၃၇ မင်းနတ်များ၏ ပန်းချီကား ၃၇ကား ပြသထားသည့် 37 Nats ပန်းချီပြပွဲကို
၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက်နေ့တွင် ရန်ကုန် မြို့၊ ကမ်းနားလမ်းရှိ Strand
Hotel တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
37 Nats ပန်းချီပြပွဲတွင် ၃၇မင်း နတ်တစ်ပါးချင်းစီ၏ သမိုင်းကြောင်းများနှင့်အတူ ပန်းချီကား များကို ချိတ်ဆွဲပြသထားပြီး ၎င်းတို့ပေါ်ထွန်းရာ ခေတ်အလိုက် ၀တ်စားဆင်ယင်မှုများ၊ အဆောင်အယောင် များကို ထည့်သွင်းရေးဆွဲထားသည် ဟု သိရသည်။
“ဒီပြပွဲကို ပြုလုပ်ဖြစ်တဲ့ ရည်ရွယ်ချက်က မြန်မာ့ရိုးရာ ဓလေ့ထဲမှာ နတ်ကိုးကွယ် ယုံကြည် မှုလည်း တစ်ခုအပါအ၀င်ပါ။ ဒါပေမယ့် အခုနောက်ပိုင်း အဲဒီနတ်တစ်ပါးချင်းစီရဲ့ အကြောင်းကို သေသေချာချာ သိတဲ့သူရှားလာတယ်။ အဲဒါကြောင့်အခုလို စုစည်းပြီး ပန်းချီပြပွဲအဖြစ် ပြသစီစဉ်ဖြစ်တာပါ”ဟု ပန်းချီပြပွဲကိုစီစဉ်သည့် တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
“တခြားဆွဲစရာ အကြောင်းအရာတွေ အများကြီးရှိတဲ့အထဲကမှ ဒီနတ်တွေရဲ့ပန်းချီကားကို ဆွဲဖို့ရွေးချယ် ဖြစ်တာက မြန်မာလူမျိုးတွေမှာ မိရိုး ဖလာ အစဉ်အလာယုံကြည်မှုတွေ ရှိကြတယ်။ နတ်ကိုးကွယ်မှုဆိုတာ ကလည်း ဟိုးအရင်ကတည်းက မြန်မာလူမျိုးတွေမှာ ယုံကြည်မှု တစ်ခု အနေနဲ့ရှိခဲ့တယ်။ ဒီပန်းချီကား တွေထဲမှာ နတ်တစ်ပါးချင်းစီရဲ့ အဆောင်အယောင်နဲ့ သမိုင်းဆိုင်ရာ ကွင်းဆက်ကလေးတွေလည်း ထည့်သွင်းပြီး ဖန်တီးချက်တချို့နဲ့ ရေးဆွဲထားပါတယ်”ဟု ပန်းချီ ဦးစိန်မြင့်က ပြောပြခဲ့သည်။
37 Nats ပန်းချီပြပွဲကို ဇန်န၀ါရီ၁၄ရက်တစ်ရက်တည်းသာ ပြသခြင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ပြတိုက်တွင် ပြသထားသည့် ရှေးခေတ်မြန်မာဘုရင်များ လက်ထက် က စစ်ချီရာတွင် ကိုင်ဆောင်သည့် သူရဲကြီးအောင်လံ(၇) စင်း ပုံစံတူ အလံများကိုလည်း ပြသခဲ့သည်။
EMG

၃၇မင်းနတ်များ၏ ပန်းချီပြပွဲပြုလုပ်
Reviewed by သစ်ထူးလွင်
on
08:46
Rating:

No comments:
Post a Comment