စက်ဆန်းမီးလောင်မှုကြောင့် ဂိုဒေါင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးထား

မီးစတင်လောင်ကျွမ်းသော ဂိုဒေါင်ငှားရမ်းထားသူနှင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော ဂိုဒေါင်ငှားရမ်း သူနှစ်ဦးအား ဖမ်းဆီးထားပြီးဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်မှ မြို့နယ်မှူးက ပြောသည်။

အဆိုပါနှစ်ဦးအား မင်္ဂလာတောင်ညွှန့်(ပ)၇၇၈/၂၀၁၁ ပြစ်မှုပုဒ်မ ၂၈၅၊ ၂၈၆၊ ၃၃၇၊ ၃၃၈၊ ၃၀၄-က ဖြင့် အမှုဖွင့်ထားခြင်းဖြစ်သည်။

" မီးလောင်တဲ့အမှု၊ ပေါက်ကွဲမှု၊ လူသေတဲ့အမှုတွေပါ။ နှစ်ဦးစလုံးကို စခန်းမှာ ချုပ်ထားပါ တယ်" ဟု မြို့နယ်မှူးကပြောသည်။ မီးစတင်လောင်ကျွမ်းသော ဂိုဒေါင်အမှတ် ၈၀ အားဦးမျိုးသန့်က တစ်လ လျှင် ကျပ်နှစ်သိန်းခွဲဖြင့် ငှားရမ်းထားပြီးလျှင် စစ်ပစ္စည်းများ သိုလှောင်ထားပြီး ပေါက်ကွဲမှုဖြစ်သော ဂိုဒေါင် အမှတ် ၇၉ မှာ ဦးမောင်မောင်ဝင်းက ငှားရမ်းလုပ်ကိုင်နေပြီး ယမ်းစိမ်း chemical နှင့် ပရဆေးများသိုလှောင် ထားကြောင်း သတင်းရရှိသည်။

ပေါက်ကွဲမှုကြောင့် ဂိုဒေါင်အမှတ် ၇၉ နေရာတွင် အနက် ၁၅ ပေအလျားအနံပေ ၄၀ ခန့်ကျပ် သော ချိုင့်ကြီးတစ်ခုဖြစ်သွားခဲ့သည်။

7 DAY NEWS Journal 

စက်ဆန်းမီးလောင်မှုကြောင့် ဂိုဒေါင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးထား စက်ဆန်းမီးလောင်မှုကြောင့် ဂိုဒေါင်ပိုင်ရှင်နှစ်ဦး ဖမ်းဆီးထား Reviewed by သစ်ထူးလွင် on 20:08 Rating: 5

No comments:

Powered by Blogger.