ဒေါ်အောင်ဆန်းစုကြည်ကို ဘနာဇီရာဘူတို ဒီမိုကရေစီဆု ချီးမြှင့်

ရန်ကုန်၊ ဇန်န၀ါရီ - ၂၅ 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဘနာဇီရာဘူတိုဒီမိုကရေစီဆို ယနေ့ နေ့လည်ပိုင်းက သူမ၏နေအိမ်တွင် ဘူတို၏ မိသားစုဝင်များက ပေးအပ်ခဲ့သည်။

လက်ရှိပါကစ္စတန်သမ္မတသည် ၂၀၀၇ ခုနှစ်တွင်လုပ်ကြံသတ်ဖြတ်ခံခဲ့ရသော ဘနာဇီရာဘူတို၏ခင်ပွန်းဖြစ်ပြီး ယနေ့နေ့လည်၂နာရီတွင် ဒေါ်အောင်ဆန်းစုကြည်၏နေအိမ်သို့လာရောက်တွေ့ဆုံခဲ့သည်။   ဘူတိုဒီမိုကရေစီဆုတံဆိပ်ကို ဘူတို၏ သမီးအငယ်ဖြစ်သူ အာစီဖာဘူတိုက ဒေါ်အောင်ဆန်းစုကြည်ကို  ပေးအပ်ခဲ့ခြင်းဖြစ်သည် ။

ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီအရေးအတွက် ကာလရှည်ကြာစွာ နိုင်ငံနှင့် နိုင်ငံသူ၊ နိုင်ငံသားများအတွက် စွန့်လွှတ်အနစ်နာခံမှုများအတွက် ပေးအပ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘနာဇီရာဘူတိုသည် ပါကစ္စတန်နိုင်ငံ၏ပထမဆုံးအမျိုးသမီး ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် လုပ်ကြံခံရပြီး သေဆုံးခဲ့သည်။ သူမကို ဂုဏ်ပြုကာ ပါကစ္စတန်ပြည်သူ့ပါတီက ချီးမြှင့်ပေးအပ်ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်သည် ထိုဆုကို ပထမဆုံးလက်ခံရရှိသူလည်းဖြစ်သည်။

7Day News Journal
ဒေါ်အောင်ဆန်းစုကြည်ကို ဘနာဇီရာဘူတို ဒီမိုကရေစီဆု ချီးမြှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဘနာဇီရာဘူတို ဒီမိုကရေစီဆု ချီးမြှင့် Reviewed by သစ်ထူးလွင် on 16:20 Rating: 5

1 comment:

အောင်ဆန်းသွေး said...

ဒေါင်းမင်းဆောင် အောင်ကြောင်းဖြာ လွတ်လပ်သာယာ ပြည်မြန်မာ

Powered by Blogger.