KIO တို့ ငြိမ်းချမ်းရေးအတွက် ဒုတိယနေ့တွေ့ဆုံဆွေးနွေးမှု့ကို ရွှေလီမြို့တွင် ပြုလုပ်အပြီးတွင် အပစ်အခတ်ရပ်စဲရေးအတွက် တူညီမှု့မရရှိသေးဘဲ စစ်ရေးအရှိန်များကိုထိန်းသိမ်းသွားနိုင်ရန်နှင့် ယုံကြည်မှု့တည်ဆောက်ရန်ပြသနာဖြစ်ပွားနိုင်သောဒေသများရှိနှစ်ဘက်တပ်များကိစ္စအား ဆွေးနွေးညှိနှိုင်းဆောင်ရွက်သွားရန် သဘောတူညီမှု့ ရရှိခဲ့သည်။
အစိုးရနှင့် KIO အကြား နိုင်ငံရေးနည်းလမ်းဖြင့်သာဆက်လက်ဆွေးနွေးသွားရန် ၊ဆွေးနွေးသည့်အကြောင်း အရာများကိုပြည်သူများသိရှိစေရန် မှန်ကန်သောသတင်းများ ထုတ်ပြန်ပေးသွားရန် ၊စစ်ရေးအရှိန်များကို ထိန်းသိမ်းသွားနိုင်ရန်နှင့်ယုံကြည်မှု့တည်ဆောက်နိုင်ရန်အတွက် ပြသနာဖြစ်ပွားနိုင်သောဒေသများရှိ နှစ်ဖက်တပ်များကိစ္စအားညှိနှိုင်းဆောင်ရွက်သွားကြရန်တို့ကိုသာ သဘောတူညီမှု့ရရှိခဲ့ကြသည်။
ထိုအစည်းအဝေးကို ဇန်န၀ါရီ ၁၈၊၁၉တွင် ရွှေလီမြို့တွင် ကျင်းပခဲ့သည်။
7Day News Journal
အစိုးရနှင့်ကေအိုင်အို ဆွေးနွေးပွဲအပစ်အခတ်ရပ်ရေး သဘောတူညီချက်မရရှိသေး
Reviewed by သစ်ထူးလွင်
on
20:24
Rating:
No comments:
Post a Comment