ညအချိန် ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံမှုကို စိစစ်မှုများပြုလုပ်ကာ အရေးယူဆောင်ရွက်သွားမည်

ရန်ကုန်မြို့တွင်း နေ့စဉ်ပြေးဆွဲ လျက်ရှိတဲ့ ခရီးသည်တင် ယာဉ်လိုင်းအချို့ဟာ ညအချိန်တွေမှာ ယာဉ်စီး ခ ပိုမိုကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။ ဒီလို ခရီးသည်တင် ယာဉ်လိုင်းများ ညအချိန်မှာ ယာဉ်စီးခ ပိုမိုကောက်ခံခြင်းမရှိစေဖို့အတွက် သက်ဆိုင်ရာယာဉ်လိုင်း တာဝန်ရှိသူများ၊ ယာဉ်ပိုင်ရှင်များ နဲ့တကွ မထသ(ဗဟို)မှ စိစစ်မှုများပြုလုပ်ကာ အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြို့တွင်းမှာ ပြေးဆွဲလျက်ရှိတဲ့ ယာဉ်လိုင်းပေါင်း ၁၇လိုင်းဟာ ယာဉ်လိုင်းပြေးဆွဲရာ လမ်းကြောင်းများ အနည်းငယ်ကွာခြားမှု ရှိနေ  တာကြောင့် ဂိတ်ဖွင့်ချိန်၊ ဂိတ်သိမ်းချိန်များဟာ အနည်းငယ် ကွာဟလျက်ရှိပါတယ်။ ဒီလိုဂိတ်ဖွင့်ချိန်၊ ဂိတ်သိမ်းချိန်ကွာဟ မှုများဟာ သက် ဆိုင်ရာ ယာဉ်လိုင်းအလိုက် သတ်မှတ်ထားတဲ့ စည်းကမ်းချက်တစ်ခု ဖြစ်ပါတယ်။

ဒီလို စည်းကမ်းချက်တွေ သတ်မှတ်ထားေ ပမယ့်လည်း တာဝန် ရှိသူတွေ စစ်ဆေးမှုနည်းတဲ့ ညပိုင်းအချိန်တွေမှာတော့ ယာဉ် လုပ်သားတွေ ဟာ သတ်မှတ်ထားတဲ့ ယာဉ်စီးခထက် ခရီးသည်တွေဆီမှ ပိုမိုကောက်ခံ လျက်ရှိပါတယ်။ အဲ့ဒီလို ခရီးသည်တွေဆီက ယာဉ်စီးခ ပိုမိုေ ကာက်ခံပြီး ယာဉ်ပိုင်ရှင် ကို ငွေပြန်အပ်တဲ့ အခါမှာတော့ ယာဉ်ပိုင်ရှင်နဲ့ သဘောတူထား တဲ့ ငွေကြေးပမာဏ အတိုင်းသာ ပြန်အပ်ကြ တယ်လို့ သိရပါတယ်။

အဆိုပါ ယာဉ်စီးခ ပိုမိုကောက်ခံမှုများဟာ ညနေ ၆နာရီဝန်းကျင်ခန့်နဲ့ ညအချိန်များမှာ ပိုမိုဖြစ်ပွားလျက်ရှိ တာကြောင့် အဆိုပါ ကိစ္စရပ်များ ကို ပပျောက်ဖို့အတွက် သက်ဆိုင်ရာတာဝန်ရှိ သူများက စိစစ်ကာ အရေးယူဆောင်ရွက်နိုင်အောင် ပြုလုပ် သွားမယ်လို့ သတင်းရရှိပါတယ်။
MRTV-4
ညအချိန် ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံမှုကို စိစစ်မှုများပြုလုပ်ကာ အရေးယူဆောင်ရွက်သွားမည် ညအချိန် ခရီးသည်တင် ယာဉ်လိုင်းများ ယာဉ်စီးခပိုမိုကောက်ခံမှုကို စိစစ်မှုများပြုလုပ်ကာ အရေးယူဆောင်ရွက်သွားမည် Reviewed by သစ်ထူးလွင် on 06:38 Rating: 5

5 comments:

Anonymous said...

Please take action for that happening as fast as possible. But, need to be followed up timely.

tharnyi said...

ခရီးသည် တွေကို..ယာဉ်စီးခပိုမိုကောက်ခံ.တာကို.တားစိးပေးတာနဲ့ အတူ
သတ်မှတ်ခရီးသည် ပိုတင်တဲ့ ကိစ္စ..သတ်မှတ်မိုင်နှုန်းထက်ပိုမောင်းတဲ့ ကိစ္စ.
ဂိတ်စ..ဂိတ်ဆုံး မမောင်းဘဲ..နောက်ကြောင်းပြန်လှည့်ပြီး.နောက်တစ်ခေါက်
ပြန်မောင်းတဲ့ ကိစ္စ.တွေကို.အဲ့လို.ခရိးသည်များများရတဲ့ ညနေစောင်းအချိန်
တွေဆို..ကားပြတ်တယ်..ဆိုပြီး..ခရီးသည်တွေကို နောက်ကားပေါ်ပြောင်းတင်ပေးပြီး..သူတို့ ကားကိုနောက်တစ်ခေါ်က်ပြန်ဆွဲ..တာတွေပေါ့..အဲ့ဒါလေးတွေကိုပါ.ပြုလုပ်ပေးရင်..ပိုကောင်းမယ်လို့ .အများစုက ဘတ်ကားကို.အသုံပြုနေကြတဲ့ သူတွေဖြစ်နေလို့ .အလုပ်သွားအလုပ်ပြန်စိတ်ချမ်းသာစေချင်လို့ ပါ..အလုပ်မှာစိတ်ပင်ပန်းတာတစ်ကြောင်း.ကားမရ
လို့ ..ကားကြပ်လို့ ..ကားခပိုတောင်းလို့ ..ကားက ဂိတ်ဆုံးထိမမောင်းလို့ 
စတာလေးတွေ..ပြေလျှော့သွားရင်..ပိုပြီး..စိတ်သက်သာရာရစေချင်လို့ ပါ.။စင်ကာပူလိုနိုင်ငံမျိုးမှာတော့.ခရီးသည်ခုံပြည့်ရင်...လုံးဝကို..မတင်
တော့ဘူးလို့ ကြားဖူးလို့ ပါ..ပြီးတော့ကားမှတ်တိုင်တွေမှာ.အချိန်ဇယားလေးတွေရေးထားတယ်..ကားနံပါတ်ဘယ်လောက်က..ဘယ်အချိန်တွေဆို
ရောက်တယ်..ဆိုတာမျိုး..ပေါ့..တိကျတာ..စိတ်ချမ်းသာရတာပေါ့..
အဲ့လောက်တော့မမျော်လင့်သေးပါဘူး...ရသလောက်လေးကောင်းအောင်
လုပ်ပေးစေချင်တာပါ..

စနေမောင် said...

ဒီလိုသတင်းမျိုးကြားရတာ ပြည်သူတစ်ယောက်အနေနဲ့ တော်တော်လေးဝမ်းသာ ပါတယ်။ ကျွန်တော်တို့ လူထုတွေကလည်း ဒါကိုသိသိနဲ့အကောင်အ ထည်ဖာ် လိုက်နာပေးဖို့လိုမယ် လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထက်ကဘယ်လောက်ဘဲ ချမှတ်ချမှတ် ပြည်သူတွေက အင်တိုက်အားတိုက် ပါဝင်လာမှုမရှိရင် ထင်သလောက် ထိရောက်မှာ မဟုတ်ဘူး။

စနေမောင် said...

ဒီလိုသတင်းလေးကြားရတာ တော်တော်ဝမ်းသာပါတယ်။ ဒါက ဖြစ်သင့်တဲ့အရာ တစ်ခုပါ။ တနေ့တနေ့ ခရီးသွားပြည်သူတွေ ထမင်းစားမယ့်ထဲက ကားခအတွက် မဖြစ်မနေသုံးလိုက်ရတာ မနည်းတော့ ဘူးလေ။ လစာကနည်းနည်းလေးဘဲရတဲ့အထဲ ကားခက ပိုပေးနေရတော့ မငတ်ရုံတမယ် ကိုယ့်ဝမ်းစာကိုယ်ရုန်းနေရတာ ရန်ကုန်မှာနေတဲ့သူတွေအားလုံး အသိပါ။ အဲလိုလေး လုပ်ပေးတော့ ကားစီးပျော်သွားတာပေါ့..

Anonymous said...

အ၇င်ကလို တလ လောက် အေ၇းယူလိုက် နောက် ထုံးစံ အတိုင်းဖြစ်လိုက် ။ အဲလိုတော့ မလုပ်ကြပါနဲ့တော့ မထသ(ဗဟို)ေ၇

Powered by Blogger.