ရွှေနံသာလယ်သမားများ အခက်တွေ့နေ ဦးခင်ရွှေ ဇေကမ္ဘာကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲ




ကျွန်တော်တို့ ဟာ ဦးခင်ရွှေနဲ့ ဇေကမ္ဘာ ကုမ္ပဏီကို တိုက်ခိုက်နေကြတာမဟုတ်ဘူး ။
နိုင်ငံတော်သမ္မတကြီးဦးသိန်းစိ
န် အစိုးရကိုလည်းတိုက်ခိုက်နေကြတာ
မဟုတ်ဘူး ။

အမှန်တကယ် လိမ်ညာလှည့်ဖြား - ရပ်ကွက် ဥက္ကဌအဟောင်း ဦးထွန်းနိုင် နဲ့
ဇေကမ္ဘာ ကုမ္ပဏီကပူးပေါင်းပြီး မြေယာမတရားရယူမှုကြောင့် နစ်နာသူ
တောင်သူတွေအတွက် တိုက်ပွဲဝင်နေကြတာဖြစ်တယ် ။

ဇေကမ္ဘာ ကုမ္ပဏီမဟုတ်ဘဲ ပေတရာကုမ္ပဏီဆိုလည်း ကျွန်တော်တို့ နစ်နာမှုအတွက်
တိုက်ပွဲဝင်ရမယ် ။

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရမဟုတ်ဘဲ -
ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်ေ
နရင်လည်း

နစ်နာမှုအတွက် တိုက်ပွဲဝင် ရမှာဘဲ။စစ်သားလူထွက် အစိုးရမဟုတ်ဘဲ ကျောင်းသား
လူထွက် အစိုးရဖြစ်နေရင်လည်း ကျနော်တို့ လယ်သမားတွေ နစ်နာမှုအတွက်
တိုက်ပွဲဝင်ရမယ် ။

နစ်နာသူတွေထဲမှာ ကျနော့်အမျိုးတွေမပါသလို - နောင်လာမဲ့
ရွေးကောက်ပွဲတွေအတွက် ကြိုတင်မဲဆွယ်နေတာလည်းမဟုတ်ဘူး( အဲသလိုအထင်ခံရပြီး
လှုပ်ရှားမှုရဲ့ တန်ဖိုး ကျမှာစိုးလို့ ကျနော်သစ္စာဆိုတယ် ။

နောင်အစဉ်အဆက် နေမျိုးဝေ မည်သည့်ရွေးကောက်ပွဲမှ မ၀င်ပါ ။

ဤစာကို အားလုံးမှတ်တမ်းတင်ပေးကြပါ )
ဒီနေ့ ( ၂၈ . ၁. ၂၀၁၂ ) ညနေ ၅း၃၀ ) မှာ ရွှေနံ့သာ
အုပ်ချုပ်ရေးမှူးနဲ့တွေ့ဆုံခဲ့
ပါတယ် စာနဲ့ ဗီဒီယို အခွေပေးခဲ့ပါတယ် ။
ရပ်ကွက်အုပ်ချုပ်ရေးမှူးအနေနဲ့ တည်ဆဲ ၁၉၅၃ ခု နှစ်
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး

ဥပဒေကို မသိပါ ။ ၁၉၆၃ ခု နှစ် သီးစားချထားရေးဥပဒေပါ လုပ်ပိုင်ခွင့်ကို
မသိပါ ။ သူ လုံးဝဆုံးဖြတ်ခွင့်မရှိကြောင်း ပြောပါတယ် -

ဒီနေ့ ည ၇ နာ၇ီခန့်မှာဘဲ ရွာသား ၃၀ လောက်နဲ့ ဇေကမ္ဘာ မန်နေဂျာ
ဦးမြင့်ဇော်ကို သွားတွေ့ပါတယ် ။

ကန်သင်းတွေ မြေတူးစက်နဲ့ မထိုးဖို့ ညှိကြည့်ပါတယ် ( နေ့လည် ကတည်းက အခုထိ
ဆက်တိုက် ဘူဒိုဇာနဲ့ထိုးနေပါတယ် ) ။ လုံးဝ အဆင်မပြေခဲ့ပါဘူး
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်မှုနဲ့ ကန်သင်းတွေကို
ထိုးနေတယ်လို့ဖြေပါတယ် ။

ကျနော်တို့ ကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲဖို့ ဆုံးဖြတ် လိုက်ပါပြီ ။

 
နေမျိုးဝေ
ရွှေနံသာလယ်သမားများ အခက်တွေ့နေ ဦးခင်ရွှေ ဇေကမ္ဘာကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲ ရွှေနံသာလယ်သမားများ အခက်တွေ့နေ ဦးခင်ရွှေ ဇေကမ္ဘာကုမ္ပဏီနဲ့ ဥက္ကဌဟောင်း ကို တရားစွဲ Reviewed by သစ်ထူးလွင် on 23:46 Rating: 5

5 comments:

salai said...

sayar yay cya tar cya...arr pay tae

Anonymous said...

လယ်သမားတွေ အောင်မြင်ပါစေ

Unknown said...

God bless native farmers,,,,
kep going!!!

aung san lin said...

လယ်မားတွေအောင်မြင်ပါစေ...တိုင်ကြားအရေးယူသင့်ပါတယ်.....

aung san lin said...

ဇေကမ္ဘာ ရေ မင်းတို့စားနေတာ မြေကြီးမဟုတ်ဘူးနော် ဆန်တွေဆိုတာ နားလည်ပါ... ဆန်ဆိုတာကလဲ လယ်သမားတွေရှိမှရတာဆိုတာကော စာသင်ခဲ့ရမှာပါနော်...ခင်ဗျားလုပ်နေတာဟာ မြန်မာနိုင်ငံသား အားလုံးအတွက် ထိခိုက်မှု့များမယ်ဆိုတာကော အသိဥာဏ်လေးနဲ့ ကြည့်လို့ရမလား....အမြင်ကြည်လင်ပြီး အများအတွက်ကြည့်မှာလား ငရဲမင်းဆီကိုပဲ ဦးခိုက်မှာလား.....

Powered by Blogger.