မဟန ဘယ်လဲ ဘာလဲ


 (ရုပ်/သံ) 
ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ ဘုန်းကြီးအတု " 

စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းရဲ့  ခေါင်းဆောင် ဗုဒ္ဓသာသနာကို ဖျက်ဆီးနေတဲ့ ဘုန်းကြီး တစ်ဦး ကရင်ပြည်နယ် ဖားအံမြို့ မှာ ၁၈/၁၁/၂၀၁၀ ကနေ ၇/၁၂/၂၀၁၀ အထိ ဇွဲကပင်ခန်းမ မှာ စည်းရုံးသိမ်းသွင်းခြင်များဖြစ်ခဲ့ပါတယ်။

ဘုန်းကြီးက စိတ်ဓါတ်မြှင့်တင်ရေး သင်တန်းသားဦးရေ တိုးပွါးရေးအတွက် လူ တစ်ယောက်ကနေ ၅ ယောက် စည်းရုံးပေးကြဖို့ စည်းရုံးသိမ်းသွင်း ပြောကြားခဲ့တာပါ။ ဟောကြားချက်တွေထဲမှာတော့ သာဓုမခေါ်နဲ့ ဘုန်းဘုန်းက လက်ခုပ်တီးတာပဲ ကြိုက်တယ်တဲ့။ သင်တန်းသားတွေကို အဆိပ်ထုတ်တဲ့ အနေနဲ့ တရုတ်သီချင်းဖွင့်ပြီး ကခိုင်းတယ်။ အဲဒီအချိန်က သင်တန်းသားတွေ စစ်တပ်၊ ဌာနဆိုင်ရာ နဲ့ ကြံ့ ဖွံ့ လူကြီးတွေပါပါတယ်။ သူတို့လည်း လိုက်ကကြတယ်။ 

အဲဒီနောက်--- No.1 စိတ်ဓာတ်မြှင့်တင်ရေးသင်တန်းခေါင်းဆောင် (သို့ မဟုတ်) ဗုဒ္ဓသာသနာတော်အတွက်အဆိပ်ထုပ်ကြီး ခမျာ မြန်မာနိုင်ငံမှာ သာသနာရေးဌာနက အရေးယူတဲ့အခါမှာ "စီးပွားရေး ပိတ်ဆို့ တာ တို့မမှုပါ" သီချင်းစာသား အလိုက်ကလေး" သာသနာရေးက ပိတ်ဆို့ တာ ဘုန်းဘုန်းတို့  မမှုပါ"ဟု ဟစ်ကြွေးကာ ၀ိုင်းတော်သူ၊ ၀ိုင်းတော် သားများနှင့် အတူ မလေးရှားနိုင်ငံသို့ သင်တန်း ဖွင့်လှစ်ရန် ရှိလာပြန်ပါတယ်။ မြန်မာနိုင်ငံတ၀ှမ်း မည်သည့်နေရာ၌မဆို ရဟန်းတပါး အနေဖြင့် လူမှု ဆက်ဆံရေးနှင့်အောင်မြင်မှုနည်းပညာသင်တန်းနှင့်အလားတူသင်တန်းများကို သင်ကြားပို့ ချခြင်းမပြုလုပ်တော့ပါ၊ သင်တန်းနှင့်သက်ဆိုင်သည့် စာအုပ်စာတမ်း၊ လက်ကမ်းစာစောင်များနှင့် စီဒီများကိုလည်း ဖြန့်ဝေခြင်းမပြုတော့ပါကြောင်း မြန်မာနိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ရှေ့မှောက်တွင် သင်တန်းနည်းပြကြီး ကိုယ်တိုင် ၀န်ခံကတိပြု လက်မှတ် ရေးထိုးပြီး နောက် ၃ လအကြာ "တတ်သည့်ပညာ မနေသာ"၍ မလေးရှားမှာ သင်တန်းပေးဖို့ ရောက်လာတာဖြစ်ပါတယ်။ 

ဒီလိုအပြောအဆိုတွေဟာ မဟန ကို ဂရုမစိုက်ဘူးလို့ ဆိုတာပါ။ ဒီဘုန်းကြီးကို ဒုဗ္ဗစ ပုဂ္ဂိုလ်(ဆိုဆုံးမလို့ မရတဲ့ပုဂ္ဂိုလ် )လို့ မဟန က မသတ်မှတ်ခဲ့ပါဘူး။ အဓမ္မသင်္ကန်းချွတ်ဖို့ လည်း မကြိုးစားခဲ့ပါဘူး။ မဟန ဘာလဲဆိုတာသိရှိအောင် လွန်ခဲ့တနှစ်ကျော်က ဗွီဒီယို ကိုပြန်လည်တင်ပြလိုက်ပါတယ်။

By: သစ်ထူးလွင်
မဟန ဘယ်လဲ ဘာလဲ မဟန ဘယ်လဲ ဘာလဲ Reviewed by သစ်ထူးလွင် on 11:59 Rating: 5

7 comments:

Anonymous said...

လိုက်က တဲ့သူတွေကိုအံ့သြမိတယ် ။ ဦးနှောက်မ၇ှိဘူးလား။ ဦးနှောက်မသုံးတတ်ကြတော့ဘူးလား၊

pknai9c said...

ကောင်းပါတယ် ဟာသဇါတ်လမ်းလေးက ရယ်ရသားပဲ...ဒါပေမယ့် ပြီးအောင်တော့ မကြည့်ဖြစ်ဘူး...ကိုယ့်  ကွန်ပျူတာကိုယ် ရိုက်ခွဲမိမှာ စိုးလို့ ...အရူးတွေ

burma said...

ဒီလိုအမျိုးယုတ် ဘုန်းကြီး အတုတွေရှိနေလို့...တို့ဗမာပြည်ဒီလိုဖြစ်နေတာ...လူတွေလည်းအံ့ဩမိတယ်...ပေါက်ကရတွေလုပ်နေတာကို အကောင်းထင်နေကြတယ်......သောက်ရူးတွေ......ရူးလိုက်တဲ့လူတွေ.......အရူးတွေ...အပေါတွေ....

Unknown said...

အဲဒါ ကြံ့ဖွတ် တပ်မတော်ကျော်ထောက်နောက်ခံ ဘုန်းကြီးလေ။

အနှစ်ရှာဖွေခြင်း said...

အသ​ရေဖျက်ချင်တဲ့တခြားဘာသာဝင်ကဘုန်းကြီးအ​ယောင်​ဆောင်ြပီးစည်းရုံးတာဖြစ်ပါလိမ့်မယ် လူ​တွေထွက်​ပေါက်ရချင်တာ​တော့​သေချာတယ် ဒီလိုပွဲမျိုးကိုစင်ကာပူမှာsat/sunday မှာလူစုပီးဝိုင်းဖွဲ့ကကြပါတယ် ကောင်းပါတယ် ဒါ​ပေမဲ့ ဘုန်းကြီးနဲ့ လားလားမှမဆိုင်တဲ့အလုပ်ပါ သက်သက်ဘာသာဝင်
တွေတမင်ကြံစည်ဖျက်ဆီးချင်တဲ့သ​ဘောရှိပါတယ်

minkha said...

အမျိုးဘာသာ၊ သာသနာကိုဖြတ်စီးနေတဲ့ အမျိုးယုတ်ကောင်၊မင်းလိုကောင်မျိုးကိုငါဆဲလို့ ငရဲကျချင်ကျပါစေ.ခွေမသား ငါတို့ ဘာသာကိုမဆော်ကားနဲ့  ငါအခုလက်မလေးရှားမှာရှိတယ်. မင်းနောက်လိုက်ခွေးတွေပါခေါ်လာခဲ့ မင်းတို့ သင်တန်းဖွင့်ရဲ ရင်ဖွင့်ကြည့် .ဇွဲကပင်ခန်းမှာလုပ်တဲ့ဒီခွေးဇာတ်ကိုရော ဘာလို့ အစိုးရဌာနတွေကခွင့်ပြုတာလဲ.နောက်ကလိုက်ကနေတဲ့ သေခါနီး မိန်းမအိုတွေကရောဘာသာတရားဆိုတာနားမလည်တော့ဘူးလား.ဒီလိုအမျိုးယုတ်ခွေမသားနဲ့ နောက်လိုက်တွေကို အမြန်ဖေါ်ထုတ်သင့်တယ်.တွေ့ရင်သတ်သင့်တယ်.ဘာသာရေးပုဒ်မတွေနဲ့ အရေးယူသင့်တယ်.ဗုဒ္ဒဘာသာဆိုတာဘယ်ဘာသာကိုမှမမြူဆွယ်ဘူးကွ .ယုံကြည်ရင်ကိုးကွယ်ကြ.ဘာမှငါတို့ ဘာသာကိုဆော်ကားပြီး အသရေဖျက်စရာမလိုဘူး.ဘာသာမရှိတရားမရှိတဲ့အမျိုးယုတ်ကောင်.မင်းနဲ့ သင်္ကန်းနဲ့ ဘယ်လိုတွဲကြည့်လို့ မရဘူး ငါထင်တာတော့မင်းက ဗုဒ္ဓဘာသာတော့မဖြစ်နိုင်ဘူး.ဒါဘဲကွာငါမလေးရှားမှာရှိတယ် မင်းတို့ ခွေးသားတအုပ်လုံးလာလဲသောက်ဂရုမစိုက်ဘူးအမျိုးပါဖြုတ်ပစ်မယ်.ငါမဆဲလိုက်ချင်ဘူးကွာ.တော်တော်ဒေါသထွက်နေပြီ.ဒါဘဲ

ကိုနေ said...

အမျိုးဘာသာ သာသနာ အတွက် ရင်လေး မိပါတယ်။ လူငယ်တွေ စာပေ များများဖတ်ဖို့ လိုပါတယ်။ ကို minkha ရေ ခင်ဗျား ဒေါသကို လက်ခံပါတယ်။ သံဃာ မဟာ နာယက ဆရာတော် များ ဘုရား နိုင်ငံရေး လုပ်တဲ့ ဘုန်းကြီးတွေကို ချည်း မမဲနေပါနဲ့။ အမှန် ပြုပြင်ရမယ့် အရာတွေကို မျက်စိမှိတ်ပြီး အထက်က (သာသနာရေးဦးစီးကတဆင့်) ညွှန်ကြားတာကိုပဲ အာရုံစိုက်မနေပါနဲ့ဘုရား။ သာသနာ အတွက် တကယ် ပြု ပြင်ချင်တယ်ဆိုရင် အရှင်ဇနကာဘိဝံသ ရဲ့ အနာဂါတ်သာသနာအရေး စာအုပ် တအုပ်လောက်ကိုင်ပြီး ပြုပြင်မယ်ဆိုရင် ဖြစ်ပါတယ်။ ဘုရားရဲ့ သားတော်တွေ ဖြစ်တာမို့ ဘုရား မျက်နှာကို ပဲကြည့်ပါဘုရား။ တပြည့်တော် လျှောက်တာရဲတင်းလွန်းသွားရင် အခွင့်ပြုတော်မှုပါဘုရား။

Powered by Blogger.