နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုရန်စီစဉ်နေ

 ဇန်န၀ါရီ(၃) ရက်နေ့တွင် နိုင်ငံတော်သမ္မတက လွှတ်ငြိမ်းချမ်းသာခွင့်ပေး မည့်သတင်းများထွက်ပေါ်နေပြီး ယုံကြည်ချက်ကြောင့်အကျဉ်းကျခံရသူများ ၏မိသားစုများနှင့်မိတ်ဆွေများက ကြိုဆိုကြရန်စီစဉ်လျက်ရှိကြောင်း သိရပါသည်။
“ဇန်န၀ါရီ(၃)နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ထက်ပေးမယ်ဆိုတဲ့သတင်းကိုအခိုင်အမာရထားတယ်၊ ဘယ်သူတွေစီကရတာလဲဆိုတာတော့ ထုတ်ဖေါ်ပြောဆိုလို့မရဘူးဖြစ်နေတယ်၊ ကျွန်တော်သူငယ်ချင်းတွေကြိုဆိုဖို့စီစဉ်နေပြီ၊ သွားရလာရခက်တဲ့နယ်တွေဆိုရင်တော့ ကြိုပြီးသွားစောင့်ဖို့စီစဉ်သတ်မှတ်ထားပြီးပါပြီး၊ မိသားစုတွေနဲ့အတူကြိုဖို့လူတွေ လွယ်ကူစေရန် ခွဲဝေသတ်မှတ်ထားပါတယ် “ဟု (၈၈)မျိုးဆက်ကျောင်းသားအဖွဲ့ဝင် စမ်းချောင်းကိုကိုကြီးကပြောဆိုသည်။ အကျဉ်းထောင်ဦးစီးဌာနသို့ဆက်သွယ်မေးမြန်းစုံစမ်းရာ အကျဉ်းဦးစီးဌာန(အင်းစိန်)မှတာဝန်ရှိသူတစ်ဦးက”ကျွန်တော်တို့ကိုအကျဉ်းသားစာရင်းပြုစုခိုင်း မကြာခဏဆိုသလိုရှိပါတယ်။အခုလဲစာရင်းပြုစုနေတာပါ၊” ဟုပြန်လည်ဖြေကြားခဲ့ပါသည်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် ၂၀၁၁ မေလ ၁၇ရက်နေ့က မြန်မာနိုင်ငံရှိအကျဉ်းထောင်အသီးသီးတွင် အပြစ်ဒဏ်ကျခံနေရသူများအား အပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး သေဒဏ်ချမှတ်ခံရသူများအား ထောင်ဒဏ်တစ်သက်သို့လျှော့ပေါ့ပေးခဲ့သည်။ ယင်းနောက် အောက်တိုဘာ(၁၁)ရက်နေ့အမိန့် ၄၉/၂၀၁၁ ဖြင့်မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးရှိအကျဉ်းသားဦးရေ (၆၃၅၉) ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်ဟု true news ဂျာနယ်  မှာဖော်ပြထားပါသည်။

By: သစ်ထူးလွင်
နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုရန်စီစဉ်နေ နိုင်ငံရေးအကျဉ်းသားများ ကြိုဆိုရန်စီစဉ်နေ Reviewed by သစ်ထူးလွင် on 15:30 Rating: 5

1 comment:

shein said...

တကယ်လွတ်မြောက်လာဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေကို ပိုလွတ်မြောက်စေချင်တယ်။

Powered by Blogger.