သမ္မတဦးသိန်းစိန် အရွေးခံရတဲ့ ပုဗ္ဗသီရိမြို့နယ်မှ ဇေယျာသော် ရွေးကောက်ပွဲဝင်မည်

နိုင်ငံရေး အကျဉ်းသားဟောင်း လူငယ် ဟစ်ပ်ဟော့ပ် အဆိုတော် ကိုဇေယျာသော်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ကို ကိုယ်စားပြု၍ လာမည့် ဧပြီ ၁ ရက်နေ့ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက် ရွေးချယ်ခံမည် ဖြစ်သည်။
မြန်မာပြည် ဟစ်ပ်ဟော့ပ် ရေစီးကြောင်း ပထမ မျိုးဆက်များဖြစ်သော ကိုဇေယျာသော်(၀ဲဘက်)နှင့် ရန်ရန်ချန်း၊ အနဂ္ဂတို့ကို မကြာသေးမီက ဒေါ်အောင်ဆန်းစုကြည်နှင့် အတူတွေ့ရစဉ်(ဓာတ်ပုံ - ဇေယျာသော် Facebook fan page)
“ကျနော်က နေပြည်တော် ပုဗ္ဗသီရိမြို့နယ်က ၀င်ရောက်ရွေးချယ်ခံမှာပါ”ဟု ကိုဇေယျာသော်က ဧရာဝတီကို ပြောသည်။
ပုဗ္ဗသီရိမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ယခု သမ္မတ ဦးသိန်းစိန် ၀င်ရောက်အရွေးချယ်ခံခဲ့သော မဲဆန္ဒနယ်မြေဖြစ်သည်။
ထို့အပြင် လွန်ခဲ့သည့် ဇန်န၀ါရီ ၁၂ ရက်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြောင်းမြအကျဉ်းထောင်က လွတ်မြောက်လာခဲ့ သော မစန္ဒာမင်း က နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်၊ မန္တလေး အိုးဖိုအကျဉ်းထောင်မှပြန်လည် လွတ်မြောက်လာသူ မိုးကုတ်မြို့က ကိုမင်းသူက ဥတ္တရ သီရိမြို့နယ်၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုနိုင်ငံလင်းက ဒက္ခိဏ သီရိ မြို့နယ်တို့က NLD ပါတီ ကိုယ် စားပြု ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။
ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကိုယ်စား ၀င်ရောက်ယှဉ်ပြိုင်မည့် ထိုလူငယ် ၄ ဦး၏ အမည်စာရင်းကို ကြေညာချက်အမှတ် ၆ -၀၁/ ၁၂ ဖြင့် NLD က ယနေ့ ထုတ်ပြန်ထားသည်။
“ကျနော့်အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင်ကြိုးစားမှာပါပဲ။ အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဆိုတာ ကတော့ ဧပြီ ၁ ရက်နောက်ပိုင်းမှ သိရမှာပါ”ဟု ကိုဇေယျာသော်က ဆိုသည်။
ကျင်းမည့် ကြားဖြတ်ရွေးကောက်ပွဲသည် တရားမျှတပြီးလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် အားလုံးတွင်တာဝန်ရှိ သောကြောင့် ၀ိုင်းဝန်း လုပ်ဆောင်သွားကြရမည်ဖြစ်သည်ဟုလည်း သူက ဆိုသည်။
ကိုဇေယျာသော်သည် သမ္မတ ဦးသိန်းစိန်၏ ၁ နှစ် လျှော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ယမန်နှစ် မေလက တနင်္သာရီ တိုင်း ကော့သောင်း အကျဉ်းထောင်မှ လွတ်မြောက်လာသူ ဖြစ်သည်။
အသက် ၃၂ နှစ်အရွယ်ရှိ ကိုဇေယျာသော် အား အာဏာပိုင်များက နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းဖွဲ့စည်းမှု ပုဒ်မ ၆/၈၈ ဖြင့် ၅ နှစ် စုစုပေါင်းထောင်ဒဏ် ၆ နှစ်ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ၂ဝ ရက် နေ့ က စွဲဆိုချမှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းမှာ အကျဉ်းထောင်တွင်း၌ ၃ နှစ် နေခဲ့ရပြီး နောက် ပြန်လည်လွတ်မြောက်လာခဲ့သည်။
ကိုဇေယျာသော်သည် ယခင်က မြေအောက် လူငယ်ဂီတအဖွဲ့တခုဖြစ်သည့် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး(GW)ခေါင်း ဆောင်တဦးလည်း ဖြစ်သည်။

လင်းသန့် (ဧရာဝတီ)
သမ္မတဦးသိန်းစိန် အရွေးခံရတဲ့ ပုဗ္ဗသီရိမြို့နယ်မှ ဇေယျာသော် ရွေးကောက်ပွဲဝင်မည် သမ္မတဦးသိန်းစိန် အရွေးခံရတဲ့ ပုဗ္ဗသီရိမြို့နယ်မှ  ဇေယျာသော် ရွေးကောက်ပွဲဝင်မည် Reviewed by သစ်ထူးလွင် on 18:03 Rating: 5

11 comments:

phyo lin said...

ကြည့်ကျက်လည်းလုပ်ကြဦးနော်..နိုင်ငံရေးနဲ့ ဟစ်ဟော့အဆိုတော်တွေနဲ့ ဖြစ်ပါ့မလား။ တိုင်းပြည်ကောင်းစားဖို့ ဆိုရင်တော့ ဘယ်သူပဲဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။ နိုင်ငံရေးလုပ်တာ ကောက်ရိုးမီးလိုတော့ လုပ်လို့ မရဘူးနော်...

Mesua Ferrea said...

ဇေယျာသော်ကလဲပုလိုက်တာ

နောင်နောင် said...

ရဦးမှာဘဲ.....မဲတွေကတော့..ဟဟဟဟ

The Wild Rose said...

လူငယ်တွေကို ခုလို ဝင်ပြိုင်စေတာ အင်မတန် ကောင်းမွန်တဲ့ လုပ်ရပ်ပါ .... အခု ဝင်ပြိုင်မဲ့သူတွေကလည်း အသက် ၃၀ကျော် အရွယ်တွေမို့ ... ငယ်သေးတယ်လို့ ပြောလို့မရတော့ပါ ..... အနာဂါတ်အတွက် အင်အားပါပဲ .... အချို့က သူတို့အပေါ် .... အရည်အချင်း သို့မဟုတ် တခုခုအနေနဲ့ မြင်ပြီး အထင်သေးကောင်း သေးပါလိမ့်မယ် ... သူတို့နဲ့ တွေ့ဆုံပြီး ပြောဆို လေ့လာပြီးမှ သူတို့ကို ဝေဖန်တာ ပိုသင့်တော်မှာပါ ...
အခြားသူတွေ သိပ်မသိသော်လည်း ဇေယျာသော်ရဲ့ အပြောအဆို အတွေးအခေါ် အမြင်တွေ တာဝန်ယူရဲမှု တာဝန်သိတတ်မှု စွန့်လွှတ်အနစ်နာခံနိုင်မှုကို လေးစားအသိမှတ်ပြုပါတယ် ... အောင်မြင်ပါစေ ဇေယျာသော် ... အနာဂါတ်ကို ငါတို့လူငယ်တွေ ပိုင်ဆိုင်ပါတယ် ... အဲဒီတော့ ငါတို့အကောင်းဆုံး ပြုပြင်ဖန်တီး တည်ဆောက်ကြရအောင် ......

အိုးဝေ said...

ငယ်ငယ်ကြီးကြီး တိုင်းပြည်ချစ်တဲ့လူကချစ်တာပဲ။တန်ဖိုးရှိတဲ့လူကရှိတာပဲ။အားပေးလျှက်ပါ ကိုဇေယျာသော်။

nationalism said...

respect guy

Corundum said...

၇င်လေးတယ်နော်။

kyaw soe ko ko said...

ကို က rocker ပေါ့...hip hop ကို နားထောင်မိရုံ ပဲ...အခုတော့ ရင်ထဲကလက်ခံလိုက်ပြီ ...ပြင်းထန်စွာပေါက်ကွဲ(rock) ...စာသားတွေအများကြီး ရွတ်ပြီး ပျော်ရွှင်စွာနဲ့ သီချင်းတွေဆိုပြီး ကခုန်တော့မယ်(hip hop )

Anonymous said...

ကိုကျော်စိုးကိုကို မကခုန်မီ အမေ့ကိုသွားတွေ့လိုက်ပါအုံးဗျာ ခင်လို့စတာနော်းP

kyaw soe ko ko said...

အာ....ကို လူဆိုး ကျနော် သွားတွေ့ ပြီးပြီ...အမေ့ကို စလွှတ်ပေးတဲ့ နေ့ မှာပဲ...လူအုပ်ကြားထဲမှာ ...တကယ်ကို ၀မ်းနဲဝမ်းသာစရာပါဗျာ...အပျော်ဆုံးနေ့ ထဲမှာ အဲ့ဒီနေ့ လဲ ပါခဲ့ပြီ....အဖွဲ့  စည်းတွေနဲ့  ကြိုကြားရောက်ဖြစ်ခဲ့ပါသေးတယ်..အခုတော့အပြင်ရောက်နေလို့ ......ကျနော့် စကားလေးအတိုင်း....(အမေ့ကို သွားတွေ့ ကြပါအုံး)လို့  ကျယ်ကျယ်ပြန့် ပြန့် လေး...လက်ဆင့်ကမ်းပြောပေးပါအုးံ....ကျနော့်စကားလုံး ကို အသိမှတ်ပြုပြီး ခင်လို့ စ တယ် ဆိုတဲ့ ...ကိုလူဆိုး ကို ကျေးဇူးတင်မိပါကြောင်း.......အမေ့ ကိုတော့ သွားတွေ့ လိုက်ကြပါအုံး.....၈၈ နောင်တော်ကြီးတို့ ..

မေ said...

နေရာတကာ ဘာမှန်းမသိ ၀င်ဝင်ယောင်နေတဲ့ အနဂ ကိုတော့ လုံးဝ (လုံးဝ)ကို ကြည့်လို့ မရပါ

Powered by Blogger.