|
ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေဟာ အဖွဲ့ရံပုံငွေအတွက် ဈေးရောင်းပွဲတခု ပြုလုပ်ခဲ့ပါတယ်။ (ဓါတ်ပုံ-NLD) |
ပဲခူးတိုင်း
ဖြူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ် ပါတီလူငယ်ရံပုံငွေ
ဈေးရောင်းပွဲတော်ရှိ လူငယ်အဖွဲ့ဝင်များ တည်းခိုနေရာကို
ဖောက်ထွင်းဝင်ရောက်ခံရသဖြင့် ကျပ်ငွေ ၄ သိန်းအပါအ၀င် ကင်မရာတစ်လုံးနှင့်
မှတ်တမ်းတင်ဗွီဒီယို တိတ်ခွေများ ပါသွားခဲ့ကြောင်း သိရသည်။
ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နယ်၊ ဇေယျဝတီမြို့နယ်နှင့်
ညောင်ပင်သာမြို့နယ်အတွင်းက ကျေးရွာအဆင့်အထိ ပါတီအဖွဲ့ဝင်သစ်များ၏
လိုင်စင်ဓါတ်ပုံများအားလုံးလည်း ၄င်းမှတ်တမ်းကင်မရာများတွင်ပါသွားရာ အဆိုပါ ဓါတ်ပုံများ ပြန်လည်ရရှိရန်အတွက် အခက်အခဲများဖြစ်နေကြောင်း သိရသည်။
မက်စင်ဂျာဂျာနယ်
No comments:
Post a Comment