"ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" အလုပ်ရုံဆွေးနွေးပွဲ



ဦးတင့်ဆွေ စာတန်းဖတ်ကြားနေစဉ်
"ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" အလုပ်ရုံဆွေးနွေးပွဲကို ဇန်န၀ါရီ(၃၀)ရက် နံနက် ကိုးနာရီက ရန်ကုန်မြို့ အင်းလျားကန်ဟိုတယ်တွင်ကျင်းပသည်

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော် သမတ အကြံပေးအဖွဲ့ဝင်များ၊ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာပညာရှင်များ၊ ပြည်တွင်းမှပညာရှင်များနှင့် ပြည်တွင်းပြည်ပ မီဒီယာများတက်ရောက်ကြသည်။

ဆွေးနွေးပွဲ ပထမပိုင်းတွင် မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်းမှ ပညာရှင်များက စာတန်းများဖတ်ကြားတင်ပြကြပြီးနောက် စာပေစိစစ်နှင့်မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေကလည်း "Current Policy on Drafting Media Law" အမည်ရှိ စာတန်းကိုဖတ်ကြားတင်ပြသည်။
ထိုစာတန်းဝယ် ယခု မူကြမ်းရေးဆွဲထားသော မြန်မာနိုင်ငံ မီဒီယာ ဥပဒေနှင့်ပတ်သက်၍ ထည့်သွင်းတင်ပြခဲ့သည်။ မီဒီယာဥပဒေကြမ်းကို နိုင်ငံတော် ရှေ့နေချုပ်ရုံးသို့တင်ပြထားကြောင်း၊ ထို့နောက် ပြည်ထောင်စုလွှတ်တော်သို့ဆက်လက်တင်ပြ၍ အတည်ပြုချက်ရယူရမည်ဖြစ်ကြောင်း ဦးတင့်ဆွေကပြောကြားခဲ့သည်။ မီဒီယာဥပဒေကြမ်းတွင်အခန်း(၁၀)ပါရှိရာ ယင်းတို့မှာ
အခန်း(၁) အဓိပ္ပါယ်ဖွင့်ဆိုချက်များ
အခန်း(၂) စာရေးသူများနှင့် စာနယ်ဇင်းဆရာများအတွက် ရပိုင်ခွင့်များ၊ တာဝန်များ နှင့် ကျင့်ဝတ်များ
အခန်း(၃) စာအုပ်စာနယ်ဇင်း ထုတ်ဝေခြင်းဆိုင်ရာ အခြေခံစည်းမျဉ်းများ
အခန်း(၄) စာပေလွတ်လပ်ခွင့်နှင့် ကျင့်ဝတ်များအကောင်အထည်ဖေါ်ရေးအတွက် စာနယ်ဇင်းကော်မီတီ
အခန်း(၅) ပုံနှိပ်စက်များနှင့် ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ခြင်း
အခန်း(၆) သတင်းစာများ၊ စာနယ်ဇင်းများ၊ စာအုပ်စာတန်းများ ထုတ်ဝေခြင်း
အခန်း(၇) ပြဌာန်းချက်များနှင့် ဆန့်ကျင်ကွဲလွဲခြင်းများ
အခန်း(၈) ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်း
အခန်း(၉) ပြစ်ဒဏ်များ
အခန်း(၁၀) အထွေထွေ ပြဌာန်းချက်များ
ဟူ၍ အကြမ်းဖျင်းပါရှိကြောင်းသိရသည်။

အလုပ်ရုံ ဆွေးနွေးပွဲဒုတိယနေ့ကို (၃၁)ရက်နေ့တွင် ဆက်လက်ပြုလုပ်မည်ဖြစ်သည်။
ပေါ်ပျူလာဂျာနယ်
"ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" အလုပ်ရုံဆွေးနွေးပွဲ "ဒီမိုကရေစီလူ့အဖွဲ့အစည်းတစ်ခုအတွင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု" အလုပ်ရုံဆွေးနွေးပွဲ Reviewed by သစ်ထူးလွင် on 17:20 Rating: 5

No comments:

Powered by Blogger.