‎"လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်း"

ဝန်ကြိး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကို
 လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲ့သည့် အကျဉ်းသားများနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြိး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုက ပြည်တွင်း၊ ပြည်ပ မီဒီယာများကို နေပြည်တော်ရှိ ပြည်ထဲရေးဝန်ကြီးဌာန ရုံးချုပ်တွင် တွေ့ဆုံရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အကျဉ်းသားများအနက် ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရသူများကို အမျိုးသားဒီမိုကရေစီပါတီ မှ စိစစ်တင်ပြသော လူဦးရေ ၆ဝ၄ ဦးကို စိစစ်၍ လွှတ်ပေး ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း ၆ဝ၄ ဦးအမည်စာရင်းတွင်အကျဉ်းကျ ခံနေရသူ ၄၂၁ ဦး၊ အချုပ်သား ၉ ဦးနှင့် ၁ဝ၇ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့် အသီးသီးအပါအဝင် ရက်စေ့၍ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကျဉ်းသားတွေထဲမှာ ဘယ်လိုမှ လွှတ်ပေးလို့မရတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေ ကျူးလွန်ထားသူ၊ ၁၂၅ ဦးကို ဆက်ပြီး ထိန်းသိမ်းထားပါသေးတယ်။ လူသတ်မှု၊ ဓါးပြမှု၊ လုယက်မှု၊ ဖောက်ခွဲမှု၊ မုဒိန်းမှု စတဲ့ အမှုကြီးတွေကို တွေ့ရပါတယ်။ ဒါကြောင့် အဲဒီစာရင်းမှာပါတဲ့အကျဉ်းသား အကျဥင်္းသူ ၃ဝ၂ ဦးနဲ့ အကျဉ်းထောင်အသီးသီးမှာရှိတဲ့ ၃၄၉ ဦးကို လွှတ်ပေးခဲ့ခြင်းဖြစ်ပါတယ်။ ဟု ဝန်ကြီးက ဆိုသည်။ ဆက်လက်ထိန်းသိမ်းထားသည့် အကျဉ်းသားများတွင် (တာလီဘန်) အကြမ်းဖက်သမားများနှင့် ဆက်သွယ်၍ ဖောက်ခွဲရေးသင်တန်းကိစ္စများ ပြုလုပ်ခဲ့သူများမှ ၁၃ ဦး ဖောက်ခွဲရေးပစ္စည်းများကို လက်ပူးလက်ကြပ် စစ်ဆေးဖမ်းမိသူများပါဝင်ကြောင်း ဝန်ကြီးက ရှင်းပြသည်။ တာလီဘန်တွေက ပြီးခဲ့တဲ့နှစ် (တစ်နှစ်အတွင်း)မှာ ရခိုင်ပြည်နယ်စပ်ဘက်ကနေ ဝင်ရောက်လာတာပါ။ ပြည်တွင်းကိုတော့ မရောက်ခဲ့ပါဘူး။ သူနဲ့ ဆက်သွယ်ပြီးလုပ်ခဲ့တဲ့ သူတွေကိုတော့ လွှတ်လို့မရပါဘူး ဒီလိုဖမ်းမှုမျိုးတွေကျတော့ နိုင်ငံတကာမှာလည်း လွှတ်ပေးလေ့မရှိပါဘူး ဟု ဆိုသည်။ လက်ရှိတွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့် လူများအဖွဲ့အစည်းများတွင် အမျိုးသားထောက်လှမ်းရေးအဖွဲ့မှ လူဦးရေ ၁ဝဝ ကျော်ပါဝင်ပြီး ကျန်အဖွဲ့အစည်းများမှ ၁ဝဝ ကျော်ပါဝင်သည်ဟု သိရသည်။ မြန်မာနိုင်ငံအနှံ့မှာရှိတဲ့ အကျဉ်းသားတွေကို တာဝန်ရှိသူတွေက လေယာဉ်၊ ကားတွေနဲ့ အိမ်တိုင်ရာရောက်ပို့ပေး ပါတယ်။ လေယာဉ်လက်မှတ်ခကို စိုက်ထုတ်ပြီး ပေးခဲ့သူအချို့လည်းရှိပါတယ်။ ဟု ဝန်ကြီးက အကျဉ်းသားများလွှတ်ပေးမှုနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

 စွမ်းရဲထွဋ်၊ အောင်ထက် (ပေါ်ပျူလာဂျာနယ်)
‎"လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်း" ‎"လွတ်ငြိမ်းချမ်းသာခွင့်နှင့်ပတ်သက်၍ စာနယ်ဇင်းရှင်းလင်း" Reviewed by သစ်ထူးလွင် on 20:34 Rating: 5

No comments:

Powered by Blogger.